တန်ဖိုးကြီးကားကိုစီးနိုင်သော်လည်း မော်ဒယ်နိမ့် ကားကိုသာ တယုတယမောင်းနှင်နေသည့် Girls’ Generation အဖွဲ့ဝင် YoonA

တောင်ကိုရီးယားပြည်သူများကတော့ Girl’s generation အဖွဲ့ဝင် YoonA၏ မကြွားမဝါနေတတ်မှုကို ချီးကျူးနေကြပါတယ်။ ဇွန်လ ၆ကယရက်နေ့တွင် tvNမှထုတ်လွှင့်သည့် “ON & OFF” အစီအစဉ်တွင် YoonA ဟာသူမ၏ နေ့စဉ်နေထိုင်ပုံ၊ လှုပ်ရှားသွားလာပုံတို့ကို ရိုက်ကူးတင်ဆက်မှု လုပ်ခဲ့ပါတယ်။ ထိုအစီအစဉ်တွင် သူမအမြဲသုံးနေကျ ကားကိုပြသခဲ့ပါတယ်။အဆိုပါကားမှာ Porsche တံဆိပ်ဖြစ်ပီး အနီးစပ်ဆုံး ကိုရီးယားဝမ် သန်း၁၀၀ အထက်ရှိသည်ဟု ဆိုကြပါတယ်။

အမှန်တကယ်တော့ Porsche ကားဟာ သူမအတွက်တော့ သာမန်စျေးနှုန်းသာပေးရသော ကားတစ်စီးပဲဖြစ်ပါတယ်။ YoonA ၏ချမ်းသာမှု အနေအထားနှင့်ယှဉ်လျှင် အဆိုပါကားဟာ ဘာမှမပြောလောက်သည့်ပမာဏပဲ ဖြစ်ပါတယ်။ YoonA ဟာဆိုလျှင် SM entertainment ၏ အချမ်းသာဆုံး အမျိုးသမီး အဆိုတော်များထဲတွင် ပါဝင်သူတယောက်လည်း ဖြစ်ပါတယ်။

သူမ၏ဘယ်လောက်ချမ်းသာကြောင်းကိုလည်း tvNews နှင့် Forbes တို့တွင် ဖော်ပြဖူးပါတယ်။ သူမအနေနှင့် ကားဝယ်စီးမည်ဆိုလျှင် Lamborghini နှင့် Mclaren စသည့်ဇိမ်ခံကားများကို အသာလေးဝယ်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။

ထို့အပြင်သူမဟာ ရရှိသည့်အနုပညာကြေးများကိုလည်း မကြာခဏ လှူဒါန်းလေ့ရှိပါသေးသည်။ ကိန်းကြီးခန်းကြီးမနေထိုင်ဘဲ ကိုယ့်ကိုယ်ကိုနှိမ့်ချနေထိုင်တတ်သည့် အနုပညာရှင်ထဲတွင်တော့ YoonA ကထိပ်ဆုံးကနေ ပါဝင်မှာပဲ ဖြစ်ပါတယ်။

ထို့ကြောင့် တောင်ကိုရီးယားပြည်သူများက သူမ၏ ပိုက်ဆံကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် စီမံခန့်ခွဲနိုင်မှုကို ချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ့်တွင်ရှိသလောက် ပိုက်ဆံကိုအကုန်ထုတ်မသုံးဘဲ စနစ်တကျ စီမံခန့်ခွဲနိုင်တာလည်း အရည်အချင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

အခြားအနုပညာရှင်များကိုလည်း သူမကိုအတုယူကြဖို့လည်း ပြောဆိုခဲ့ကြပါတယ်။ ပစ္စည်းတစ်ခုဆိုတာ စျေးကြီးဖို့ထက် ကိုယ့်အတွက်အဆင်ပြေဖို့က ပိုအရေးကြီးတယ်ဆိုတာကို YoonAကပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လောက်တန်ဖိုးကြီးတဲ့အရာကို ပိုင်ဆိုင်ထားထား ကိုယ့်အတွက် အသုံးမဝင်ရင်တော့ အလကားပဲဖြစ်မှာပါ။

Source: Allkpop

Share