The world of the married ဇာတ်လမ်းတွဲဖြင့် Kim Hee Ae မှ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရှိ

The world of the married ဇာတ်လမ်းတွဲဟာ ယခုလတ်တလောတွင် ကြည့်ရှုသူအများဆုံးနှင့် ရေးပန်းအစားဆုံးဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်ပါသည်။ ယနေ့ ဇွန်လ ၅ရက်နေ့တွင် ကျင်းပသော ၅၆ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲတွင်တော့ The world of the married ဇာတ်လမ်းတွဲဟာ အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

Best Actress (TV) – Kim Hee Ae ဟာဘာလို့ ဒီဆုကို ရရှိခဲ့သလဲဆိုရင်တော့The World of the Married ဇာတ်လမ်းတွဲမှာ ခင်ပွန်းဖြစ်သူရဲ့ဖောက်ပြန်မှု လူရင်းတွေရဲ့နောက်ကျောဓားနဲ့ထိုးမှုကို ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သောကတွေကို သရုပ်ဖော်နိုင်ခဲ့ပြီး သားကိုချစ်တဲ့မိခင်ရဲ့အဖြစ်ကိုလဲ ပီပြင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်လွန်းပီး မိမိ၏ဇာတ်ရုပ်ကို ပရိတ်သတ်ထံကို အစွမ်းကုန်ကြိုစားကာ ပို့နိုင်ခဲ့ပါတယ်။

The world of the married ဇာတ်လမ်းတွဲဟာ ပရိတ်သတ်ရင်ထဲကို ရောက်အောင်ပို့နိုင်ခဲ့သော ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ထိုကဲ့သို့အောင်မြင်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာလည်း ပဲ့ကိုင်ရှင်ဖြစ်သော ဒါရိုက်တာ၏ အရည်အချင်းကြောင့်လည်း ဖြစ်ပါတယ်။ ထို့ကြောင့်လည်း Mo Won-Il မှ အကောင်းဆုံး ဒါရိုက်တာ (TV) ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဆုရရှိခဲ့သော လုပ်ဖော်ကိုင်ဖက်များအတွက် ဝမ်းသာပေးနေကြသော The world of the married အဖွဲ့သားများကိုလည်း တွေ့ရပါတယ်။ အောင်မြင်မှုနှင့် ထိုက်တန်သော ဆုကိုရရှိခဲ့သောကြောင့် The world of the married အဖွဲသားများနှင့် အတူထပ်တူ ဝမ်းမြောက်မိပါတယ်။

Written: Phoo & Dar

Share