၅၆ ကြိမ်မြောက် Grand Bell ဆုပေးပွဲမှ ဆုရရှိခဲ့သည့် အနုပညာရှင်များ

56th Grand bell awards ဟာ အကောင်းဆုံးရုပ်ရှင်များမှ သရုပ်ဆောင်များ၊ဒါရိုက်တာများကို ဆုပေးသည့်နာမည်ကြီး ပွဲတစ်ခုပင် ဖြစ်ပါတယ်။ Motion Pictures Association of korea မှဦးစီးကျင်းပသော ဆုပေးပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဆုပေးပွဲဟာ ကနဦးအစတွင် ဖေဖေါ်ဝါရီလတွင် ကျင်းပမည်ဟု စီစဉ်ထားသော်လည်း Covid-19 ကြောင့် ယခုဇွန်လ(၃)ရက်နေ့တွင် ရွေ့ဆိုင်း၍ ကျင်းပခဲ့ရတာပင် ဖြစ်ပါတယ်။ အဆိုပါဆုပေးပွဲကို Grand Walkerhill Seoul hotelတွင် ကျင်းပခဲ့ပီး Covid ကြောင့်မို့ ပရိတ်သတ်များမပါဘဲ ကျင်းပခဲ့ပါတယ်။

ဆုပေးပွဲသို့ နာမည်ကြီး မင်းသား၊မင်းသမီးများစွာ တက်ရောက်ခဲ့ပါတယ်။ MC များအဖြစ်တော့ Lee Hwi Jae နှင် Han Hye jin တို့မှ ဆောင်ရွက်ခဲ့ရပါတယ်။ ဆုရရှိသည်ရှပ်ရှင်များကတော့ Parasite, Ashfall, extreme Job, Tune in for love, Kim Ji Young: born 1982, After My death, House of Hummingbird, The battle: Roar to Victory, Savaha: The sixth Finger, Exit, The Great Battle စသည်တို့ပဲ ဖြစ်ပါတယ်။

နာမည်ကြီးအော်စကာဆုရ Parasite ရုပ်ရှင်ကားကတော့ ဆုပေါင်း ( ၅ )ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ပို့ မင်းသမီးဆု စသည့်ဆုကြီးများကို Parasite ကပဲ သိမ်းပိုက်သွားပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုတော့ Lee Byung Hyun မှ Ashfall ရုပ်ရှင်ကားဖြင့် ရရှိသွားခဲ့ပီး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ Jung Yu Mi မှရရှိခဲ့ပါတယ်။ တက်သစ်စ အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Tune in for love ဇာတ်ကားဖြင့် Jung Hae In မှ ရရှိသွားပါတယ်။

Source: Soompi

Share