Running Man ၁ဝနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အဖွဲ့ဝင် (၈)ဦးစလုံးပါဝင်မည့် Live broadcast တစ်ခုပြုလုပ်မည်

ဇူလိုင် ၁၂ရက်နေ့တွင် Running Man အဖွဲ့ဝင်များမှ Live လွှင့်ပီး ပရိတ်သတ်များနှင့် တိုက်ရိုက်ဆက်သွယ်မှာပဲ ဖြစ်ပါတယ်။ Running Man အစီအစဉ်ဟာ ဇူလိုင် ၁၁ရက်နေ့၊ ၂၀၁ဝခုနှစ်တွင် စတင်ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုမျိုး အဖွဲဝင်အားလုံးစုပီး Live လွှင့်မည့်အစီအစဉ်ဟာလည်း ပထမဆုံးပင် ဖြစ်ပါတယ်။ ၁ဝနှစ်ပြည့်တိုင်အောင် အားပေးလာသည့် Running Man ပရိတ်သတ်ကြီးအတွက် စီစဉ်ထားသည့် အစီအစဉ်လည်း ဖြစ်ပါတယ်။

Live မှာပြုလုပ်မည့် အစီအစဉ်တွေနှင့် ပရိတ်သတ်တွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကိုတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဒါ့အပြင့် Running Man program ၏ ၁ဝနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပရိတ်သတ်များက အဖွဲ့ဝင်များကို ပြန်လည်ဆော့စေချင်သည့် ကစားနည်းများ ကိုသူတို့၏ တရားဝင်အသုံးပြုသည့် social media များတွင် အကြံလည်းပေးနိုင်ကြောင်း ပြောထားပါတယ်။

ဇူလိုင်၁၂ ရက်နေ့တွင် အဖွဲ့ဝင် ၈ ဦးစလုံး မည်သည့်ပုံစံဖြင့် Live လွှင့်ကြမလဲဆိုတာကိုတော့ တရားဝင်မထုတ်ပြန်သေးပါ။ ဇူလိုင် ၁၂ ရက်နေ့ဟာဆိုရင်တော့ Running Man show ၁ဝနှစ်တင်းတင်းပြည့်မှာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်များက Live အစီအစဉ်ကိုလည်း ရင်ခုန်စွာနှင့် စောင့်မျှော်နေပါတယ်။ ယခုအပတ်ထွက်ရှိမည့် Running Man အပိုင်းသစ် ၅၀၇ တွင်တော့ Ji Chang Wook ၊ Kim Yoo Jung ၊ Han Seon Hwa နှင့် Do Sang Woo တို့မှguest အဖြစ်ပါဝင်မှာပဲ ဖြစ်ပါတယ်။

(Zawgyi) Running Man ၁ဝႏွစ္ျပည့္ အထိမ္းအမွတ္ အေနျဖင့္ အဖြဲ႕ဝင္ (၈)ဦးစလုံးပါဝင္မည့္ Live broadcast တစ္ခုျပဳလုပ္မည္

ဇူလိုင္ ၁၂ရက္ေန႔တြင္ Running Man အဖြဲ႕ဝင္မ်ားမွ Live လႊင့္ပီး ပရိတ္သတ္မ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္မွာပဲ ျဖစ္ပါတယ္။ Running Man အစီအစဥ္ဟာ ဇူလိုင္ ၁၁ရက္ေန႔၊ ၂၀၁ဝခုႏွစ္တြင္ စတင္ခဲ့တာပဲျဖစ္ပါတယ္။

အခုလိုမ်ိဳး အဖြဲဝင္အားလုံးစုပီး Live လႊင့္မည့္အစီအစဥ္ဟာလည္း ပထမဆုံးပင္ ျဖစ္ပါတယ္။ ၁ဝႏွစ္ျပည့္တိုင္ေအာင္ အားေပးလာသည့္ Running Man ပရိတ္သတ္ႀကီးအတြက္ စီစဥ္ထားသည့္ အစီအစဥ္လည္း ျဖစ္ပါတယ္။

Live မွာျပဳလုပ္မည့္ အစီအစဥ္ေတြႏွင့္ ပရိတ္သတ္ေတြ ဘယ္လိုပါဝင္နိုင္မလဲဆိုတာကိုေတာ့ ေဆြးေႏြးေနဆဲပင္ ျဖစ္ပါတယ္။ ဒါ့အျပင့္ Running Man program ၏ ၁ဝႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ပရိတ္သတ္မ်ားက အဖြဲ႕ဝင္မ်ားကို ျပန္လည္ေဆာ့ေစခ်င္သည့္ ကစားနည္းမ်ား ကိုသူတို႔၏ တရားဝင္အသုံးျပဳသည့္ social media မ်ားတြင္ အႀကံလည္းေပးနိုင္ေၾကာင္း ေျပာထားပါတယ္။

ဇူလိုင္၁၂ ရက္ေန႔တြင္ အဖြဲ႕ဝင္ ၈ ဦးစလုံး မည္သည့္ပုံစံျဖင့္ Live လႊင့္ၾကမလဲဆိုတာကိုေတာ့ တရားဝင္မထုတ္ျပန္ေသးပါ။ ဇူလိုင္ ၁၂ ရက္ေန႔ဟာဆိုရင္ေတာ့ Running Man show ၁ဝႏွစ္တင္းတင္းျပည့္မွာပဲ ျဖစ္ပါတယ္။

ပရိတ္သတ္မ်ားက Live အစီအစဥ္ကိုလည္း ရင္ခုန္စြာႏွင့္ ေစာင့္ေမၽွာ္ေနပါတယ္။ ယခုအပတ္ထြက္ရွိမည့္ Running Man အပိုင္းသစ္ ၅၀၇ တြင္ေတာ့ Ji Chang Wook ၊ Kim Yoo Jung ၊ Han Seon Hwa ႏွင့္ Do Sang Woo တို႔မွguest အျဖစ္ပါဝင္မွာပဲ ျဖစ္ပါတယ္။

Source: allkpop,soompi

Share