မသိတတ်သေးတဲ့အရွယ်တုန်းက လူမှုကွန်ယက်ပေါ်ကကိစ္စတွေ အတွက် ဖွင့်ဟခဲ့တဲ့ Jeon Jin Seo

The World of The Married ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ ကလေးသရုပ်ဆောင်လေး Jeon Jin Seo ကိုတော့ အားလုံးသိကြမှာပါ။ တစ်ဟုန်ထိုးအောင်မြင်လာတာနှင့်အမျှ သူ့ရဲ့ ငယ်ရွယ်စဉ်က လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့တဲ့ စာသားအချို့ဟာ လူဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။

​ဂျွန်လ ၁၀ ရက်နေ့မှာတော့ Jeon Jin Seo ဟာ “You Quiz on the Block” မှာ guest အဖြစ်ပါဝင်ခဲ့ပြီး ကလေးသရုပ်ဆောင် အဖြစ်ရပ်တည်ရတဲ့ ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။ “အရမ်းခက်ခဲခဲ့တာပေါ့ တကယ်မလွယ်ကူခဲ့ဘူး။ ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိသလောက်ပဲ။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ချင်ရင်တောင် စိတ်တိုင်းကျသွားလို့မရဘူး။ တစ်ခုခုလုပ်ချင်တိုင်း သရုပ်ဆောင်ဆိုတာ ဒီလိုမဖြစ်သင့်ဘူးလို့ပဲ ကြားနေရတယ်”

ဆက်လက်ပြီးတော့ သူ့ရဲ့လူမှုကွန်ယက်မှာတင်ခဲ့တဲ့ ရိုင်းပျတဲ့စာသားတွေအကြောင်းကိုလဲ “ကျွန်တော် အမှားလုပ်ခဲ့တာ ကျွန်တော်ဝန်ခံပါတယ်။ အဝတ်လဲခန်းကိုသွားတော့ မိနစ်နှစ်ဆယ်လောက် ငိုခဲ့တယ်။

တစ်ခါတစ်လေကျရင် ကျွန်တော့်ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ဖုံးကွယ်ထားဖို့ သရုပ်ဆောင်ပြီး နေနေရသလိုလဲ တွေးမိတယ်။ ဒါပေမယ့် လူတွေကျွန်တော့်ကို လိမ္မာတဲ့ကောင်လေးအဖြစ်ပဲ မှတ်မိနေပြီး မိုက်ကန်းကန်း Lee Joon Young (The World of the Married) လို့ မမှတ်မိနေဖို့တော​့ မျှော်လင့်ပါတယ်။

သူဒီလိုပွင့်ပွင့်လင်းလင်းရှင်းပြပြီးတဲ့ နောက်မှာတော့ သူ့ကိုဝေဖန်ခဲ့သူအချို့ကလဲ ဒီလိုအရွယ်လေးနဲ့ ကိုယ့်အမှားကိုယ်တာဝန်ယူတာ လေးစားစရာဖြစ်ကြောင်း မသိတတ်သေးတဲ့အရွယ်မှာ စိတ်လိုက်မာန်ပါဖြစ်ခဲ့တာတွေကိုတော့ ဆင်ခြင်သင့်ကြောင်း ပြောပြခဲ့ကြသူတွေရှိပြီး ဆက်လက်ဝေဖန်နေသူလဲ ရှိပါတယ်။

(Zawgyi) မသိတတ္ေသးတဲ့အရြယ္တုန္းက လူမႈကြန္ယက္ေပၚကကိစၥေတြ အတြက္ ဖြင့္ဟခဲ့တဲ့ Jeon Jin Seo

The World of The Married ဇာတ္လမ္းတြဲနဲ႔ ပရိတ္သတ္ေတြ ခ်စ္ခင္အားေပးခဲ့ၾကတဲ့ ကေလးသ႐ုပ္ေဆာင္ေလး Jeon Jin Seo ကိုေတာ့ အားလုံးသိၾကမွာပါ။ တစ္ဟုန္ထိုးေအာင္ျမင္လာတာႏွင့္အမၽွ သူ႔ရဲ့ ငယ္ရြယ္စဥ္က လူမႈကြန္ယက္ေပၚမွာ တင္ခဲ့တဲ့ စာသားအခ်ိဳ႕ဟာ လူေဝဖန္စရာ ျဖစ္လာခဲ့ပါတယ္။

​ဂၽြန္လ ၁၀ ရက္ေန႔မွာေတာ့ Jeon Jin Seo ဟာ “You Quiz on the Block” မွာ guest အျဖစ္ပါဝင္ခဲ့ၿပီး ကေလးသ႐ုပ္ေဆာင္ အျဖစ္ရပ္တည္ရတဲ့ ဘဝအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

“အရမ္းခက္ခဲခဲ့တာေပါ့ တကယ္မလြယ္ကူခဲ့ဘူး။ ကၽြန္ေတာ္လုပ္နိုင္တာ ဘာမွမရွိသေလာက္ပဲ။ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ခ်င္ရင္ေတာင္ စိတ္တိုင္းက်သြားလို႔မရဘူး။ တစ္ခုခုလုပ္ခ်င္တိုင္း သ႐ုပ္ေဆာင္ဆိုတာ ဒီလိုမျဖစ္သင့္ဘူးလို႔ပဲ ၾကားေနရတယ္”

ဆက္လက္ၿပီးေတာ့ သူ႔ရဲ့လူမႈကြန္ယက္မွာတင္ခဲ့တဲ့ ရိုင္းပ်တဲ့စာသားေတြအေၾကာင္းကိုလဲ “ကၽြန္ေတာ္ အမွားလုပ္ခဲ့တာ ကၽြန္ေတာ္ဝန္ခံပါတယ္။ အဝတ္လဲခန္းကိုသြားေတာ့ မိနစ္ႏွစ္ဆယ္ေလာက္ ငိုခဲ့တယ္။

တစ္ခါတစ္ေလက်ရင္ ကၽြန္ေတာ့္ရင္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာ ဖုံးကြယ္ထားဖို႔ သ႐ုပ္ေဆာင္ၿပီး ေနေနရသလိုလဲ ေတြးမိတယ္။ ဒါေပမယ့္ လူေတြကၽြန္ေတာ့္ကို လိမၼာတဲ့ေကာင္ေလးအျဖစ္ပဲ မွတ္မိေနၿပီး မိုက္ကန္းကန္း Lee Joon Young (The World of the Married) လို႔ မမွတ္မိေနဖို႔ေတာ​့ ေမၽွာ္လင့္ပါတယ္။

သူဒီလိုပြင့္ပြင့္လင္းလင္းရွင္းျပၿပီးတဲ့ ေနာက္မွာေတာ့ သူ႔ကိုေဝဖန္ခဲ့သူအခ်ိဳ႕ကလဲ ဒီလိုအရြယ္ေလးနဲ႔ ကိုယ့္အမွားကိုယ္တာဝန္ယူတာ ေလးစားစရာျဖစ္ေၾကာင္း မသိတတ္ေသးတဲ့အရြယ္မွာ စိတ္လိုက္မာန္ပါျဖစ္ခဲ့တာေတြကိုေတာ့ ဆင္ျခင္သင့္ေၾကာင္း ေျပာျပခဲ့ၾကသူေတြရွိၿပီး ဆက္လက္ေဝဖန္ေနသူလဲ ရွိပါတယ္။

source : allkpop

Share