အောင်မြင်တဲ့ kpop idol တစ်ယောက်ဖြစ်လာဖို့က လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဖန်သားပြင်နောက်ကွယ်မှာ သူတို့ပေးဆပ်ခဲ့ရတဲ့ ငယ်ရွယ်မှုတွေ လွတ်လပ်မှုတွေဟာ ပြောပြလို့တောင်မကုန်ပါဘူး။ အချိန်အကြာကြီး လေ့ကျင့်ပြီးမှ လင်းလက်ခဲ့ကြတဲ့ ကြယ်ပွင့်လေးတွေကတော့
၁။ Big Bang’s G-Dragon
Kpop လောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ သူကတော့ အဆိုတော်ဖြစ်ဖို့ကို ကလေးဘဝတည်းက ကြိုးစားခဲ့တာပါ။ SM Entertainment မှာလဲ ငါးနှစ်ကြာလေ့ကျင့်ခဲ့ဖူးပြီး စုစုပေါင်း training သက်တမ်းအနေနဲ့ ၁၁ နှစ်တောင်ကြာခဲ့ပါတယ်။
၂။ Twice’s Jihyo
Jihyo တစ်ယောက် အဆိုတော်ဖြစ်ဖို့ စတင်လေ့ကျင့်ခဲ့ချိန်မှာ အသက်ရှစ်နှစ်သာရှိပါသေးတယ်။ JYP လက်အောက်မှာ ၁၀ နှစ်တိုင်တိုင် မလျှော့သောဇွဲနဲ့ ကြိုစားလေ့ကျင့်ခဲ့ပြီး နောက်မှာတော့ အခုချိန်မှာ ထိပ်တန်းမိန်းကလေးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ချစ်ခင်လေးစားမှုတွေ ခံယူနေရပါပြီ။
၃။ NCT’s Johnny
SM Entertainment နဲ့ ၂၀၀၈ ခုနှစ်မှာ လက်တွဲခဲ့ပြီး ၂၀၁၇ မှာမှ ပွဲဦးထွက်ခဲ့တာမို့ သူ့ရဲ့ training သက်တမ်းဟာ ၉ နှစ်တောင်ရှိပါတယ်။ သူပေးဆပ်ခဲ့ရတဲ့ အချိန်တွေ စိုက်ထုတ်ခဲ့ရတဲ့ကြိုးစားမှုတွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ရရှိနေတာမို့ ပရိတ်သတ်တွေလဲ ဂုဏ်ယူနေကြပါတယ်။
၄။ (G)I-DLE’s Miyeon
Miyeon ဟာ လက်ရှိအလုပ်တွဲလုပ်နေတဲ့ Cube ကို မရောက်ခင် YG Entertainment လက်အောက်မှာ ငါးနှစ်ကျော်ကြာလေ့ကျင့်ခဲ့ပြီးမှ ပြောင်းရွှေ့ခဲ့တာပါ။ စုစုပေါင်းရှစ်နှစ် လေ့ကျင့်အပြီးမှာ အခုတော့အအောင်မြင်ဆုံး မိန်းကလေးအဖွဲ့ဝင်တွေစာရင်းမှာ ပါဝင်နေပါပြီ။
၅။ Astro’s Moonbin
ကလေးသရုပ်ဆောင်အဖြစ် အနုပညာခြေလှမ်းစခဲ့တဲ့သူကတော့ idol ဖြစ်ချင်တယ်လို့ ဆုံးဖြတ်အပြီး ၂၀၁၀ ခုနှစ်မှာ Fantagio Entertainment နဲ့လက်တွဲခဲ့ပါတယ်။ Training သက်တမ်း ခုနစ်နှစ်အကြာမှာ ပွဲဦးထွက်ခဲ့ပြီး Astro အဖွဲ့နဲ့အတူ အောင်မြင်မှုတွေ မဆုံးနိုင်အောင် ရရှိနေပါတယ်။
၆။ Monsta X’s Shownu
နာမည်ကျော် Monsta X အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Shownu ကလဲ JYP Entertaiment မှာ နှစ်နှစ်လေ့ကျင့်ပြီးမှ Starship ကိုပြောင်းရွှေ့ခဲ့ကာ စုစုပေါင်းခုနစ်နှစ်လေ့ကျင့်ပြီးမှ အခုရရှိနေတဲ့ အောင်မြင်မှုတွေကို ထိုက်တန်စွာရရှိနေတာပဲ ဖြစ်ပါတယ်။
၇။ Red Velvet’s Seulgi
အလယ်တန်းပထမနှစ်အရွယ် ၂၀၀၇ ခုနှစ်တည်းက idol ဖြစ်ဖို့ကြိုးစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာမို့ စုစုပေါင်းခုနစ်နှစ်တိတိ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားခဲ့ပါတယ်။ အခုလိုထိပ်တန်း idol တစ်ယောက် ဖြစ်တဲ့အထိလဲ ကြိုးစားနေဆဲပါပဲ။
၈။ EXO’s Suho
EXO အဖွဲ့ရဲ့ခေါင်းဆောင် Suho ကတော့ အဖွဲ့ထဲမှာ training သက်တမ်းအကြာဆုံးပါ။ ခုနစ်နှစ်လောက်လေ့ကျင့်ခဲ့ရပြီး စွမ်းရည်တွေအပြည့်ဝဆုံးအချိန်မှ ပွဲဦးထွက်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ EXO တစ်ဖွဲ့လုံးလျှမ်းလျှမ်းတောက် အောင်မြင်မှုရရှိခဲ့တာပါ။
၉။ BLACKPINK’s Jennie
အဆိုလား အကလား Rap လား ဘာမဆိုတစ်ဖက်ကမ်းခတ်ရတဲ့ သူလေးကလဲ အရွယ်ငယ်ငယ်မှာ နိုင်ငံရပ်ခြားကနေ ကိုရီးယားကိုပြန်လာပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခြောက်နှစ်ကြာကြိုးစားခဲ့ပါတယ်။ အဖွဲ့ဝင်တွေထဲမှာ YG ကိုအစောဆုံး ရောက်တဲ့သူပါ။
၁၀။ Seventeen’s S.Coups
Seventeen အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ S.Coups ကလဲ အဖွဲ့ထဲမှာ Pledis ကိုပထမဆုံးအနေနဲ့ ရောက်လာတဲ့သူပါ။ ခြောက်နှစ်တိုင်ခဲ့တဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုကတော့ အရာထင်ပါတယ်။ Seventeen အဖွဲ့ရဲ့ အောင်မြင်မှုကတော့ အခုချိန်မှာ အထွတ်အထိပ်ပါ။
source : kpopstarz