K Drama တွေထဲမှာ တွေ့ရလေ့ရှိတဲ့ စုံတွဲအမျိုးအစားများ

အရမ်းရိုတဲ့ ကေဒရမ်မာတွေထဲမှာ အားကျစရာကောင်းတဲ့ စုံတွဲတွေအမြဲပါဝင်လေ့ရှိပါတယ်။ ဇာတ်လမ်းတွဲတွေထဲမှာ မြင်ရလေ့ရှိတဲ့ စုံတွဲအမျိုးအစားတွေကတော့…

၁။ အသက်အရွယ်ကွာတဲ့ စုံတွဲ
ကေဒရမ်မာတွေက ရိုက်ပြလိုက်ရင်တော့ဖြင့် သမီးနဲ့ဦး၊ မမနဲ့မောင်လေး အတွဲတွေဟာ တကယ်ကို အားကျစရာပါပဲ။ အသက်ကြီးတဲ့သူက ဂရုစိုက်ပေး အသက်ငယ်တဲ့လူက ချွဲနွဲ့ဂျီကျနဲ့ ကြည်နူးစရာကြီးပါ။ Pretty Noona Who Buys Me Food ထဲက အပျိုကြီးမမတို့စုံတွဲလိုပေါ့။

၂။ လူနဲ့ သာမာန်လူမဟုတ်တဲ့ စုံတွဲ
ကွာဟချက်တွေရှိနေတဲ့ ဖြစ်တည်မှုတွေကြားက ချစ်ခြင်းမေတ္တာကို ကြည့်ရင်းနဲ့လဲ ပရိတ်သတ်တွေ မျက်ရည်ကျဖူးကြမှာပါ။ My Love From Another Star ကဒိုမင်ဂျွန်းတို့စုံတွဲ Goblin ထဲက မှင်စာတို့စုံတွဲဆို ရင်နာရ ကြည်နူးရနဲ့ ရသမျိုးစုံပေးတဲ့အပြင် အားလဲကျရပါသေးတယ်။

၃။ ရန်ဖြစ်ရာက ချစ်သွားတဲ့စုံတွဲ
အစမှာတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာကြောမတည့် တွေ့တာနဲ့ရန်ဖြစ်နေကြပေမယ့် နောက်ပိုင်းကျမှ အရမ်းချစ်သွားတဲ့ အတွဲမျိုးတွေပေါ့။ Hotel Del Luna ထဲက ဂျန်မန်​ဝေါတို့အတွဲဆိုရင် စတွေ့တုန်းက တကျက်ကျက်ပေမယ့် ရိုတော့လဲသူတို့အပြင်မရှိပါဘူး။

၄။ သာမာန်ကောင်မလေးနဲ့ ပြည့်စုံတဲ့ကောင်လေး
ကေဒရမ်မာခေတ်ဦးကနေ ယနေ့တိုင် ပရိတ်သတ်တွေအတွက် စိတ်ကူးယဉ်ရလွန်းတဲ့ စုံတွဲတွေပါ။ Playful Kiss ထဲကလို အရမ်းကိုချောမောပြီး ငွေကြေးလဲပြည့်စုံ စာလဲတော်တဲ့ အေးတိအေးစက်မင်းသားက ရှပ်ပြာရှပ်ပြာနဲ့ သာမာန်ကောင်မလေးကို ချစ်မိသွားတဲ့ စုံတွဲမျိုးတွေပါ။

၅။ သဝန်တိုတတ်လွန်းတဲ့ စုံတွဲ
ချစ်သူကိုအမြဲသဝန်တိုပြီး သူများတွေမျက်စိလေးနဲ့စွေကြည့်တာတောင် မကြိုက်တဲ့အတွဲမျိုးပါ။ တစ်ယောက်ယောက်နဲ့ အတူရှိနေတာမြင်တိုင်း ကြိတ်မနိုင်ခဲမရ ဖြစ်တတ်တာမျိုးပေါ့။ ဥပမာဆိုရင်တော့ Legend of the Blue Sea ထဲက ဟောဂျွန်းဂျယ်လို WWWSK ထဲက ဒုဥက္ကဌ လိုပေါ့။

၆။ ပရိတ်သတ်ကို သိမ်ငယ်စေတဲ့ စုံတွဲ
အရမ်းရိုပြလွန်းလို့ ကြည့်ရှုသူတွေ မျက်ရည်တောက်တောက်ကျရမယ့် ဇာတ်ကောင်စုံတွဲတွေပါ။ ရုပ်ရှင်ကြည့်ရင်း ဒီလိုရည်းစားမျိုးမှမရရင် တစ်သက်လုံး single ပဲလုပ်တော့မယ်လို့ တွေးမိလောက်အောင် ချစ်တတ်ကြသူတွေပေ့ါ။ ဥပမာဆိုရရင်တော့ CLOY ထဲက ဗိုလ်ကြီးတို့အတွဲပေါ့လေ။

၇။ ငယ်ချစ်ဦးစုံတွဲ
အချစ်ကိုစတင်ခံစားတတ်ချိန်မှာ တွေ့ခဲ့ရပြီး အချိန်တွေကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် မမေ့ပဲ အသက်တွေကြီးလာမှ ပြန်ပေါင်းဖက်ကြတဲ့ စုံတွဲမျိုးတွေလဲ K drama တွေထဲမှာ တွေ့ရတတ်ပါတယ်။ Chocolate ဇာတ်လမ်းတွဲကတော့ ငယ်ချစ်ဦးပုံပြင်တွေအတွက် ဥပမာကောင်းပါ။

၈။ သူငယ်ချင်းစုံတွဲ
တစ်ယောက်နဲ့တစ်ယောက် မိန်းကလေးယောက်ျားလေးလို့တောင် မမြင်လောက်အောင် ရင်းနှီးလာကြပြီးတော့မှ အခြေအနေတစ်ခုကြောင့် ချစ်သူဖြစ်သွားကြတဲ့ စုံတွဲတွေပါ။ Fight For My Way ထဲက အယ်ရာနဲ့ ဒုံမန် တို့ကတော့ တကယ်ရယ်ရတဲ့ သူငယ်ချင်း စုံတွဲပါပဲ။

Myanmar Cele Bar ပရိတ်သတ်တွေရော ဇာတ်လမ်းတွဲတွေထဲမှာ အတွေ့များတဲ့ ဒီစုံတွဲတွေထဲက ဘယ်လိုစုံတွဲမျိုးကို ကြိုက်နှစ်သက်ပြီးအားကျလဲဆိုတာကို ပြောပြပေးသွားပါဦးနော်။

Written: Dar Dar

Share