Running Man အစီအစဉ်ဟာ သူမရဲ့ဘဝကို ပြောင်းလဲပေးခဲ့ကြောင်း ပြောဆိုလာသည့် Song Ji Hyo

Song Ji Hyo ဟာတောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး Variety Show တစ်ခုဖြစ်သော Running Man program ၏ ပင်တိုင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားနေသော မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ ၂၀၁ဝခုနှစ်တွင် Running Man စတင်ပေါ်ပေါက်လာကတည်းက ယနေ့အထိရှိနေခဲ့သော မိန်းကလေး member တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ဘဝအစိတ်အပိုင်းအချို့ကိုလည်း Running Man နှင့်အတူ ဖြတ်သန်းကုန်ဆုံး ခဲ့ပီးပါပီ။ Running Man အစီအစဉ်ဟာ သူမဘဝကို များစွာသက်ရောက်မှုရှိခဲ့ကြောင်းကိုလည်း မကြာသေးမီက ပြုလုပ်ခဲ့သော interview တစ်ခုတွင် ဖြေကြားခဲ့ပါတယ်။

ဇွန်လ၂ရက်နေ့တွင် ပြုလုပ်ခဲ့သော Song Ji Hyo ၏ အသစ်ထွက်ရှိမည့် ရုပ်ရှင် “Intruder”နှင့်ပက်သက်ပီး Interview တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဆိုပါ Interview တွင် Song Ji Hyo က “ပရိတ်သတ်တွေဟာ ကျွန်မနှင့် Running Man ကို အမြဲ အတူတွဲမြင်ကြပါတယ်။

Running Man အစီအစဉ်မှာ သွားလာလှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေဟာ ကျွန်မရဲ့ အပြင်ဘဝနှင့်ပါ ဆက်စပ်နေတယ်လို့လည်း သူတို့ထင်ကြပါတယ်။ ဒါကြောင့်မို့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ထိခိုက်လားဆိုတော့လည်း မဟုတ်ပါဘူး။

Running Man မတိုင်ခင်ကျွန်မရဲ့ စိတ်ရင်းနှင့်ပုံစံအမှန်ကို သိပ်သိတဲ့သူ မရှိလှပါဘူး။ ဘာကြောင့်ဆို ရှေ့ပိုင်းမှာ ကျွန်မသရုရပ်ဆောင်ခဲ့တဲ့ရုပ်ရှင်တွေက “Wishing Stairs”, “Some” စသည့် သရဲကား၊ စိတ္တဆန်ဆန်ရုပ်ရှင်များကြောင့်ပဲ ဖြစ်ပါတယ်”

ဆက်လက်ပီးတော့ Song Ji Hyo က ” Running Man ကြောင့်လည်း ကျွန်မဟာ ဘယ်လိုမင်းသမီး တစ်ဦးဖြစ်တယ်ဆိုတာကို ပရိတ်သတ်ကို ပြသနိုင်ခဲ့တဲ့ အခွင့်အရေးလည်း အများကြီးရခဲ့ပါတယ်။ တချို့လူတွေအတွက်တော့ ပင်ပန်းလှတယ်လို့ မြင်နိုင်ပင်မဲ့ အခုပိုင်ဆိုင်ထားတဲ့ အခြေအနေတစ်ခုပေါ် ကျွန်မကျေနပ်ပါတယ်။

ဇာတ်လမ်းတွဲပဲဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်၊ အခြား Variety show ပဲဖြစ်စေ ကျွန်မက ကျွန်မရဲ့ ကိုယ်ပိုင်ဟန်နှင့် ရိုးသားမှုကို အမြဲပေါ်လွင်အောင် ကြိုးစားခဲ့ပါတယ်။ သို့ပင်မဲ့ ကျွန်မက Running Man မှာဆိုရင်တော့ ကျွန်မရဲ့ပုံစံအစစ် ပိုပေါ်လေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Running Man show ဟာ ကျွန်မနှင့်လက်တွဲခဲ့တာလည်းကြာပီး ၊ ပါဝင်ကြတဲ့အဖွဲ့ဝင်တိုင်းကလည်း ကျွန်မရဲ့ မိသားစုဝင်များလို ဖြစ်နေကြလို့ပဲ ဖြစ်ပါတယ်။”

Running Man အစီအစဉ်ဟာဆိုလျှင် တောင်ကိုရီးယားနိုင်ငံ၏ သက်တမ်းရှည် Variety show တစ်ခုလည်းဖြစ်ပါတယ်။ အဖွဲ့ဝင်အချင်းချင်းလည်း မောင်နှမရင်းချာကဲ့သို့ စည်းလုံးကြပီး တစ်ဦးပေါ်တစ်ဦး ပြောမနာဆိုမနာ ဆက်ဆံရေးလည်း ရှိကြပါတယ်။

Song Ji Hyo နှင့်အဖွဲ့ဝင်များ၏ ဆက်ဆံရေးမှာလည်း ပြောစရာမလိုအောင်ရင်းနှီးကြပါတယ်။ Running Man ဟာ Song Ji Hyo အတွက်တော့ ဒုတိယအိမ်လို့ ပြောမည်ဆိုလျှင်လည်း မှားနိုင်မည်မဟုတ်ပါ။

Source: Soompi

Share