ITZY ရဲ့ Yuna ပြောပြတဲ့ Jungkook (BTS) နဲ့ရိုက်ကူးရေးလုပ်ခဲ့ရတဲ့ အတွေ့အကြုံ

JYP ရဲ့ အငယ်ဆုံးမိန်းကလေးအဖွဲ့ဖြစ်တဲ့ ITZY ဟာ အောင်မြင်မှုတွေအများကြီးရရှိထားပြီး အဖွဲ့ဝင်မိန်းကလေးနှစ်ယောက်ကတော့ ပွဲဦးထွက်မတိုင်ခင်ကတည်းက BTS ရဲ့ Highlight Reel မှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ပရိတ်သတ်တွေသတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က Yuna နဲ့ Ryujin ဟာ live လွှင့်ပြီး ပရိတ်သတ်တွေနဲ့ စကားပြောနေရာက သူတို့ရဲ့ပထမဆုံး သရုပ်ဆောင်အတွေ့အကြုံဖြစ်တဲ့ Highlight Reel မှာပါဝင်ခဲ့တဲ့ အမှတ်တရတွေကို ပြန်ပြောပြလာခဲ့ပါတယ်။ Yuna ကတော့ သူ့ရဲ့ကာရိုက်တာနဲ့ ပတ်သတ်ပြီးအဆင်မပြေဖြစ်ခဲ့ရပုံကို ဟာသမြောက်စွာ ပြန်ပြောပြခဲ့တာပါ။

“အခြားမိန်းကလေးတွေကတော့ နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ လှလှလေးပြင်ဆင်ပြီး ကင်မရာပေါ်မှာ အဆင်ပြေတယ်လေ။ ကျွန်မကျတော့မှ လူနာနေရာမှာ သရုပ်ဆောင်ရတော့ နှုတ်ခမ်းနီတောင်မဆိုးရပဲ မိက်ကပ်တွေကို နှုတ်ခမ်းပေါ်လိမ်းရတယ်။ ပြီးတော့ ကျွန်မကရယ်ရင်လှတဲ့အထဲပါတယ်။ နေမကောင်းဖြစ်နေတဲ့ လူနာဆိုတော့ ပြုံးလို့ရယ်လို့လဲမရ” လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့တာပါ။

ပြီးတော့ Jungkook နဲ့သရုပ်ဆောင်ရတဲ့ အခန်းနဲ့ပတ်သတ်ပြီးတော့လဲ “အမှန်တော့ ကျွန်မကစီနီယာကို ‘သတိထား အန္တရာယ်များတယ်’ လို့ အော်ပြီး သတိပေးရတဲ့ အခန်းပါတယ်။ ဒါပေမယ့် ပထမဆုံးလူတွေအများကြီးရှေ့မှာ သရုပ်ဆောင်ရတာဆိုတော့ အသံကကိုးရိုးကားယားပဲ ထွက်လာတယ်။ အဲ့ဒါနဲ့ ဒါရိုက်တာတွေလဲ လက်လျှော့ပြီး လက်ပဲမြောက်ပြလိုက်တော့ဆိုတာနဲ့ ကျွန်မ ဒိုင်ယာလော့ဂ်မရှိတော့ဘူး” လို့ သူ့ရဲ့ရယ်ရခက် ငိုရခက်အဖြစ်ကို ပြောပြခဲ့ပါတယ်။

Yuna အနေနဲ့ ဇာတ်လမ်းအဆုံးသတ်ကို မသိရလို့ final အပိုင်းကို ကြည့်တဲ့အခါမှသာ final မှာသူမပါတော့ပဲ ပန်းလေးတစ်ပွင့် သူ့နေရာမှာပါလာခဲ့လို့ “အော် ငါပန်းလေးဖြစ်သွားတာပါလား” လို့ သိခဲ့ရတာပါတဲ့။ အဲ့ဒီတုန်းက ၂၀၁၇ ခုနှစ်မို့ Yuna ကတော့ အသက်ဆယ့်လေးနှစ်ပဲ ရှိပါသေးတယ်။

source : koreaboo

Share