မြန်မာပြည်မှာကြီးပြင်းခဲ့ပြီး ကျောင်းတက်ခဲ့တဲ့ နာမည်ကျော် kpop idol

Road to Kingdom ဆိုတဲ့ ထိပ်တန်းအစီအစဉ်မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ TOO ဆိုတဲ့ တက်သစ်စ rookie group ကိုတော့ အားလုံးနီးပါးသိကြမှာပါ။ ပွဲဦးထွက်တာ သိပ်မကြာသေးပေမယ်​့ ပြောင်မြောင်တဲ့ဂီတစွမ်းရည်တွေကြောင့် အချိန်တိုအတွင်းမှာ ပရိတ်သတ်စိတ်ဝင်စားမှုရခဲ့ပြီး အတိုင်းအတာတစ်ခုထိ အောင်မြင်လာတာပါ။

မကြာသေးမီက MOMO X youtube channel မှာတင်ထားတဲ့ ဗီဒီယိုလေးတစ်ခုမှာတော့ အဖွဲ့ရဲ့ main vocal ဖြစ်တဲ့ Jae Yun ရဲ့ စိတ်ဝင်စားစရာအချက်ကို ပရိတ်သတ်တွေသိခဲ့ရပါတယ်။

အဲ့ဒီအစီအစဉ်ကတော့ အဖွဲ့ဝင်တွေရဲ့မွေးရပ်မြေကို 3D map နဲ့ ခရီးသွားရသလို ခံစားရအောင် စီစဉ်ပေးတာဖြစ်ပြီး Jaeyun အလှည့်ကိုရောက်တဲ့အခါ သူ့ရဲ့မွေးရပ်မြေ Daegu နဲ့အတူ မြန်မာနိုင်ငံပါ ပါဝင်လာပါတယ်။

Jaeyun ဟာ မြန်မာနိုင်ငံကိုတွေ့လိုက်ရတဲ့အခါမှာ “မြန်မာအထိသွားလို့ရမှန်းမသိခဲ့ဘူး တော်တော်မြန်တဲ့ယာဉ်မောင်းပဲ” လို့ အားရဝမ်းသာဆိုခဲ့ပြီး မြန်မာမှာကြီးပြင်းခဲ့ရတဲ့ သူ့ရဲ့ငယ်ဘဝအကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

အသက် ၆ နှစ်ကစလို့ ကိုရီးယားကိုမပြန်ခင်အထိ လှိုင်မြို့နယ်က International School တစ်ခုမှာ တက်ခဲ့တာပါတဲ့။ “ကျွန်တော် အသက် ၆ နှစ်မှာ မြန်မာကိုရောက်ခဲ့တာ။ အဲ့တုန်းက English ဆိုတာဘာမှန်းလဲမသိဘူး နားလဲမလည်ဘူး။

ဒါပေမယ့် International School မှာတက်ဖြစ်တော့ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေနဲ့ ထိတွေ့ခဲ့ရပြီး English ကို သဘာဝကျကျပဲတတ်သွားခဲ့တယ်” လို့ပြောပြီး သူတက်ခဲ့တဲ့ကျောင်းကို အဖွဲ့ဝင်တွေကို သေချာညွှန်ပြနေခဲ့ပါတယ်။

ပရိတ်သတ်တွေအနေနဲ့ ဒါကိုသိရပြီးနောက်မှာ Jaeyun ဟာ မြန်မာစကားပြောတတ်သလားလို​့ သိချင်စိတ်ဖြစ်ခဲ့ရပြီး သူ့ရဲ့ profile မှာတော့ ပြောတတ်တဲ့ဘာသာစကားတွေထဲမှာ burmese ကိုလဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။

Jaeyun ပါဝင်တဲ့ TOO အဖွဲ့ဟာ မကြာခင်မှာ 2nd mini album နဲ့ ပြန်လာတော့မှာဖြစ်လို့ အောင်မြင်မှုတွေ ဒီထက်မကပိုတိုးလို့ ရရှိပါစေလို့ Myanmar Cele Bar အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်နော်။

