တောင်ကိုရီးယားနိုင်ငံတွင် Plastic Surgery လုပ်တယ်ဆိုတာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါ။ အနုပညာရှင်မဟုတ်သော သာမန်လူများလည်း Plastic Surgery လုပ်ကြပါတယ်။ ဒါဟာတောင်ကိုရီးယားလူမျိုးများဟာ အလှအပပိုင်းကို ဘယ်လောက်ဂရုစိုက်ကြောင်း တွေ့ရတာတာပါ။
ကမ္ဘာပေါ်တွင် ရုပ်ရည်နှင့်ပက်သက်၍ ဝေဖန်ဆုံးသော နိုင်ငံတစ်ခုထဲတွင်လည်း ပါပါတယ်။ ထို့ကြောင့် အနုပညာရှင်အချို့ Plastic Surgery လုပ်ထားတာကို အပြစ်ပြောလို့မရပါဘူး ။ အချို့အနုပညာရှင်များကတော့ သူတို့ Plastic Surgery လုပ်ထားတာကိုတော့ ရိုသားစွာ ဝန်ခံခဲ့ဖူးပါတယ်။
၁။Lee Da Hae
My Girl ဇာတ်လမ်းတွဲဖြင့်နာမည်ကြီးခဲ့သော မင်းသမီး Lee Da Hae ဟာ အစီအစဉ်တစ်ခုတွင် သူမ၏မျက်နှာကိုပြောင်းလဲမှုတွေ လုပ်ခဲ့ဖူးကြောင်း ပြောဆိုဖူးပါတယ်။ သူမကပြောဆိုတာက သူမဟာအရင်က မျက်နှာပြားပြားကြီးကိုပိုင်ဆိုင်ခဲ့ဖူးပီး ခွဲစိတ်ပီးနောက်ပိုင်းမှာတော့ ယခုကဲ့သို့ လှပသော မျက်နှာကို ရရှိခဲ့တယ်လို့ဆိုခဲ့ပါတယ်။အဆိုပါ ခွဲစိတ်မှု၏ ရလဒ်ကိုလည်း သူမကကျေနပ်လှတယ်လို့ ဆိုခဲ့ဖူးပါတယ်။
၂။ Park Min Young
What’s wrong with secretary kim ဇာတ်လမ်းတွဲတွင် ကင်မီဆိုးအဖြစ်သရုပ်ဆောင်ပီး သူမ၏ပြည့်စုံလွန်းသောအလှကြောင့် အမျိုးသားတိုင်း၏အသည်းစွဲဖြစ်နေသော မင်းသမီး Park Min Young ဟာ Plastic surgery လုပ်ဖူးကြောင်း ဝန်ခံထားပါတယ်။
Sports Chosunကပြုလုပ်ခဲ့သော အင်တာဗျူးတွင်သူမက “ကျွန်မက အထက်တန်းတုန်းက မျက်ရစ်နှစ်ထပ်ရအောင် ခွဲစိတ်ဖူးပါတယ်။အမေကလည်းခွင့်ပြုခဲ့ပါတယ်။ အဲ့အထက်တန်းတုန်းကပဲ ကျွန်မနှာခေါင်းရိုးကျိုးခဲ့တာကြောင့် နှာခေါင်းကိုပါထပ်ပီး ခွဲစိတ်ခဲ့ရပါတယ်။”
၃။ Lee Si Young
မင်းသမီး Lee Si Young ဟာ ၁ဝနှစ်တာကာလအတွင်း ခွဲစိတ်မှုတွေ အများကြီးလုပ်ခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။ “ကျွန်မ ပထမဆုံး Plastic Surgery လုပ်ဖူးတယ်လို့ ဝန်ခံတုန်းက အဲ့ကိစ္စနှင့်ပက်သက်ပီး သတင်းတွေအများကြီး ထွက်ခဲ့ပါတယ်။
အဲ့လိုဖြစ်လိမ့်မယ်ဆိုတာကို လည်းကျွန်မကြိုတင်မှန်းထားပီးသားပါ။ဘာလို့မဖုံးထားလဲဆိုတော့ ကျွန်မရဲ့အရင်ဓာတ်ပုံတွေကို မြင်ဖူးသူတိုင်းသိပါတယ်။ အဲ့လောက်သိသာတဲ့ကိစ္စတစ်ခုကို ဖုံးကွယ်စရာ မလိုအပ်ဖူးလို့ ကျွန်မထင်တယ်။”
၄။Min Hyo Rin
Big Bang အဖွဲ့ဝင် Taeyang နှင့်လက်ထပ်ထားသော မင်းသမီး Min Hyo Rin ဟာ Plastic Surgery လုပ်ခဲ့ဖူးကြောင်း ၂၀၁၂ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။ မျက်လုံးကိုခွဲစိတ်ထားပီး နှာခေါင်းကတော့ သူမရဲ့နဂိုမူလနှာခေါင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ထိုကဲ့သို့ Plastic Surgery လုပ်ဖူးကြောင်းကို ဝန်ခံထားသော မင်းသမီးအရေအတွက်မှာ လက်ချိုးရေတွက်လို့ပင်ရပါတယ်။ သာမန်လူတစ်ယောက်တောင် လှချင်သည့် ခေတ်မှာအနုပညာရှင်ဆို ပို၍ရုပ်ပိုင်းဆိုင်ရာ ပြည်စုံမှုကို လိုချင်မှာပါ။
မလှတဲ့သူတစ်ယောက်က လှသွားအောင်ပြုပြင်တာဟာ အပြစ်မဟုတ်ပါ။မျက်နှာခွဲစိတ်ပီးနောက်ပိုင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသွားပီဆိုရင်တော့ ဒါဟာရလဒ်ကောင်းတစ်ခုပါ။ သို့သော်အလွန်အကျွံတော့ မလုပ်မိဖို့ သတိထားရန်လိုအပ်လှပါတယ်။ သဘာဝအတိုင်း မရှိသည့်အရာများတွင် အမြဲတမ်း ကောင်းကျိုး၊ဆိုးကျိုးက ဒွန်တွဲနေသောကြောင့်ပဲ ဖြစ်ပါတယ်။
Source: Korean Drama Fever