၅၆ကြိမ်မြောက် Baeksang Arts Awards တွင် Crash Landing On You ဇာတ်လမ်းတွဲမှ ဆု (၃)ခု ရရှိခဲ့

၅၆ကြိမ်မြောက် Baeksang Arts Awards ကို ယနေ့ဇွန်လ ၅ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ နာမည်ကြီး အနုပညာရှင်ပေါင်းစုံ တက်ရောက်ခဲ့ပီး ဆုပေါင်းများစွာလည်း ချီးမြှင့်ခဲ့ပါသည်။ Covid ကာလဖြစ်သည့်အတွက် Social distancing စည်းကမ်းနှင့် အညီ ပရိတ်သတ်မပါဘဲ ကျင်းပခဲ့ပါတယ်။ Crash Landing On You ဇာတ်လမ်းတွဲမှလည်း ဆု(၃)ခုရှိခဲ့ပါတယ်။

*Most Popular Artist Award (Tik Tok Popularity Award) – Hyun Bin နှင့်Son Ye Jinတို့မှ ရရှိခဲ့ပါတယ်။Crash Landing on You ဇာတ်လမ်းတွဲနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ခဲ့ကြပြီး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ သဲသဲလှုပ်အားပေးခဲ့ကြတဲ့ အပျိုကြီးမမနဲ့ မြောက်ပိုင်းဗိုလ်ကြီးတို့ကတော့ Tik Tok Popularity Award ကို နှစ်ယောက်တွဲရရှိခဲ့ပါတယ်။

*Bazzar Icon Awards – Seo Ji Hye မှ ဆွတ်ခူးခဲ့ပါတယ်။သူမဟာCrash Landing on You ဇာတ်လမ်းတွဲမှာ မြောက်ကိုရီးယားသူလေး ဆောဒန်အဖြစ် သရုပ်ဆောင်ခဲ့ပီး သူ့ရဲ့ အရပ်အမောင်းနဲ့လိုက်ဖက်တဲ့ ခပ်မိုက်မိုက်ဖက်ရှင်တွေအတွက် ဒီဆုကိုဆွတ်ခူးသွားတာပဲ ဖြစ်ပါတယ်။

*Best Supporting Actress – Kim Sun Young ဟာဆိုရင် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုရရှိခဲ့ပါတယ်။ သူမဟာဆိုလျှင် မြောက်ကိုရီးယားသူ အဖြစ်သရုပ်ဆောင်ရာတွင် အလွန်ပီပြင်ခဲ့ပီး ပရိတ်သတ်များကို ရီမောစေခဲ့ပါတယ်။

Crash Landing On You ပရိတ်သတ်ကြီး အတွက်လည်း Hyun bin, Son Ye Jin နှင့် Seo Ji Hye, Kim SunYoung တို့လေးဦးစလုံး ဆုရရှိခဲ့တဲ့အတွက် ကျေနပ်မိကြမယ်လို့ထင်ပါတယ် Crash Landing On You အဖွဲ့သားများနှင့်လည်း ထပ်တူဝမ်းသာမိပါတယ်။

Written: Phoo Phoo

Share