Levi’s ကနေ ရရှိခဲ့တဲ့ အနုပညာကြေးကို အကျိုးရှိတဲ့ နေရာတစ်ခုမှာ လှူဒါန်းသွားမယ့် Rain

နာမည်ကျော်အဆိုတော်အဖြစ် ဆယ်စုနှစ်တစ်ခုကြာရပ်တည်လာပြီး ကောင်းမွန်တဲ့ပုံရိပ်နဲ့ ပရိတ်သတ်ချစ်မေတ္တာကို ရရှိနေတဲ့ Rain ကတော့ သူ့ရဲ့အနုပညာကြေးအချို့ကို အရမ်းကိုချီးကျူးစရာကောင်းတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မေလ ၅ ရက်နေ့မှာတော့ Rain ရဲ့အေဂျင်စီဖြစ်တဲ့ Sublime Artist Agency ဟာ Rain တစ်ယောက် Levi’s ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့စပ်ဆိုင်တဲ့ ပြဿနာတွေကို တိုက်ဖျက်တဲ့လှုပ်ရှားမှုအတွက် ambassador အဖြစ်ဆောင်ရွက်ရာက ရရှိခဲ့တဲ့အနုပညာကြေးကို ငွေကြေးအခက်အခဲဖြစ်နေတဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ ဝယ်ယူဖို့အတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Rain ကတော့ အနုပညာသက်တမ်းတစ်လျှောက် အများအကျိုးအတွက်ဆို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပြီး လိုအပ်တဲ့နေရာမှာလဲ အမြဲလှူဒါန်းမှုထောက်ပံ့မှုတွေ ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ အခုလဲသူ့ရဲ့ မွန်မြတ်တဲ့ လှူဒါန်းမှုကို ပရိတ်သတ်တွေ အံ့ဩချီးကျူးနေကြပါတယ်။

Rain ဟာ မကြာခင်မှာ အအကျော်အမော်အနုပညာရှင်တွေဖြစ်တဲ့ Yoo Jae Suk, Lee Hyori တို့နဲ့လဲ Co-ed group အနေနဲ့ ပြန်လာဦးမှာပါ။ စိတ်ထားမွန်မြတ်တဲ့ Rain တစ်ယောက် အနုပညာမှာလဲအောင်မြင်မှုတွေ ဆထက်ထမ်းပိုးတိုးကာ ချစ်ဇနီးလေး Kim Tae Hee နဲ့ ရင်သွေးလေးနှစ်ယောက်နဲ့အတူ ဘဝတစ်လျှောက်လုံး ပျော်ရွှင်နိုင်ပါစေနော်။

source: allkpop

Share