တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းသဋ္ဌေးများနှင့် လက်ထပ်ထားသော မင်သမီးများ (အပိုင်း ၂)

သဋ္ဌေးသားများ၊ CEO များနှင့် လက်ထပ်နိုင်တာဟာ ရုပ်ရှင်ထဲမှာပင် မဟုတ်တော့ပါ။ အပြင်လောကတွင်လည်း ကျိကျိတတ်ချမ်းသာသော သူများနှင့် လက်ထပ်နိုင်ခဲ့သူများလည်းရှိပါတယ်။ အဆိုပါလူများထဲတွင် တောင်ကိုရီးယားနိုင်ငံမှ ထိပ်တန်းမင်းသမီးများလည်း ပါဝင်ပါတယ်။

သူတို့ဟာတောင်ကိုရီးယားနိုင်ငံ လူဦးရေ၏ ၁%ရှိသော CEO (သို့မဟုတ်) လူချမ်းသာများနှင့် လက်ဆက်ခွင့်ရခဲ့ပါတယ်။ ထိုကဲ့သို့လက်ထပ်နိုင်ခဲ့သူများထဲမှ သုံးဦးကိုတော့ ယခုပဲ ဖော်ပြပေးလိုက်ပေးပါတယ်။ ထိုအထဲကအချိုကတော့ ကွာရှင်းပြတ်စဲ သွားကြသူများလည်းရှိပါတယ်။

၁။ Go Hyung Jung
Go Hyung Jung ကိုဆိုရင်တော့ Queen Seondeok ဇာတ်လမ်းတွဲဖြင့် မီရှီ(ဇာတ်ကောင်အမည်) ဆို၍ မြန်မာပရိတ်သတ်များ ရင်းရင်းနှီးနှီးကို သိကြမှာပါ။ သူမဟာ တောင်ကိုရီးယားနိုင်ငံ၏ သဋ္ဌေးတစ်ဦးဖြစ်သော Chung Young-Jin နှင့် 1995 ခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။

Chung Young Jin ဟာ Shinsegae Group ၏ သားဖြစ်ပါတယ်။ အဘိုးဖြစ်သူ Lee Byung Chull မှာလည်း Samsung group ၏တည်ထောင်သူလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့လက်ထပ်ပီး ၈ နှစ်အကြာ ၂၀၀၃ ခုနှစ်တွင်တော့ မင်းသမီး Go Hyung Jung ဟာသူမ၏ အမျိုးသားနှင် ကွားရှင်းခဲ့ပါတယ်။

ကလေးနှစ်ယောက်နှင့် ပက်သက်သည့် မိဘအုပ်ထိန်းသူနေရာကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ (စိတ်ဝင်စားစရာကောင်းသော သူမ၏ဘဝကိုတော့ နောက်များတွင် အကျယ်တဝင့်ဖော်ပြပေးပါမယ်)

၂။ Lee Young Ae
ချန်ဂင်ဆို၍ လူအများသိကြတဲ့ မင်းသမီး Lee Young Ae ဟာဆိုရင်လည်း တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် Jeong Ho Young နှင့် ၂၀၀၉ခုနှစ်တွင် Hawaii တွင် လက်ထပ်ခဲ့ပါတယ်။

Jeong Ho Young ဟာ Lee Young Ae ထက် အသက်နှစ်ဆယ်ပိုကြီးပါတယ်။ သူဟာ Hyundai company ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိတွင်တော့ Raycom Korea ၏ CEO ပဲဖြစ်ပါတယ်။

Raycom Korea ဆိုတာဟာ စစ်တပ်ပိုင်းဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်သည့် company ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ Lee Young Ae ဟာ ၂၀၁၁ခုနှစ်တွင် သားနှင့်သမီးအမွှာတစ်စုံကို မွေးဖွားခဲ့ပါတယ်။

၃။Kim Hee Sun
မင်းသမီး Kim Hee Sun ဟာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် Park Yeon Ah နှင့် ၂ဝဝရခုနှစ်တွင် လက်ထပ်ခဲ့ပါတယ်။ သူမ၏အမျိုးသားမှာ Raksan Group၏ အမွေဆက်ခံမည့် သားတစ်ဦးလည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ယခုဆိုလျှင်တော့ Kim Hee Sun ဟာ သမီးတစ်ယောက် ထွန်းကားနေပီပဲ ဖြစ်ပါတယ်။ အပိုင်း (၁) ကို Myanmar Cele Bar Page တွင် တင်ဆက်ထားပါတယ်ရှင့်။

Source: Phoo Phoo

Share