(Zawgyi) ျမန္မာျပည္မွာႀကီးျပင္းခဲ့ၿပီး ေက်ာင္းတက္ခဲ့တဲ့ နာမည္ေက်ာ္ kpop idol

Road to Kingdom ဆိုတဲ့ ထိပ္တန္းအစီအစဥ္မွာ ပါဝင္ရိုက္ကူးခဲ့တဲ့ TOO ဆိုတဲ့ တက္သစ္စ rookie group ကိုေတာ့ အားလုံးနီးပါးသိၾကမွာပါ။ ပြဲဦးထြက္တာ သိပ္မၾကာေသးေပမယ္​့ ေျပာင္ေျမာင္တဲ့ဂီတစြမ္းရည္ေတြေၾကာင့္ အခ်ိန္တိုအတြင္းမွာ ပရိတ္သတ္စိတ္ဝင္စားမႈရခဲ့ၿပီး အတိုင္းအတာတစ္ခုထိ ေအာင္ျမင္လာတာပါ။

မၾကာေသးမီက MOMO X youtube channel မွာတင္ထားတဲ့ ဗီဒီယိုေလးတစ္ခုမွာေတာ့ အဖြဲ႕ရဲ့ main vocal ျဖစ္တဲ့ Jae Yun ရဲ့ စိတ္ဝင္စားစရာအခ်က္ကို ပရိတ္သတ္ေတြသိခဲ့ရပါတယ္။

အဲ့ဒီအစီအစဥ္ကေတာ့ အဖြဲ႕ဝင္ေတြရဲ့ေမြးရပ္ေျမကို 3D map နဲ႔ ခရီးသြားရသလို ခံစားရေအာင္ စီစဥ္ေပးတာျဖစ္ၿပီး Jaeyun အလွည့္ကိုေရာက္တဲ့အခါ သူ႔ရဲ့ေမြးရပ္ေၿမ Daegu နဲ႔အတူ ျမန္မာနိုင္ငံပါ ပါဝင္လာပါတယ္။

Jaeyun ဟာ ျမန္မာနိုင္ငံကိုေတြ႕လိုက္ရတဲ့အခါမွာ “ျမန္မာအထိသြားလို႔ရမွန္းမသိခဲ့ဘူး ေတာ္ေတာ္ျမန္တဲ့ယာဥ္ေမာင္းပဲ” လို႔ အားရဝမ္းသာဆိုခဲ့ၿပီး ျမန္မာမွာႀကီးျပင္းခဲ့ရတဲ့ သူ႔ရဲ့ငယ္ဘဝအေၾကာင္းကို အခုလိုပဲေျပာျပခဲ့ပါတယ္။

အသက္ ၆ ႏွစ္ကစလို႔ ကိုရီးယားကိုမျပန္ခင္အထိ လွိုင္ၿမိဳ႕နယ္က International School တစ္ခုမွာ တက္ခဲ့တာပါတဲ့။ “ကၽြန္ေတာ္ အသက္ ၆ ႏွစ္မွာ ျမန္မာကိုေရာက္ခဲ့တာ။ အဲ့တုန္းက English ဆိုတာဘာမွန္းလဲမသိဘူး နားလဲမလည္ဘူး။

ဒါေပမယ့္ International School မွာတက္ျဖစ္ေတာ့ နိုင္ငံေပါင္းစုံက သူငယ္ခ်င္းေတြနဲ႔ ထိေတြ႕ခဲ့ရၿပီး English ကို သဘာဝက်က်ပဲတတ္သြားခဲ့တယ္” လို႔ေျပာၿပီး သူတက္ခဲ့တဲ့ေက်ာင္းကို အဖြဲ႕ဝင္ေတြကို ေသခ်ာညႊန္ျပေနခဲ့ပါတယ္။

ပရိတ္သတ္ေတြအေနနဲ႔ ဒါကိုသိရၿပီးေနာက္မွာ Jaeyun ဟာ ျမန္မာစကားေျပာတတ္သလားလို​့ သိခ်င္စိတ္ျဖစ္ခဲ့ရၿပီး သူ႔ရဲ့ profile မွာေတာ့ ေျပာတတ္တဲ့ဘာသာစကားေတြထဲမွာ burmese ကိုလဲ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။

Jaeyun ပါဝင္တဲ့ TOO အဖြဲ႕ဟာ မၾကာခင္မွာ 2nd mini album နဲ႔ ျပန္လာေတာ့မွာျဖစ္လို႔ ေအာင္ျမင္မႈေတြ ဒီထက္မကပိုတိုးလို႔ ရရွိပါေစလို႔ Myanmar Cele Bar အဖြဲ႕သားမ်ားက ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

source : momo x

Share