Dear class of 2020 တွင် ထူခြားသည့်အသံစွမ်းရည်၊ ပြောင်မြောက်သောအကတို့ကြောင့် ချီးကျူးခံနေရသော BTS အဖွဲ့ဝင် V

BTS အဖွဲ့ဟာ Youtube မှပြုလုပ်သည့် Dear Class of 2020တွင် ပါဝင်ဖျော်ဖြေခဲ့ပီး သူတို့၏ပြောင်မြောက်လှသော တင်ဆက်မှုများကြောင့် လူအများ၏ ချီးကျူးခံရမှကို ရရှိခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်သော Kim Taeyung (V) မှာလည်း အဆိုပါတင်ဆက်မှုအပီးတွင် လူမှုကွန်ရက်ပေါ်တွင် ပြောစရာတစ်ခုဖြစ်စေခဲ့ပါတယ်။ သူ့၏ ထူးခြားသောအဆိုစွမ်းရည်ဟာ ပရိတ်သတ်များကြားထဲတွင် ပြောစမှတ်တွင်ခဲ့ပါတယ်။

ထို့အပြင် Vဟာ ထိုအစီအစဉ်တွင် မိန့်ခွန်းပြောရာတွင် Sign Language ( ဆွံအနားမကြားသူများနားလည်စေရန် လက်ဟန်ခြေဟန်ဖြင် စကားပြောခြင်း) ကိုလည်းအသုံးပြုခဲ့သဖြင့် ပရိတ်သတ်များသာမက ဝေဖန်ရေးသမားများထံကပါ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

ထို့အပြင်သူ့၏ ခန့်ညားလှသောရုပ်ရည်၊အပြင်အဆင်တို့ကလည်း ပြောစရာဖြစ်စေခဲ့ပါသေးသည်။ သူရဲ့အသံနှင့် အကတို့ကြောင့်လည်း ဂျပန်၊ Saudi Arabia စသည့်နိုင်ငံများ၏ Internet အသုံးပြုသူများကြားတွင် hot topic လည်းဖြစ်ခဲ့ပါတယ်။

Vဟာ နိုင်ငံတကာမှ အခြားနာမည်ကြီး အနုပညာရှင်များထံမှ ကောင်းမွန်သည့် ဝေဖန်မှုများကိုလည်း ရရှိခဲ့ပါတယ်။ လွန်ခဲ့သည့်ရက်ပိုင်းလောက်ကပင် Renan Brites Pexioto ဆိုသည့် သတင်းသမား ( Journalist) တစ်ယောက်ဆီမှ အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။

အဆိုပါ Journalist ဟာ Globo News မှဖြစ်ပီး Latin America ၏အကြီးဆုံး စီးပွားရေးကြော်ငြာ ကုမဏ္ဏီ၏ producer တစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ V ဟာ Psy ထက်ပင် ပို၍ကောင်းသော အနုပညာရှင်တစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ထို့အပြင် V ဟာ အနောက်နိုင်ငံများ၏ နာမည်ကြီးအဖွဲ့ဖြစ်သော The Beatles မှ Paul McCartney နှင့် တူနေပီး ထိုသူကဲ့သို့ပင် အနာဂတ်တွင် အောင်မြင်မှုများ ရရှိဦးမည်ဟု ပြောခဲ့ပါတယ်။

Source:allkpop

Share