၈နှစ်ကြာပီးနောက်မှ 56th Baeksang Awards ဆုပေးတွင် ပြန်လည်ဆုံတွေ ့ကြသည့် Kim Yoo Jung နှင့် Im Siwan

ZE:A အဖွဲ့၏ အဖွဲ ့ဝင်တစ်ဦးဖြစ်သော Im Siwan ဟာ အဆိုပိုင်းတွင်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ ထူးချွန်သော အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ Kim Yoo Jung ဆိုသည်မှာလည်း ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပီး ယခုဆိုလျှင်တော့ ဝါရင့်မင်းသမီး တစ်ဦးဟုပင်ဆိုလို့ရလောက်ပါတယ်။

သူမ၏ အောင်မြင်ကျော်ကြားခဲ့သော နန်းတွင်းဇာတ်လမ်းတွဲများစွာလည်း ရှိပါတယ်။ ထိုအထဲမှာမှ The moon embracing the sun ဇာတ်လမ်းတွဲတွင် Im Siwan နှင့်အတူတူ ရိုက်ကူးခဲ့ဖူးခြင်းဖြစ်ပါတယ်။

ဇွန်လ ၉ ရက်နေ့တွင် Im Siwan ဟာသူ့၏ Ig acc တွင် Kim Yoo Jung နှင့်တွဲဖက်ရိုက်ကူးထားသော ဓာတ်ပုံကို ” မတွေ့တာကြာပီဖြစ်တဲ့ Yoo Jung နှင့်အတူ” ဆိုသည့် caption ကိုရေးသားပီး post တစ်ခုတင်လိုက်ပါတယ်။

အဆိုပါဓာတ်ပုံဟာ ဇွန် ၅ရက်နေ့တွင် ကျင်းပသော ၅၆ကြိမ်မြောက် baeksang ဆုပေးပွဲတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ ထိုပွဲတွင် Kim Yoo Jung နှင့် Im Siwan တို့မှ အတူတူဆုကြေငြာပေးခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၂ခုနှစ်တွင် ထွက်ရှိခဲ့သော The moon embracing the sun တွင် ကလေးသရုပ်ဆောင်များအဖြစ် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ Kim Yoo Jung ကတော့ မင်းသမီး Han Ga In၏ ကလေးဘဝဇာတ်ရုပ်တွင် သရုပ်ဆောင်ခဲ့ရပီး Im Siwan ကတော့ မင်းသား Song Jae Hee ၏ ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ကလေးသရုပ်ဆောင်အနေနှင့် တွေ့ဆုံခဲ့ကြသော သူတို့နှစ်ဦးဟာ ယခုဆိုလျှင် အရွယ်ရောက်နေတဲ့သူနှစ်ဦး ဖြစ်နေပါပီ။ လတ်တတော့တွင် Im Siwan က Declaration of Emergency ဆိုသည့်ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မည်ဟု သိရပါတယ်။ Kim Yoo Jung ကတော့ မင်းသား Ji Chang Wook နှင့်အတူ ဇွန်လ ၁၂ရက်နေ့တွင် Backstreet Rookie ဇာတ်လမ်းတွဲ ထွက်ရှိတော့မှာပဲ ဖြစ်ပါတယ်။

Source: Soompi

Share