Nation’s Title ရရှိထားကြတဲ့ နာမည်ကျော် ကိုရီးယားအနုပညာရှင်များ (အပိုင်း ၂)

တောင်ကိုရီးယားမှာ အနုပညာရှင်တွေကို တစ်နိုင်ငံလုံးအနေအထားနဲ့ ဝိုင်းဝန်းချစ်ခင်အားပေးကြပြီဆိုရင် နိုင်ငံလုံးဆိုင်ရာဂုဏ်ပုဒ်နဲ့ ချီးမြင့်သတ်မှတ်တတ်ကြပါတယ်။ Nation’s title ကတော့ အနုပညာရှင်တွေအတွက် တကယ်ကိုဂုဏ်ယူစရာ မှတ်တိုင်တစ်ခုပါပဲ။

Jun Ji Hyun (Nation’s 1st Love)
Nation’s 1st Love လို့သတ်မှတ်ခံထားရတဲ့ မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပါ။ My Sassy Girl ရုပ်ရှင်မှာ ပကတိအပြစ်ကင်းတဲ့မျက်နှာလေးနဲ့ စိတ်ထင်ရာလုပ်တတ်တဲ့သူမရဲ့ပုံစံလေးဟာ အားလုံးရဲ့အချစ်ဦးတွေကို ပြန်လည်တမ်းတစေခဲ့ပါတယ်။

Han Chae Young (Nation’s Barbie Doll)
အပြစ်ပြောစရာမရှိအောင် လှသလို အရုပ်မလေးလို မျက်လုံးဝိုင်းဝိုင်း သွယ်သွယ်လျလျလေးနဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်/သရုပ်ဆောင် Han Chae Young ကိုတော့ ကိုရီးယားတစ်နိုင်ငံလုံးက Nation’s Barbie Doll လို့တင်စားခေါ်ဝေါ်ကြပါတယ်။

Yoona (Nation’s Daughter in Law)
ကိုရီးယားရဲ့ ထိပ်တန်း idol group ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Yoona ကတော့ သူမရဲ့သိမ်မွေ့တဲ့အလှနဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့် nation’s title များစွာရရှိခဲ့ပြီး အားလုံးကချွေးမတော်ချင်ကြတာကြောင့် ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

Eric Nam (Nation’s Boyfriend)
ချောမောတဲ့ရုပ်ရည်အပြင် လူကြီးလူကောင်းဆန်တဲ့ သူ့ပုံစံလေးနဲ့ ချိုသာတဲ့အသံလေးရယ် ပညာရေးမှာလဲထူးချွန်တာရယ်ကြောင့် အားလုံးရဲ့စိတ်ကူးထဲကချစ်သူကောင်လေးအဖြစ် Nation’s Boyfriend လို့ ခေါ်ကြပါတယ်။

AKMU (Nation’s Siblings)
အသက်ငယ်ငယ်လေးတွေနဲ့ ဂီတလောကမှာ ကိုယ်တိုင်ဖန်တီးသီဆိုပြီး အောင်မြင်မှုတွေရနေသလို တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး စိတ်တူကိုယ်တူရှိတာမို့ Nation’s Siblings လို့ ပရိတ်သတ်တွေက သတ်မှတ်ထားကြပါတယ်။

AOA’s Seolhyun (Nation’s ‘It’ Girl)
သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှနဲ့ စင်မြင့်ပေါ်ကညှို့အားပြင်းစွာချစ်စရာကောင်းမှုတွေက တောင်ကိုရီးယားအမျိုးသားထုကြီး တစ်ရပ်လုံးရဲ့ အသဲနှလုံးတွေကို ဖမ်းစားနိုင်ခဲ့ပြီး သူမကို Nation’s ‘It’ Girl အဖြစ် နာမည်တွင်စေခဲ့ပါတယ်။

Moon Geun Young (Nation’s Little Sister)
Autumn in My Heart ဇာတ်လမ်းတွဲမှာ Song Hye Kyo ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့ပြီး သူမရဲ့အပြစ်ကင်းတဲ့ နုနုနယ်နယ်မျက်နှာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ဒီလိုသတ်မှတ်ခံခဲ့ရတာပါ။

Lee Hyori (Nation’s Fairy)
Kpop လောကရဲ့ ဘုရင်မတစ်ဦးဖြစ်ပေမယ့် ပကာသနရိုးရှင်းတဲ့ဘဝကိုမြတ်နိုးပြီး သူတစ်ပါးကိုအမြဲကူညီတတ်တဲ့အပြင် ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်ကိုကိုယ်နှိမ်ချတတ်တဲ့ သူမကတော့ Nation’s Fairy လို့အားလုံးက လက်ခံထားကြပါတယ်။ ဒါကတော့ Nation’s title ရရှိထားတဲ့ ဂုဏ်ယူစရာ အနုပညာရှင်တွေအများကြီးထဲကမှ အချို့ကိုအပိုင်း (၂) အဖြစ် ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကိုယ်သဘောကျတဲ့ idol ကို ဒီစာရင်းထဲမှာတွေ့ရရင် အားလုံးဝမ်းသာကြမယ်လို့ ထင်ပါတယ်။

source : koreaboo

Share