Kpop လောကထဲက ပြောမနာဆိုမနာသူငယ်ချင်းအရင်းများ (အပိုင်း ၂)

အပြိုင်အဆိုင်တွေများတဲ့ kpop လောကကြီးမှာ မျိုးဆက်တစ်ခုတည်း ပွဲဦးထွက်လာတဲ့ idol တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုမရှိပဲ စိတ်ရင်းနဲ့ပေါင်းကြဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒီသူငယ်ချင်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မောင်နှမအရင်းလိုကို ခင်မင်ကြပါတယ်။

၁။ Winner’s Mino နဲ့ Block B’s P.O


Journey to the West အစီအစဉ်မှာတော​့ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကို လူတိုင်းတွေ့ကြမှာပါ။ အလယ်တန်းကျောင်းသားဘဝတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး rapper အိပ်မက်ကိုအတူတူမက်ကာ အခုလို နှစ်ယောက်လုံးထိပ်တန်း idol တွေဖြစ်လာတဲ့အထိ ပြောမနာဆိုမနာနဲ့ နှစ်ယောက်တွေ့တာနဲ့ကို ရယ်နေရတာပါ။

၂။ Red Velvet’s Yeri နဲ့ AKMU’s Suhyun


အသက်ငယ်ငယ်လေးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုကိုယ်စီရနေတဲ့ သက်တူရွယ်တူ အဆိုတော်မလေးနှစ်ယောက်ကလဲ သူငယ်ချင်းအရင်းတွေပါ။ မင်းသမီး Kim Sae Ron နဲ့လဲ သုံးယောက်သားအရမ်းခင်ပြီး အချိန်ရတိုင်း မုန့်အတူတူစား စျေးဝယ်အတူတူထွက်ကြပါတယ်။

၃။ BLACKPINK’s Lisa နဲ့ GOT7’s Bam Bam


​ကိုရီးယားကိုမရောက်လာခင် ကလေးဘဝတည်းက ထိုင်းနိုင်ငံမှာ အကအဖွဲ့တစ်ခုမှာပါဝင်ရင်း ရင်းနှီးခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ သူငယ်ချင်းနှစ်ယောက်လုံး ကလေးအရွယ်မှာတင် အိပ်မက်အတွက် ကိုရီးယားကိုပြောင်းလာကြပြီး အခုဆိုနှစ်ယောက်လုံး လျှမ်းလျှမ်းတောက်အောင်မြင်နေပါပြီ။

၄။ Twice’s Sana နဲ့ WJSN’s Yeonjung


သူတို့တွေ ဘယ်ကနေဘယ်လို ခင်မင်သွားကြလဲတော့ မသိကြပေမယ့် ပွဲဦးထွက်တဲ့အချိန်သိပ်မကွာတာကြောင်​့ music show တွေမှာ ရင်းနှီးခဲ့ကြပုံပါပဲ။ ငယ်သူငယ်ချင်းမဟုတ်ပေမယ်​့ ဘယ်လောက်တောင်ခင်ကြသလဲဆိုရင် ခရစ်စမတ်လို အထူးနေ့တွေမှာတောင် ညစာအတူစားကြတဲ့ ဆက်ဆံရေးမျိုးပါ။

၅။ Red Vetvet’s Joy, Gfriend’s Yerin နဲ့ Apink’s Hayoung


ပွဲဦးထွက်တဲ့အချိန်တွေ မတူညီကြပေမယ့် အသက်အရွယ်တူတဲ့ မိန်းမလှလေးသုံးယောက်ကတော့ တကယ်ကိုစိတ်တူကိုယ်တူနဲ့ သာမာန်သူငယ်ချင်းအုပ်စုတွေလို စားသောက်သွားလာနေတာ အားကျစရာပါ။ လူမှုကွန်ယက်မှာလဲ တစ်ယောက်နဲ့တစ်ယောက် နောက်ကြပြောင်ကြနဲ့ တော်တော်ချစ်ကြပါတယ်။

၆။ BTS’s Jimin နဲ့ Ha Sung Woon


ဘယ်လောက်ခင်ကြသလဲဆို အရမ်းအလုပ်များကြပေမယ့် အချိန်ရတာနဲ့ သူငယ်ချင်းနှစ်ယောက် ခရီးသွားလိုက် လည်ပတ်လိုက်ပါပဲ။ Ha Sung Woon တစ်ယောက် Produce 101 မှာပါဝင်ခဲ့တုန်းကလဲ Jimin က အင်တိုက်အားတိုက်ကို အားပေးခဲ့ပြီး တစ်ယောက်အောင်မြင်မှုအတွက် တစ်ယောက်ဂုဏ်ယူကြသူတွေပါ။

သူတို့တွေကတော့ အရမ်းအောင်မြင်တဲ့ idol သူငယ်ချင်းတွေထဲကမှ အချို့ကို အပိုင်း (၂) အဖြစ် ကောက်နှုတ်ဖော်ပြထားတာပါ။ ပရိတ်သတ်တွေလဲ သူတို့ကြားကခင်မင်မှုသံယောစဉ်ကို သဘောလဲကျ အားလဲကျရမယ် ထင်ပါတယ်နော်။

Source: Dar Dar

Share