Plastic Surgery ဆရာဝန်များက ရွေးချယ်ထားတဲ့ အမျိုးသမီးအများစုလိုချင်သော မင်းသမီး (၆) ဦး၏ မျက်နှာ

Dr.Trio ဆိုသည့်အစီအစဉ်ဟာ တောင်ကိုရီယား နိုင်ငံ Gangnam ရပ်ကွပ်မှာ ဖွင့်ထားသည့် ဆေးရုံတွင် အလုပ်အတူလုပ်ကြသည့် ဆရာဝန်သုံးဦးမှ အလှအပပိုင်းနှင့် ပက်သက်၍ ဆွေးနွေးပေးသော Program တစ်ခုဖြစ်ပါတယ်။

အဆိုပါအစီအစဉ်တွင် အမျိုးသမီးအများစုဟာ မင်းသမီးအချို့၏ ဓာတ်ပုံများကိုပြပီး သူတို့ကဲ့သို့ မျက်နှာမျိုး ပိုင်ဆိုင်လိုကြောင်း ဆရာဝန်များနှင့် ဆွေးနွေးလေ့ရှိသည်ဟု ဆိုပါတယ်။ ဒီမှာအဓိက ခွဲစိတ်တာကတော့ မျက်လုံးနှင့် နှာခေါင်းပဲ ဖြစ်ပါတယ်။ မျက်လုံးအပိုင်းမှာဆိုလျှင် အောက်တွင်ဖော်ပြမည့် မင်းသမီးများ၏ မျက်လုံးပုံစံကို လူကြိုက်များလှပါတယ်။

၁။Kang Tae Ri
TREN-D အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပီး model လည်းဖြစ်တဲ့ Kang Tae Ri ဟာ လူအများလိုချင်တဲ့ မျက်လုံးမျိုးပိုင်ဆိုင်ထားပါတယ်။ ကြောင်မျက်လုံးနှင့် တူသည့်မျက်လုံးအိမ်မျိုးဟာ အမျိုးသမီးအများစု လိုချင်နေသည့်ပုံစံလည်း ဖြစ်ပါတယ်။

၂။Blackpink’s Jennie
မျက်နှာအရွယ်အစားနှင့်ယှဉ်လျှင် Jennie ဟာ ကြီးမားသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့သော မျက်လုံးအိမ်မျိုးကိုလည်း အမျိုးသမီးအများစုက လိုချင်သည်ဟု ဆိုခဲ့ပါတယ်။

၃။ Red Velvet’s Irene
Irene ၏မျက်လုံးတွေကတော့ သဘာဝကျပီး ထူးခြားနေတဲ့ မျက်ဝန်းတစ်စုံပဲ ဖြစ်ပါတယ်။အဓိကလှနေတာကတော့ မျက်ရစ်နှစ်ထပ်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုမျက်လုံးမျိုးကို လိုချင်တဲ့ Clients တွေလည်းများလှပါတယ်။

နှာခေါင်းနှင့် ပက်သက်လျှင်တော့……

၄။ Shin Se Kyung
မင်းသမီး Shin Se Kyung ဟာဆိုလျှင် နှာခေါင်းပုံစံ အတော်ပင်လှပါတယ်။ နှာတံတစ်လျှောက်တွင် ဘာအထေ့အငေါ့မှမရှိဘဲ ဖြောင့်စင်းနေပါတယ်။

၅။ Han Ga In
Han Ga In ဟာပြည့်စုံသည့် မျက်လုံးပုံစံလည်းရှိသလို သူမ၏နှာခေါင်းမှာလည်း ပြောစရာမရှိအောင်ပင် အချိုးကျလှတယ်။ နှာသီးထိပ်လုံးလုံးလေးဟာ တောင်ကိုရီးယားလူမျိုးအများစုလိုချင်သည့် သဘာဝကျတဲ့နှာခေါင်းပုံစံပဲ ဖြစ်ပါတယ်။ အဲ့လိုအလှအပကို ပိုင်ဆိုင်ထားသူတွေကတော့ တကယ်ပင်လေးစားလောက်ပါတယ်။

၆။Min Hyo Rin
Min Hyo Rin ၏နှာခေါင်းပုံစံကတော့ အမျိုးသမီးအများစုကို ခွဲစိတ်ပေးခဲ့ရတဲ့ နှာခေါင်းပုံစံပဲဖြစ်ပါတယ်။ သူမ၏ နှာခေါင်းပုံစံလိုမျိုးကို တစ်ထပ်တည်းရချင်သည့် လူများပြားလှပါတယ်။သူမ၏နှာခေါင်းက ဘယ်လောက်လှသလဲဆိုရင် သူမကိုယ်တိုင် Plastic Surgery လုပ်ခဲ့ဖူးသည်ဟုဆိုသည့် သတင်းများပင် ထွက်ခဲ့ဖူးပါတယ်။

Source: koreaboo

Share