IU အား Plastic Surgery လုပ်ထားသည်ဟု သတင်းမှားဖြန့်သည့်သူများကို ပရိတ်သတ်တစ်ဦးမှ အထောက်အထားနှင့်တကွ ပြန်လည်ချေပ

IU ဟာအာလုံးသိတဲ့အတိုင်း Plastic Surgery လုပ်မထားပဲ သဘာဝအတိုင်းလှသည့် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သို့သော် Haters တော်တော်များကက IU ၏ အတိတ်မှ ဓာတ်ပုံများကိုအသုံးပြု၍ IU သည်ခွဲစိတ်မှုများလုပ်ထားကြောင်း စသည်ဖြင့် တိုက်ခိုက်ကြပါတယ်။
အဆိုပါတိုက်ခိုက်မှုများကို ကြည့်မနေနိုင်သည့် ပရိတ်သတ်တစ်ဦးက IU ဟာခွဲစိတ်ထားခြင်းမဟုတ်ကြောင်း သက်သေ၊ အထောက်အထားများနှင့် တကွပြောကြားထားပါတယ်။

၁။ အဆိုပါဓာတ်ပုံကိုကြည့်၍ မနာလိုသူ တော်တော်များများက IU ဟာခွဲစိတ်ထားတယ်လို့ပြောကြပါတယ်။အမှန်တော့ IU ဟာထိုအချိန်တုန်းက ဝိတ်မချရသေးပါဘူး။ပီးတော့ အဲ့တုန်းက မိတ်ကပ်အပြင်အဆင်ကြောင့်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ IU ဟာ weight ကိုလည်းချခဲ့ပီး မိတ်ကပ်အပြင်အဆင်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။

၂။ထိုကဲ့သိုမျက်နှာခွဲစိတ်တယ်လို့ စွပ်စွဲကရုံအပြင် IU အား အသားဖြူ အောင် ပြုပြင်မှုများပြုလုပ်ခဲ့သည်လို့ ပြောကြပြန်ပါသည်။ ထိုဖြစ်ရပ်နှင့် ပက်သက်ပီးတော့ IU ဟာ Debute စစလုပ်ချင်းတွင် သူမရဲ့ သီချင်းဆိုဟန်၊ stage အနေအထား၊ ဝတ်ပုံစားပုံကို လူကြီးဆန်အောင်လုပ်ခဲ့ရသည့်အတွက် များသောအားဖြင့် မိတ်ကပ်ကို ညိိုညိုမှိုင်းမှိုင်း ပုံစံဖြစ်အောင် ဖန်တီးခဲ့ရပါတယ်။သို့သော် IU အဆိုတော်မဖြစ်ခင်ဓာတ်ပုံများကိုကြည့်ခြင်းအားဖြင့် IU ဟာနဂိုကတည်းက အသားဖြူသည့်သူတစ်ဦး ဖြစ်ကြောင်းသိရမှာပါ။

၃။လူအများက IU နှင့် ဆရာဝန်တစ်ဦး တွဲ၍ရိုက်ထားသော ဓာတ်ပုံကိုဖြန့်၍ IU ဟာသူ့ကိုခွဲစိတ်ပေးသည့် ဆရာဝန်နှင့် ဓာတ်ပုံအတူတူရိုက်ခဲ့သည်ဟု စွပ်စွဲကြပြန်ပါသေးသည်။ အမှန်တော့ အဆိုပါဓာတ်ပုံဟာ IU skin care လုပ်သည့် ဆေးရုံပဲဖြစ်ပါသည်။ဆေးရုံ၏အမည်မှာID Esthetics ဖြစ်ပီး အဆိုပါဆေးရုံဟာ အရေးပြားထိန်းသိမ်းရေးနှင့် ပက်သက်သည့် ဆေးရုံတစ်ခုသာဖြစ်ပါတယ်။

၄။IU ၏မျက်လုံးကိုခွဲစိတ်ထားတယ်လို့ ပြောဆိုသည့်သတင်းနှင့်ပက်သက်ပီး IU ၏ မျက်လုံးသီးသန့်ပုံများကို စုစည်းဖော်ပြပေးထားပါတယ်။ တစ်စုံတစ်ရာပြောင်းလဲသွားခြင်း မရှိသည်ကိုတွေ့ရမှာပါ။

IUမှ မျက်နှာခွဲစိတ်မှု ပြုလုပ်ထားသလား ၊ မလုပ်ထားသည်ကို IU၏ ငယ်ဘဝဓာတ်ပုံများကိုကြည့်လျှင် ရှင်းရှင်းလင်းလင်းကို သိရမှာပါ။ ငယ်ရုပ်မပြောင်းသော IU ပဲဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရင်လျှင် IU ဟာမည်သည့်ခွဲစိတ်မှုမျှမလုပ်ထားပဲ သဘာဝအတိုင်းလှသည့် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

Source:koreaboo

Share