တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်ရှိအောင်မြင်အကျော်ကြားဆုံးဖြစ်နေသော Kpop idol များ

တရုတ်နိုင်ငံတွင် အများအားဖြင့် webio ကို online platform တစ်ခုအဖြစ် အသုံးပြုကြပါတယ်။ အခြားနိုင်ငံများတွင် Instagram နှင့် Facebook ကိုအသုံးပြုသူများသော်လည်း တရုတ်နိုင်ငံတွင်တော့ Weibo ကိုသာ အသုံးပြုကြပါတယ်။

တရုတ်နိုင်ငံတွင်လည်း Kpop fan အများအပြားရှိသည့်အတွက် Idol အများစုက Weibo ကိုပါအသုံးပြုလာကြပါတယ်။ယခုဖော်ပြပေးမည့် Kpop Idol (၁၀)ဦးကတော့ weibo တွင် Followers အများဆုံးရှိသူများပင် ဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုလျှင်တော့ တရုတ်နိုင်ငံတွင် နာမည်အကြီးဆုံး idol (၁၀)ဦးပင် ဖြစ်ပါတယ်။

၁။ Exo’s Sehun
Exo အဖွဲ့၏ အငယ်ဆုံးဖြစ်သော Sehun ဟာတရုတ်နိုင်ငံတွင် နာမည်အကြီးဆုံး Idol တစ်ဦးဟု ဆိုနိုင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် အကောင့်ပေါင်း ၁၁သန်းမှ Follow လုပ်ထားပီး active followersကတော့ ၂သောင်းကျော်ရှိပါတယ်။ Idol များထဲတွင်တော့ နံပါတ်(၁) နေရာမှာရှိနေပါတယ်။

၂။ Exo’s Baekhyun
Exoအဖွဲ့ဝင် Baekhyun ကတော့ Total followers ၃သန်းရှိနေပီး active followers ကတော့ ၁၂၇၈၉ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပါတယ်။

၃။ Exo’s Chanyeol
Exo အဖွဲ့ဝင် Chanyeol ကတော့ Total followers မှာ ၆သန်းရှိပါတယ်။ အဆိုပါအရေအတွက်ဟာ Baekhyun ထက်များသော်လည်း Active Followers ကတော့ ၁၂၅၁၀ ဖြစ်နေသည့်အတွက် တတိယနေရာတွင် ရှိနေပါတယ်။

၄။ BTS’s V
နံပါတ်၄နေရာတွင်တော့ BTS အဖွဲ့ဝင် Vရှိနေပီး total followers ၁သန်းကျော်နှင့် Active followers ရှစ်ထောင်ကျော်ရှိနေပါတယ်။

၅။ Blackpink’s Jennie
Blackpink အဖွဲ့ဝင် Jennie ကတော့ Active Followers ၈ဝဝဝဖြင့် နံပါတ် (၅) နေရာတွင်ရှိနေပါတယ်။

၆။ BTS’s Jungkook
နံပါတ် (၆) နေရာတွင်ရှိသော Jungkook ကတော့ total followers ရသိန်းေကျော်ရှိပီး active followers ၆ထောင်ကျော်ရှိပါတယ်။

၇။ BTS’s Jimin
Jiminရဲ့ total followers ကတော့ ၅သိန်းခန့်ရှိနေပီး active followers ၄ထောင်ဖြင့် နံပါတ်ရ နေရာတွင် ရှိနေပါတယ်။

၈။ BTS’s Suga
နံပါတ် ၈ နေရာမှာရှိသည့် Suga ကတော့ Active followers ၄ထောင်ခန့်ရှိပီး Jimin ထက်အနည်းငယ်သာ နည်းပါတယ်။

၉။ Blackpink’s Lisa
နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ Lisa ပဲဖစ်ပါတယ်။ Active followers ၃၅ဝဝခန့်ဖြင့် နံပါတ်၉ နေရာတွင် ရပ်တည်နေပါတယ်။

၁၀။ Super Junior’s Kyuhyun
နံပါတ် ၁ဝနေရာတွင်တော့ Super Junior အဖွဲ့မှ Kyuhyun မှနေရာယူထားပါတယ်။ သူဟာ total followers ၁သန်းခန့်ရှိပီး Active followers ကတော့ ၃ထောင်ခန့်ရှိပါတယ်။

Source: Kpopstarz

Share