56th Baeksang Awards ရဲ့ အရေးပါတဲ့ ဒီ (၅) ဆုအတွက် အကဲဖြတ်တွေ ဘယ်လိုဆုံးဖြတ်ခဲ့ရသလဲ…

ငါးရက်နေ့ကမှ ကျင်းပခဲ့တဲ့ Baeksang Arts Awards အကြောင်းကိုတော့ ပရိတ်သတ်တွေက ပြောလို့မဆုံးဖြစ်နေကြပါသေးတယ်။ ဆုအတွက်အကဲဖြတ်ခဲ့သူတွေကတော့ ဒီဆုကြီး (၅) ဆုအတွက် ဘယ်လိုဆုံးဖြတ်ခဲ့ရသလဲဆိုတာကို ပြောပြခဲ့ပါတယ်။

Daesang (Grand Prize)
အကြီးဆုံးဆုဖြစ်တဲ့ Daesang ဆုကိုတော့ When The Camelia Blooms ဇာတ်လမ်းတွဲက ဆွတ်ခူးခဲ့တာဖြစ်ပြီး “သာမာန်ပြည်သူတွေကလဲ စုပေါင်းပြီး ကြီးမားတဲ့အပြောင်းအလဲ ဖန်တီးနိုင်တယ်” ဆိုတဲ့ ဇာတ်လမ်းရဲ့သဘောကြောင့်ပါ။ လူမှုပတ်ဝန်းကျင်မှာ ဒီလိုအသိမျိုးပေးဖို့ လိုအပ်နေတာကြောင့် ဒီဇာတ်လမ်းကို Grand Prize နဲ့ထိုက်တန်တယ်လို့ ယူဆခဲ့တာပါတဲ့။

Best Actor
ဒီဆုအတွက် Kang Haneul ကို ဘာလို့ရွေးချယ်ရသလဲဆိုရင်တော့ အသက် ၃၀ အရွယ်မင်းသားငယ်တွေဆီမှာတွေ့ရခဲတဲ့ အကောင်းဆုံးခံစားသက်ဝင်မှုကို Kang Haneul ဆီမှာတွေ့ခဲ့ရပြီး သူ့ရဲ့ကာရိုက်တာကိုဖော်ပြတဲ့ သရုပ်ဆောင်မှုတွေဟာလဲ တကယ်ကိုကောင်းမွန်လွန်းတယ်လို့ အကဲဖြတ်တွေကဆိုပါတယ်။

Best Supporting Actor
Oh Jung Se ဟာ When The Camellia Blooms နဲ့ Stove Leauge နှစ်ကားလုံးနဲ့ ဆန်ကာတင်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းနှစ်ခုမှာ ဆန့်ကျင်ဘက်ကာရိုက်တာတွေနဲ့ လူနှစ်ယောက်လိုကို လုံးဝကွဲပြားစွာသရုပ်ဆောင်ခဲ့တာပါ။ ဒီလိုထူးချွန်ပြောင်မြောက်တဲ့ ပါရမီကြောင့်ပဲ ရွေးချယ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Best Actress
မင်းသမီး Kim Hee Ae ဟာ ဒေါက်တာ​၏ဂျီဆွန်းဝူကာရိုက်တာရဲ့ မွန်းကြပ်နေ ကြေကွဲနေ ပြိုလဲနေတဲ့ ခံစားချက်ကို နက်နက်နဲနဲအထိနားလည်ခဲ့ပြီး အကောင်းဆုံးပြန်လည် သရုပ်ဖော်ပြနိုင်တာမို့ တော်တဲ့မင်းသမီးတွေကြားမှာ ဒီဆုအတွက် အရွေးချယ်ခံခဲ့ရတာပါ။

Best New Actress
ဒီဆုအတွက် Hospital Playlist က Jeon Do Mi ကိုရွေးရမလား Itaewon Class က Kim Dami ကိုရွေးရမလားဆိုတာ အတော်လေးဝေခွဲမရခဲ့ပါဘူးတဲ့။ ဒါပေမယ့် Kim Dami ရဲ့ ​ကာရိုက်တာပီပြင်မှုဟာ super rookie ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်လို့ သိရပါတယ်။

source: koreaboo

Share