Dear Uniform ဆိုသည့်တရုတ်ဇာတ်လမ်းတွဲအသစ်ဟာ ၂၀၂၀ – ၂၀၂၁တွင် မျှော်လင့်ရမည့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ မင်းသား Johnny Huang Jingyu ကတော့ သွေးအေးပီးပြတ်သားတဲ့ စစ်ဗိုလ်ချုပ်ဇာတ်ရုပ်နှင့် သရုပ်ဆောင်ထားပါတယ်။
မင်းသမီး Li Qinကတော့ ကြင်နာပီးနူးညံသော စစ်ဆရာဝန်မလေးတစ်ဦးအဖြစ် မြင်တွေ့ရမှာပါ။ ဇာတ်လမ်းရဲ့ကျောရိုးက ပရိတ်သတ်ကြီး တစ်ခုခုကိုသတိရမသွားစေဘူးလား။ အများစုကတော့ အဆိုပါဇာတ်လမ်းတွဲဟာ နာမည်ကြီးတောင်ကိုရီးယားဇာတ်လမ်းတွဲ Descendants of the sun (DOTS) နှင့်ခပ်ဆင်ဆင် ဖြစ်နေသည်ဟု ဆိုကြပါတယ်။
မင်းသား Hwang Jingyu အတွက်တော့ဒါဟာ ပထမဆုံးစစ်သားဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ဖူးခြင်းမဟုတ်ပါ။ Operation Red Sea ဆိုသည့် အောင်မြင်ထားသည့် ရုပ်ရှင်တွင်လည်း စစ်သားတစ်ဦးအဖြစ် ပီပြင်စွာသရုပ်ဆောင်ဖူးပါတယ်။
သူဟာ စစ်သားတစ်ဦး၏ သွင်ပြင်နှင့်လည်း အလွန်လိုက်ဖက်လှပါတယ်။သရုပ်ဆောင်စွမ်းရည်တွင်လည်း ဟာကွက်မရှိသည့် မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ တဖက်တွင်လည်း မင်းသမီး Li Qin က နူးညံပီးပြတ်သားသလို ကြင်နာတတ်သည့် စိတ်နှလုံးရှိသည့် စစ်ဆရာဝန်မလေး တစ်ဦးအဖြစ် အပီအပြင်သရုပ်ဆောင်ထားပါတယ်။
တစ်ယောက်က ရဲရင့်ပီးစိတ်ဓာတ်မာကြောသောစစ်သားတစ်ဦး တယောက်ကတော့ နူးညံပီးကြင်နာတတ်သော ဆရာဝန်တစ်ဦး။ သူတို့နှစ်ဦးကြားမှာ အချစ်ဆိုသည့်အရာ မည်ကဲ့သို့ပေါက်ဖွားလာမှာလဲဆိုတာကိုတော့ ပရိတ်သတ်များ စိတ်ဝင်စားနေကြပါတယ်။ တဖက်တွင်လည်း ပရိတ်သတ်များက DOTSကဲ့သို့ ကောင်းမွန်သော ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်နေကြပါတယ်။
Source:jqknews