ကိုရီးယားသရုပ်ဆောင် အကျော်အမော်တို့ရဲ့ အနုပညာနာမည်မဟုတ်တဲ့ နာမည်အရင်းများ

ဒီကိုရီးယားအနုပညာရှင်တွေထဲက အချို့ကိုတော့ နာမည်အရင်းတွေ သိပြီးသားဖြစ်လောက်ကြမှာဖြစ်ပြီး အချို့ကိုလဲ နာမည်အရင်းမဟုတ်မှန်း သိကြမှာမဟုတ်ပါဘူး။ နာမည်အရင်းထက် အနုပညာနာမည်နဲ့ ပိုလူသိများတဲ့သရုပ်ဆောင်တွေကတော့…

Hyun Bin
ဒီနာမည်ကြားတာနဲ့ သူ့ကိုချစ်တဲ့ပရိတ်သတ်တွေ ရင်ထဲမှာ ဖိုးသိုးဖတ်သတ်ဖြစ်သွားကြမှာပေမယ့် ဒါဟာသူ့ရဲ့ နာမည်အရင်းမဟုတ်ပါဘူး။ နာမည်အရင်းက Kim Tae Pyung (ကင်မ်ထယ်ဖျောင်း) ဖြစ်ပြီး အသံထွက်ရခက်တာမို့ Hyun Bin အမည်နဲ့ ပွဲဦးထွက်ခဲ့တာပါ။

Jun Ji Hyun
နာမည်အရင်းကတော့ Wang Ji Hyun ဖြစ်ပြီး 1997 ခုနှစ်မှာ မော်ဒယ်အဖြစ်နဲ့အနုပညာလောကထဲကို ဝင်ရောက်လာပြီး အနုပညာအမည် Jun Ji Hyun နဲ့ပွဲထွက်ခဲ့တာပါ။ အင်္ဂလိပ်နာမည် Gianna Jun အနေနဲ့လဲ အချို့ပရိတ်သတ်တွေ သိကြပါတယ်။

Park Seo Joon
သူဟာလဲ နာမည်အရင်းမဟုတ်တဲ့ အနုပညာနာမည်နဲ့ ပွဲဦးထွက်လာသူတစ်ယောက်ပါ။ နာမည်အရင်းကတော့ Park Yong Gyu (ဘာ့ခ်ယုံးဂယူ) ဖြစ်ပြီး Park Seo Joon ဆိုတဲ့နာမည်က ခေါ်ရတာပိုလွယ်ကူပါတယ်။

Song Jihyo
အာလုံးကချစ်ကြတဲ့ Running Man ရဲ့ Ace လေး Jihyo ရဲ့နာမည်အရင်းကတော့ Cheon Seong In (ချောန်ဆောင်းအင်) ဖြစ်ပါတယ်။ အနုပညာအလုပ်စလုပ်မှသာ Song Jihyo နာမည်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

Gong Yoo
မှင်စာဦးဦးရဲ့ နာမည်အရင်းကတော့ Gong Ji Cheol (ဂုန်ဂျီချောလ်) ဖြစ်ပါတယ်။ အနုပညာနာမည်ဖြစ်တဲ့ Gong Yoo ကတော့ အဖေဖြစ်သူရဲ့မျိုးရိုး ‘Gong’ နဲ့ အမေ့ရဲ့မျိုးရိုး ‘Yoo’ ကိုပေါင်းစပ်ထားတာပါ။

Ha Ji Won
မမရဲ့ နာမည်အရင်းကတော့ Jeon Hae Rim (ဂျောန်ဟယ်ရင်မ်) ပါ။ မန်နေဂျာဖြစ်သူရဲ့ မပြည့်မြောက်လိုက်တဲ့ အချစ်ဦးဇာတ်လမ်းအတွက် နှစ်သိမ့်တဲ့အနေနဲ့ အချစ်ဦးရဲ့အမည် Ha Jiwon ကို အနုပညာနာမည်အဖြစ် အစွဲပြုခဲ့တာပါတဲ့။

Yoo Ah-In
နာမည်အရင်းက Uhm Hong Sik (အော်မ်ဟုန်ရှစ်) လို့ခေါ်ပြီး သမားရိုးကျဆန်တာမို့ ဂျာမာန်လို ‘တစ်’ လို့အဓိပ္ပာယ်ရတဲ့ Ah In ဆိုတဲ့နာမည်ကိုပေးခဲ့တာပါ။ အင်စတာဂရမ်ကိုတော့ နာမည်ရင်း @hongsick နဲ့ပဲသုံးပါတယ်။

Shin Min Ah
မျိုးရိုးနာမည်က Yang ဖြစ်ပြီး Yang Min Ah လို့ခေါ်ခဲ့ပေမယ့် သူမပွဲဦးထွက်ကာစက နာမည်ကြီးတဲ့ Yang Mira ဆိုတဲ့ အနုပညာရှင်လဲရှိတာမို့ လူမှားတာမျိုးမဖြစ်အောင် Shin Min Ah လို့ပြောင်းလဲ ခေါ်ဆိုခဲ့ကြပါတယ်။

Kim Woo Bin
နာမည်အရင်းက Kim Hyun Joong ဖြစ်ပေမယ့် စီနီယာဖြစ်တဲ့ နာမည်ကျော်အဆိုတော်သရုပ်ဆောင်နဲ့ အမည်တူနေတာကြောင့် Kim Woo Bin ကိုသာ အနုပညာနာမည်အဖြစ်ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Min Hyorin
ငယ်နာမည် Jung Eun Ran (ဂျောင်အွန်ရန်) ဖြစ်ပေမယ့် အေဂျင်စီက သူမရဲ့အနုပညာနာမည်အတွက် စဉ်းစားတဲ့အခါမှာ အဆိုတော် Lee Hyori နဲ့ ရုပ်ဆင်တာကြောင့် Lee Hyorin လို့ကနဦး ဆုံးဖြတ်ခဲ့ပြီး Min Hyorin အဖြစ် အတည်ပြုခဲ့ပါတယ်။

Seo Kang Joon
အဆိုတော်အဖြစ်နဲ့ စတင်ခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်အရင်းဖြစ်တဲ့ Lee Seung Hwan (အီဆွန်းဟွမ်) နာမည်နဲ့လဲ အဆိုတော်တစ်ဦးရှိတာကြောင့် ပရိတ်သတ်တွေ ဇဝေဇဝါမဖြစ်ရအောင် Seo Kang Joon အဖြစ်နဲ့ပဲ ပွဲဦးထွက်ခဲ့ပါတယ်။

source: metro style

Share