၅၆ကြိမ်မြောက် Baeksang Arts Awards ကို တန်ဖိုးကြီး ဒီဇိုင်နာများ၏ Brand များကိုဝတ်ဆင်လာသည့် မင်းသမီးများ

၅၆ကြိမ်မြောက် Baeksang Arts Awards ဟာတောင်ကိုရီးယားနိုင်ငံ၏ Oscar ဆုပေးပွဲဟုပင် တင်စားလောက်အောင်ပင် အရေးကြီးသော ပွဲတစ်ခု ဖြစ်ပါတယ်။ ထို့ကြောင့် မင်းသား၊မင်းသမီးများမှာလည်း သူတို့၏ လှပသောဝတ်စုံများ၊ ဒီဇိုင်းများ၊ လက်ဝတ်ရတနာများ စသည်တို့ကို ချပြခွင့်ရှိသော ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
ယခု ၅၆ကြိမ်မြောက် ပွဲတွင်လည်း တောင်ကိုရီးယားနိုင်ငံ၏ မင်းသမီးများမှ ဘယ်လို တန်ဖိုးကြီးဝတ်စုံ၊ ရတနာများဝတ်ဆင်ထားသလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်။

၁.Son Ye Jin
Son Ye Jin ဟာဆိုလျှင် Crash Landing On You ဇာတ်လမ်းတွဲဖြင့် Tik Tok Popularity Artist Awards ကို မင်းသား Hyun Bin နှင့်အတူ ပူးတွဲရရှိခဲ့ပါတယ်။ ကော်ဇောနီပေါ်တွင် လျှောက်လှမ်းလာသော သူမ၏ပုံရိပ်သည် မြင်သူတကာငေးမောစေခဲ့ပါတယ်။ သူမဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ Ralph Lauren’s Pre-fall 2019 ဖက်ရှင်ပဲဖြစ်ပါတယ်။ ငွေမှင်ရောင် ဂါဝန်လေးနှင့် စိန်နားကပ်ကို ဆင်မြန်းထားပါတယ်။

၂။Kim Da Mi
Itaewon Class ဇာတ်လမ်းတွဲမှ Kim Da Mi ကတော့ Fendi’s Pre Fall 2020 ဖက်ရှင်ကို ဝတ်ဆင်ခဲ့ပါတယ်။ အဖြူရောင်ဂါဝန်လေးနှင့် ကလေးဆန်ဆန်ပုံလေးဖြစ်နေသော သူမ၏အသွင်မှာ လူငယ်တစ်ယောက်၏ သွက်သွက်လက်လက်ပုံရိပ် အပြည့်အဝပေါ်လွင်စေပါတယ်။

၃။ IU
Hotel Del Luna ဇာတ်လမ်းတွဲမှ မင်းသမီး IU ကလည်း သူမရဲ့တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ပီး ဆုပေးပွဲ တက်ရောက်ခဲ့ပါတယ်။ သူမဝတ်ဆင်ထားသောဝတ်စုံမှာတော့ Gucci’s Spring/ Summer 2020 Lineup ဖက်ရှင်မှ ဖြစ်ပါတယ်။

၄။ Han So Hee

The world of the married couple မှ Han So Hee ကတော့ Baeksang Arts ဆုပေးပွဲညကို သူမရဲ့အလှအပဖြင့် သိမ်းပိုက်သွားနိုင်ခဲ့တယ်လို့ပင် ဆိုနိုင်ပါတယ်။ သူမ၏သိမ်မွေ့ရိုးရှင်းသော အမျိုးသမီးတစ်ဦးအသွင့်နှင့် သူမ၏ဝတ်စုံမှာ အမတန်မှ လိုက်ဖက်နေပါတယ်။ သူမဝတ်ဆင်ထားတာကတော့ သြစတီးလျယား brand တစ်ခုဖြစ်သော Alex Perry မှ ဝတ်စုံပဲ ဖြစ်ပါတယ်။

၅။ Kim Hee Ae
The world of the married ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ Kim Hee Ae ဟာသူမ၏ အသက်အရွယ်နှင့် လိုက်ဖက်အောင် ဝတ်ဆင်ထားပီး ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး၏ အသွင်ပေါ်နေပါတယ်။ သူမဝတ်ဆင်ထားတာကတော့ Alexandar McQueen ၏ဝတ်စုံဖြစ်ပီး လည်ပင်းမှဆွဲကြိုးကတော့ Cartier လက်ဝတ်ရတနာမှ ဖြစ်ပါတယ်။

၆။Gong Hyo Jin
Gong Hyo Jinကတော့ သူမ၏ ရဲ့ရင်ပြတ်သားသော All Black ဝတ်စုံဖြင့်အနီရောင်ကော်ဇောထက်မှာ ဝြံ့ကွားနေပါတယ်။ သူမ၏ ဝတ်စုံကိုတော့ Burberry မှဖြစ်ပီး သူမရဲ့ ခြေတံအလှကိုပေါ်လွင်စေခဲ့သော ဝတ်စုံတစ်ခုလည်း ဖြစ်ပါတယ်။

၇။ Suzy
Suzy ကတော့ အဆိုပါဆုပေးပွဲတွင် MC အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဝတ်စုံ ၂စုံကို ဝတ်ဆင်ခဲ့ပီး အဖြူရောင်နှင့်အမဲရောင်ပဲ ဖြစ်ပါတယ်။ သူမ၏ဝတ်စုံများကတော့ Diorမှပဲ ဖြစ်ပါတယ်။

Source: preview

Share