Jeon So Min အပေါ် မညှာမတာ ဝေဖန်မှုတွေကြောင့် Running Man မက်ဆေ့ဂျ်ဘုတ်ကို ပိတ်ထားလိုက်ရ

Running Man ပရိတ်သတ်တွေအတွက် ပြုလုပ်ထားတဲ့ တရားဝင် message board ကို ဘယ်သူမှစာတွေထပ်ပို့လို့မရအောင် ဆောင်ရွက်ထားလိုက်ပြီလို့ ရိုက်ကူးရေးအဖွဲ့သားတွေက ပြောခဲ့ပါတယ်။ အဖွဲ့ဝင် Jeon So Min ကို မညှာမတာ ဝေဖန်တိုက်ခိုက်တဲ့ စာတွေနဲ့ ပြည့်နေလို့ပါ။

So Min နဲ့ Se Chan တို့ အဖွဲ့ဝင်အသစ်အဖြစ်ရောက်လာကတည်းက ပရိတ်သတ်တွေကြားထဲ ဝေဖန်မှုတွေဆူညံခဲ့ပြီး မိန်းကလေးဖြစ်တဲ့ So Min ကတော့ ဝေဖန်မှုဒဏ်ကို ပိုခံစားရတာပါ။ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး အသားကျအောင် ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ သူ့ကိုဝေဖန်မှုတွေက ပျောက်ကွယ်မသွားခဲ့ပါဘူး။

မတ်လကပဲ ထိခိုက်ဒဏ်ရာရမှုကြောင့် ရိုက်ကူးရေး​ေတာင် အနားယူခဲ့ရတဲ့ So Min ဟာ အခုလက်ရှိမှာလဲ အမုန်းစကားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေရပြီလို့ဆိုပါတယ်။ ဒါကြောင့် သူ့ကိုစော်ကားတဲ့စကားတွေကို မမြင်ရစေဖို့ ဒီလိုဆောင်ရွက်ခဲ့တာပါတဲ့။

မကြာသေးခင်ကလဲ သူ့ရဲ့အစ်ကိုဖြစ်သူက အမုန်းစကားတွေဟာ သူတို့တစ်မိသားစုလုံးအပေါ်သပ်ရောက်မှု ရှိခဲ့ကြောင်း ပြောခဲ့တာတောင် သဲကြီးမဲကြီးထိုးနှက်နေကြတဲ့ ဝေဖန်သူတွေကိုလဲ နားလည်လို့တောင် မရတော့ပါဘူး။ So Min တစ်ယောက် စိတ်မထိခိုက်ရပဲ အမြဲပျော်ရွှင်နေဖို့ Myanmar Cele Bar အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်။

source : allkpop

Share