Twice အဖွဲ့ဝင် Chaeyoung ၏လက်မောင်းတွင် တက်တူးရှိနေကြောင်း Once များကအတည်ပြု

Twice အဖွဲ့သည် JYP entertainment ၏လက်အောက်တွင်ရှိသော နာမည်ကြီးမိန်းကလေး အဖွဲ့ဖြစ်ပါတယ်။Chaeyoung သည်သူမ၏ ထူးခြားလှသော Tattoo များကြောင့်လည်း နာမည်ကြီးပါတယ်။ တောင်ကိုရီးယား အနုပညာရှင် အထူးသဖြင့် အဆိုတော် အဖွဲ့များတွင် Tattoo ထိုးတယ်ဆိုတာ ရှားပါသည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပါတယ်။

Jay Park, Amber စသည့်အနုပညာရှင် အနည်းစုသာ သူတို့၏ Tattoo များကို ရဲရဲဝင့်ဝင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဇွန်လ ၉ရက်နေ့တွင် Twice အဖွဲ့ဟာ သူတို့ရဲ့ More & More MTV၏ နောက်ကွယ်မှရိုက်ကွင်း ပုံရိပ်များကို Youtube ပေါ်တွင် တင်ခဲ့ပါတယ်။

ထိုဗီဒီယိုထဲတွင် Chaeyoung ၏လက်မောင်းတွင် အမဲရောင်အရာတစ်ခု ရှိနေသည်ကို Fan များကသတိထားမိလိုက်ပါတယ်။ Chaeyoung ဟာ အဖြူရောင် လက်ရှည်အကျီင်္ကို ဝတ်ဆင်ထားသော်လည်း tattoo လို့ထင်ရတဲ့အရာတစ်ခုခုကို သဲသဲကွဲကွဲ မြင်လိုက်ရပါတယ်။

အဆိုပါ tattoo ဟာတော်တော်လေးပင် အရွယ်အစားကြီးလှပါတယ်။ ပခုံးမှ တံတောင်ဆစ်အထိ တောက်လျှောက်ရေးဆွဲခြင်းဖြစ်ပါတယ်။ နောက်ထပ်သေချာသည့်အချက်တစ်ခုကတော့ Inkigayo မှာ Twice အဖွဲ့ More & More ကို ဖျော်ဖြေစဉ် သူမရဲ့ပုခုံးတွင် တိပ်ကပ်ထားခြင်းပင် ဖြစ်ပါတယ်။

အဆိုပါတိပ်ဟာ tattoo များကို ဖုံးကွယ်လိုသည့်အခါ အသုံးပြုသည့် တိပ်တစ်ခုလည်း ဟုတ်ပါတယ်။ Chaeyoung တွင် အခြားသေးငယ်သော tattoos များလည်းရှိသေးပါတယ်။ သို့သော်ယခုတစ်ခေါက် fan များတွေ့လိုက်ရသော သူမ၏လက်မောင်းမှ tattoo ကတော့အရွယ်အစား အကြီးဆုံးဖြစ်ပါတယ်။

အချို့ပရိတ်သတ်များကတော့ idol တစ်ယောက်ဖြစ်သည့်အတွက် ထိုကဲသို့ tattoo အကြီးကြီးကို မထိုးသင့်ကြောင်း ပြောဆိုကြပါတယ်။သို့သော်ဒါဟာ သူမ၏ ရွေးချယ်မှုဖြစ်သည့် အတွက်လေးစားသင့်သည်ဟု ထင်မိပါတယ်။ အရွယ်ရောက်ပီးသူတစ်ယောက်၏ လွတ်လပ်ခွင့်ကို မတားဆီးသင့်ဟု၍လည်း ပြောဆိုနေကြပါတယ်။

Source: koreaboo

Share