Song Seung Heon နှင့် Liu Yifei တို့ပြန်တွဲနေတယ်လို့ သတင်းများထွက်လာပီးနောက် ဖြစ်လာသည့်နောက်ဆက်တွဲ ပြသနာ

တောင်ကိုရီးယား သရုပ်ဆောင် Song Seung Heon နှင့် Liu Yefei တို့ဟာ ချစ်သူအဖြစ်မှ ပြတ်ဆဲခဲ့တာဟာ ယခုဆိုလျှင် ၂နှစ်ရှိခဲ့ပါပီ။သိုေ့သာ် သူတို့နှစ်ဦးအား ပြန်လည်အဆင်ပြေစေချင်သည့် ပရိတ်သတ်များကတော့ ယခုထိရှိနေသေးပါတယ်။

ဧပြီလ ၂၄ရက်နေ့တွင် မင်းသမီး Liu Yifei ဟာ သူမတတ်နေတဲ့ online yoga class ကို weibo တွင်ပုံတင်ခဲ့ပါတယ်။ ထိုpost ကို like ခဲ့သူပေါင်း ၄ဝဝ,၀၀၀ ခန့်ရှိပီး ထိုအထဲတွင် Song Seung Heon ပါဝင်ခဲ့ပါတယ်။ ထို့ကြောင်ပရိတ်သတ်များကလည်း သူတို့နှစ်ဦး ပြန်တွဲနေပီလို့ ထင်ခဲ့ကြပါတယ်။

ထိုသတင်းဟာ internet သုံးသူများကြား ပျံနှံ့သွားခဲ့ပီး မင်းသား၊ မင်းသမီးတို့၏ အေဂျင်စီများက တရားဝင်သတင်း ထုတ်ပြန်ရသည့် အဆင့်ထိ ဖြစ်သွားခဲ့ပါတယ်။ Song Seung Heon ၏ အေဂျင်စီကတော့ သူတို့နစ်ဦးဟာ ပြန်တွဲနေတာမဟုတ်ကြောင်း အတိအလင်း ပြောခဲ့ပါတယ်။

Like ပေးမိတာကလည်း ဝန်ထမ်းတစ်ဦးက ယခုလတ်တလောတွင် ထွက်ရှိမည့် Song Seung Heon ၏ ဇာတ်လမ်းတွဲအသစ်၏ poster ကိုတင်ရင်း မှားနှိပ်မိသွားတယ်လို့ ဆိုခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ဟာ သူတို့နှစ်ဦးကို ပြန်တွဲစေချင်သော ပရိတ်သတ်ကြီးအား ငြိမ်သွားအောင်လုပ်နိုင်ခဲ့ရုံမျှမက ဒေါသလည်း ထွက်စေခဲ့ပါတယ်။

အကြောင်းအရင်းကတော့ Song Seung Heon ဟာသူ၏ ဇာတ်လမ်းတွဲအသစ်ကို လူကြည့်များအောင်၊ပွဲဆူအောင် တမင်တကာ ရည်ရွယ်ချက်ဖြင့် လုပ်လိုက်သည်ဟု ထင်ကြပါတယ်။ ဒေါသဖြစ်နေတဲ့ ပရိတ်သတ်ကြီးအချို့ကတော့ ” သူဘာလို့ ဒီလိုလုပ်တာလဲဆိုတာ ငါတို့သိတာပေါ့။

ဇာတ်လမ်းတွဲကို အောင်မြင်စေချင်တာနဲ့ ဒီလိုလုပ်စရာလား။ အနည်းဆုံးတော့ ကိုယ်နဲ့တွဲခဲ့တဲ့ မိန်းကလေးအပေါ်လေးစားမှုရှိသင့်တယ်” လို့ ပေါက်ကွဲနေကြပါတယ်။ Liu Yifei နှင့် Song Seung Heonဟာ ၂၀၁၃ခုနှစ်တွင် ရိုက်ကူးခဲ့သော The Third way of love ဆိုသည့် ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ပါသည်။၂၀၁၅ခုနှစ်တွင်တော့ ချစ်သူတွေဖြစ်နေကြောင်း ဝန်ခံခဲ့ပီး ၂၀၁၈ခုနှစ်တွင်တော့ လမ်းခွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။

Source: TodayOnline

Share