Black Lives Matter လှုပ်ရှားမှုအတွက် BTS နဲ့ Bighit ပူးပေါင်းပြီး $1 million လှူဒါန်း

အမေရိကန်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတဲ့ လူမည်းအမျိုးသား George Floyd ရဲ့ တရားမျှတမှုအတွက် ဆောင်ရွက်နေကြတဲ့ Black Lives Matter ဆိုတဲ့ လှုပ်ရှားမှုအတွက် BTS အဖွဲ့ဝင်တွေနဲ့အတူ သူတို့ရဲ့အေဂျင်စီဖြစ်တဲ့ Bighit Entertainment ကနေပြီး ဒေါ်လာတစ်သန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ငွေကြေးတင်လှူဒါန်းခဲ့တာမဟုတ်ပဲ BTS ဟာ သူတို့ရဲ့ twitter မှာလဲ “ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ပါတယ်။ အကြမ်းဖက်မှုတွေကိုလဲ လက်မခံပါဘူး။ ခင်ဗျားတို့ရော ကျွန်တော်တို့ရော အားလုံးမှာ သာတူညီမျှခံစားရမယ့် အခွင့်အရေးတွေ ရှိပါတယ်။” ဆိုတဲ့ စာသားလေးကိုလဲ တင်ခဲ့ပါသေးတယ်။

ပရိတ်သတ်တွေကတော့ အနုပညာရှင်တွေနဲ့ အေဂျင်စီရဲ့ကြားက စည်းလုံးမှုနဲ့ သဒ္ဓါတရားထက်သန်မှုကို ချီးကျူးနေကြပါတယ်။ BTS ဟာ Covid-19 ကာကွယ်ကုသရေးအတွက်လဲ အဖွဲ့ဝင်တစ်ဦးချင်းစီ ပမာဏအများကြီး လှူဒါန်းခဲ့ပါသေးတယ်။

Kpop လောကထဲမှာ ‘Black Lives Matter’ လှုပ်ရှားမှုကို အားတက်သရော ကူညီခဲ့သူတွေကတော့ BTS အပါဝင် GOT7 အဖွဲ့က Mark နဲ့ Yugyeom, DAY6 အဖွဲ့ဝင် Jae, rapper Jay Park, Heize နဲ့ pH-1 တို့ပဲ ဖြစ်ပါတယ်။

Source: Soompi

Share