ကိုရီးယားမင်းသားတစ်ဦးအနေနဲ့ Youtube မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ Park Seo Joon

မင်းသား Park Seo Joon ကတော့ ကိုရီးယားအနုပညာလောကအတွက် နောက်ထပ်မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ပါပြီ။ ဒါကတော့ ကိုရီးယားမင်းသားတွေရဲ့ youtube channel တွေထဲမှာ gold play button ကို ပထမဆုံးရရှိခဲ့တာကြောင့်ပါ။

Park Seo Joon ဟာ သူ့ရဲ့ကိုယ်ပိုင် youtube channel ဖြစ်တဲ့ Records Park ကို မနှစ်က ဂျူလိုင်လကမှ စတင်ခဲ့တာဖြစ်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ subscriber တစ်သန်းကျော်သွားလို့ Gold Button ကိုရရှိခဲ့တာပါ။

Youtube Channel မှာတော့ သူ့ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေနဲ့ ပတ်သတ်တဲ့ video အတိုအထွာလေးတွေ vlog လေးတွေ တင်ပေးလေ့ရှိပြီး Gold Button ရတဲ့ အထိမ်းအမှတ်အနေနဲ့လဲ “ကျွန်တော်ကဘာမှအပင်ပန်းခံခဲ့ရတာမရှိပါဘူး ကျွန်တော့်အတွက် video တွေ edit ပေးပြီး အလုပ်ကြိုးစားပေးတဲ့ ဝန်ထမ်းတွေ ပြီးတော့ ကျွန်တော့်ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်တစားကြည့်ရှုပေးကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

Park Seo Joon ကို ချစ်တဲ့ပရိတ်သတ်တွေလဲ သူ့ရဲ့အောင်မြင်မှုကို ဂုဏ်ယူနေကြမယ်လို့ထင်ပါတယ်။ သူ့ရဲ့ Youtube Channel လေးကို subscribe မလုပ်ရသေးရင်လဲ ကိုယ်ချစ်တဲ့မင်းသား နောက်ထပ် မှတ်တိုင်သစ်တွေစိုက်ထူနိုင်ဖို့ အမြန်ဆုံး subscribe လုပ်လိုက်ကြပါဦးနော်။

source: soompi

Share