ခုနစ်နှစ်တာ အချစ်ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီလို့ Yoon Kye Sang နဲ့ Honey Lee အတည်ပြု

ဂျွန်လ ၁၁ ရက်နေ့မနက်မှာပဲ Yoon Kye Sang ဟာ အေဂျင်စီကနေ နှုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့အတူ အေဂျင်စီတစ်ခုတည်းလက်အောက်မှာ အလုပ်လုပ်နေတဲ့ ချစ်သူ Lee Honey နဲ့လဲ ပြတ်စဲလိုက်ပြီဆိုတဲ့ သတင်းကပါ ပူးတွဲထွက်လာခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ Saram Entertainment ဟာ “Yoon Kye Sang နဲ့ Honey Lee ဟာ နှစ်ယောက်သား ချစ်သူဆက်ဆံရေးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လုပ်ဖော်ကိုင်ဖက်ကောင်းတွေအဖြစ်တော့ ဆက်ရှိသွားကြမှာပါ။

နှစ်ယောက်လုံးရဲ့ အနာဂတ်အနုပညာ လှုပ်ရှားမှုတွေကို ပရိတ်သတ်တွေ ဆက်လက်အားပေးဖို့ မျှော်လင့်ပါတယ်” လို့ သတင်းတွေကို အတည်ပြုပေးခဲ့ပါတယ်။

နာမည်ကျော် G.O.D အဖွဲ့ဝင် မင်းသား Yoon Kye Sang နဲ့ မော်ဒယ်/မင်းသမီး Lee Honey တို့ဟာ ၂၀၁၃ ခုနှစ်တည်းက လူသိရှင်ကြား စတင်ချိန်းတွေ့ခဲ့ကြတာဖြစ်ပြီး ချစ်သူရဲ့အေဂျင်စီနဲ့ပါ လက်တွဲခဲ့တာကြောင်​့ ပရိတ်သတ်တွေအရမ်းအားပေးပြီး လက်ထပ်စေချင်တဲ့အထိ သဘောတူတဲ့ စုံတွဲလေးပါ။

သူတို့ရဲ့လမ်းခွဲသတင်းကြောင့် သူတို့ကိုချစ်ကြတဲ့ ပရိတ်သတ်တွေက စိတ်မကောင်းဖြစ်ပေမယ့် နှစ်ယောက်လုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး ဆက်လက်အားပေးကြမယ်လို့ allkpop သတင်းဌာနအောက်က မှတ်ချက်တွေမှာ တွေ့ရပါတယ်။

(Zawgyi) ခုနစ္ႏွစ္တာ အခ်စ္ဇာတ္လမ္းကို အဆုံးသတ္လိုက္ၿပီလို႔ Yoon Kye Sang နဲ႔ Honey Lee အတည္ျပဳ

ဂၽြန္လ ၁၁ ရက္ေန႔မနက္မွာပဲ Yoon Kye Sang ဟာ ေအဂ်င္စီကေန ႏႈတ္ထြက္လိုက္ၿပီဆိုတဲ့ သတင္းေတြနဲ႔အတူ ေအဂ်င္စီတစ္ခုတည္းလက္ေအာက္မွာ အလုပ္လုပ္ေနတဲ့ ခ်စ္သူ Lee Honey နဲ႔လဲ ျပတ္စဲလိုက္ၿပီဆိုတဲ့ သတင္းကပါ ပူးတြဲထြက္လာခဲ့ပါတယ္။

ေန႔လည္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ့ Saram Entertainment ဟာ “Yoon Kye Sang နဲ႔ Honey Lee ဟာ ႏွစ္ေယာက္သား ခ်စ္သူဆက္ဆံေရးကို အဆုံးသတ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။ လုပ္ေဖာ္ကိုင္ဖက္ေကာင္းေတြအျဖစ္ေတာ့ ဆက္ရွိသြားၾကမွာပါ။

ႏွစ္ေယာက္လုံးရဲ့ အနာဂတ္အႏုပညာ လႈပ္ရွားမႈေတြကို ပရိတ္သတ္ေတြ ဆက္လက္အားေပးဖို႔ ေမၽွာ္လင့္ပါတယ္” လို႔ သတင္းေတြကို အတည္ျပဳေပးခဲ့ပါတယ္။

နာမည္ေက်ာ္ G.O.D အဖြဲ႕ဝင္ မင္းသား Yoon Kye Sang နဲ႔ ေမာ္ဒယ္/မင္းသမီး Lee Honey တို႔ဟာ ၂၀၁၃ ခုႏွစ္တည္းက လူသိရွင္ၾကား စတင္ခ်ိန္းေတြ႕ခဲ့ၾကတာျဖစ္ၿပီး ခ်စ္သူရဲ့ေအဂ်င္စီနဲ႔ပါ လက္တြဲခဲ့တာေၾကာင္​့ ပရိတ္သတ္ေတြအရမ္းအားေပးၿပီး လက္ထပ္ေစခ်င္တဲ့အထိ သေဘာတူတဲ့ စုံတြဲေလးပါ။

သူတို႔ရဲ့လမ္းခြဲသတင္းေၾကာင့္ သူတို႔ကိုခ်စ္ၾကတဲ့ ပရိတ္သတ္ေတြက စိတ္မေကာင္းျဖစ္ေပမယ့္ ႏွစ္ေယာက္လုံးရဲ့ ဆုံးျဖတ္ခ်က္ကို ေလးစားၿပီး ဆက္လက္အားေပးၾကမယ္လို႔ allkpop သတင္းဌာနေအာက္က မွတ္ခ်က္ေတြမွာ ေတြ႕ရပါတယ္။

source: allkpop

Share