အရမ်းပင်ပန်းခဲ့ပေမဲ့ Running Man ကို မစွန့်ခွာနိုင်ခဲ့ဘူးလို့ ပြောလာတဲ့ Song Ji Hyo

မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူ းတွင် Song Ji Hyo မှ သူမ၏အနာဂတ်အစီအစဉ်များ၊ Running Man နှင့် ပက်သက်သည့် အကြောင်းအရာများကို ဖြေကြားခဲ့ပါတယ်။ Intuderဆိုသည့် ရုပ်ရှင်တွင် ခေါင်းဆောင်မင်းသမီး အဖြစ်ပါဝင်ထားပီး သူမ၏သရုပ်ဆောင်ပီပြင်မှုများကြောင့် လတ်တလောတွင် ပရိတ်သတ်များ၏ ချီးကျူ းမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။

သူမက အဆိုပါ Movie ၏ အင်တာဗျူ းတွင် Running Man (Variety Show) နှင့် ပက်သက်ပီး ထိုကဲ့သို့ဖြေကြားခဲ့ပါတယ်။ ” ကျွန်မဟာ SBS ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ Running Man အစီအစဉ်မှာ ပါဝင်ခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပီပဲ ဖြစ်ပါတယ်။ ကျွန်မအသက် ၃၀ မှ စတင်ခဲ့ပီး ယခုကျွန်မအသက်က ၄ဝပြည့်တော့မှာပဲ ဖြစ်ပါတယ်။

ကျွန်မရဲ့ အသက်၃ဝကျော် အချိန်များဟာ Running Man မှာပဲကုန်ဆုံးခဲ့ပါတယ်။ တခါတလေကျတော့လည်း ကျွန်မထူးဆန်းသလို ခံစားရတယ်။ ဒီလောက်အချိန်အကြာကြီး Running Man မှာပါဝင်ရမယ်လို့ မထင်ထားခဲ့ဘူး။ကျွန်မကို Song Ji Hyo ဆိုပီး လူအများပြောစမှတ်တွင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ Running Man ကိုကျေးဇူးလည်းတင်တယ်”။

ဆက်လက်၍ “၁ဝနှစ်စလုံး ဒီ Running Man မိသားစုဝင်များနှင့် ဖြတ်သန်းခဲ့ရတာဟာ ပျော်ရွှင်စရာကောင်းပေမဲ့ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်မအတွက် ရုပ်ပိုင်းဆိုင်ရာ အရမ်းပင်ပန်းခဲ့ရတဲ့ အချိန်တွေရှိခဲ့ပါတယ်။ အစီအစဉ်ရဲ့ သဘောအရ မိန်းကလေးတစ်ဦးဖြစ်ပေမဲ့လည်း အကိုတွေကြားမှာ တန်းတူဆော့နိုင်အောင် ရုန်းကန်ခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။

ဘယ်လောက်ထိ ပင်ပန်းသလဲဆို တခါတလေ Running Man ကနေနှုတ်ထွက်ရင် ကောင်းမလားလို့ စဉ်းစားခဲ့ဖူးပါတယ်။သို့သော်လည်း ကျွန်မ Running Man ကိုမစွန့်ခွာနိုင်ခဲ့ပါဘူး။အသက်အရွယ်ကြီးလာတာနှင့် ပက်သက်ပီးတော့ ကျွန်မကတော့ ဘယ်လိုမှမခံစားရပါဘူး။ ခက်ခဲတာကိုပြောပါဆိုလျှင်တော့ နဂိုတုန်းကလောက်တော့ အမောမခံနိုင်တော့ဘူးပေါ့” ဟုဖြေကြားခဲ့ပါတယ်။

အိမ်ထောင်ရေးနှင့် ပက်သက်၍လည်း “ကျွန်မကိုယ် ကျွန်မတောင် မနည်းဂရုစိုက်နေရတယ်။အခုရထားတဲ့ ဘဝကိုလည်း ကျွန်မကျေနပ်နေပါတယ်။ ကျွန်မရဲ့နေထိုင်ပုံ ၊ နေစဉ်လှုပ်ရှားမှု တွေကို တစုံတယောက်အတွက် ပြောင်းလဲချင်လာပီဆိုရင်တော့ အဲ့လူကိုကျွန်မလက်ထပ်မှာပါ။ လူမှန်တယောက် ရောက်မလာမချင်းတော့ အိမ်ထောင်ပြ ုဖို့စိတ်ကူးမရှိပါဘူး။”

Song Ji Hyo ၏ အနာဂတ်အတွက် စိတ်ကူးနှင့် ခံယူချက်များကို သိခဲ့ရတဲ့အတွက် ပရိတ်သတ်ကြီးလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။အချိန်ပေးပီး သတင်းဖတ်ပေးတဲ့ ပရိတ်သတ်ကြီးအားလုံးကိုလည်း Myanmar Cele Bar မှ ကျေးဇူးအထူးတင်ပါတယ်။

Source: Soompi

Share