ဇွန်လ ၁၂ရက်နေ့တွင် Sports Chosun ၏ပြောကြားချက်အရ Girl’s day အဖွဲ့ဝင် Hyeri ဟာ ဇာတ်လမ်းတွဲတစ်ခု၏ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းခံရသည်ဟု ပြောဆိုခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကတော့ Frightening Cohabitation ပဲဖစ်ပါတယ်။
Hyeri ၏အေဂျင်စီကတော့ “Hyeri ဟာခေါင်းဆောင်မင်းသမီးနေရာကို ကမ်းလှမ်းခံထားရပါတယ်။ ယခုတော့သူမဟာ ဇာတ်ရုပ်က သူမနှင့်လိုက်ဖက်မှုရှိလားဆိုတာကို ဆန်းစစ်နေပါတယ်လို့” ပြောခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲဟာဆိုရင် နာမည်ကြီး webtoon (ကာတွန်း)ကို အခြေခံ၍ ရိုက်ကူးမှာပဲဖြစ်ပါတယ်။ Lee Dam လို့ခေါ်တဲ့ college ကျောင်းသူလေးနှင့် လူဖြစ်ခါနီး မြေခွေးလူးသား လေးကြားက အချစ်ကို ဖော်ပြထားတဲ့ webtoon ပဲဖစ်ပါတယ်။
မင်းသား Jang Ki Young မှလည်း ခေါင်းဆောင်မင်းသား အဖြစ်ကမ်းလှမ်းခံထားရပါတယ်။သို့သော် Heyri ကဲ့သို့ပင် ဇာတ်လမ်းတွဲ တွင် ပါဝင်ဖြစ်မဖြစ်ကိုတော့ တရားဝင် မထုတ်ပြန်ရသေးပါ။
Heyri ဆိုသည်မှာလည်း Reply 1988 ဇာတ်လမ်းတွဲဖြင့် သူမဟာ အဆိုပိုင်းတွင်သာ ကျွမ်းကျင်ရုံမျှသာမက သရုပ်ဆောင်သည့်အပိုင်းတွင်ပါ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း ပရိတ်သတ်များအား သက်သေပြခဲ့ပြီးပီပဲ ဖြစ်ပါတယ်။
သူတို့နှစ်ဦးအား အဆိုပါဇာတ်လမ်းတွဲတွင် အတူတူသရုပ်ဆောင်စေချင်သည့် ပရိတ်သတ်များလည်းရှိနေပါတယ်။ ကမ်းလှမ်းမှုကိုလက်ခံလိုက်မယ်ဆိုလျှင်တော့ ၂၀၂၀-၂၀၂၁ ၏ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
(Zawgyi) Girl’s Day အဖြဲ႕ဝင္ Hyeri ႏွင့္ မင္းသား Jang Ki Young တို႔ ဇာတ္လမ္းတြဲတစ္ခုတြင္ အတူတူပါဝင္သ႐ုပ္ေဆာင္ရန္ အလားအလာရွိ
ဇြန္လ ၁၂ရက္ေန႔တြင္ Sports Chosun ၏ေျပာၾကားခ်က္အရ Girl’s day အဖြဲ႕ဝင္ Hyeri ဟာ ဇာတ္လမ္းတြဲတစ္ခု၏ ေခါင္းေဆာင္မင္းသမီးအျဖစ္ သ႐ုပ္ေဆာင္ေပးရန္ ကမ္းလွမ္းခံရသည္ဟု ေျပာဆိုခဲ့ပါတယ္။ အဆိုပါဇာတ္လမ္းတြဲကေတာ့ Frightening Cohabitation ပဲဖစ္ပါတယ္။
Hyeri ၏ေအဂ်င္စီကေတာ့ “Hyeri ဟာေခါင္းေဆာင္မင္းသမီးေနရာကို ကမ္းလွမ္းခံထားရပါတယ္။ ယခုေတာ့သူမဟာ ဇာတ္႐ုပ္က သူမႏွင့္လိုက္ဖက္မႈရွိလားဆိုတာကို ဆန္းစစ္ေနပါတယ္လို႔” ေျပာခဲ့ပါတယ္။
ဒီဇာတ္လမ္းတြဲဟာဆိုရင္ နာမည္ႀကီး webtoon (ကာတြန္း)ကို အေျခခံ၍ ရိုက္ကူးမွာပဲျဖစ္ပါတယ္။ Lee Dam လို႔ေခၚတဲ့ college ေက်ာင္းသူေလးႏွင့္ လူျဖစ္ခါနီး ေျမေခြးလူးသား ေလးၾကားက အခ်စ္ကို ေဖာ္ျပထားတဲ့ webtoon ပဲဖစ္ပါတယ္။
မင္းသား Jang Ki Young မွလည္း ေခါင္းေဆာင္မင္းသား အျဖစ္ကမ္းလွမ္းခံထားရပါတယ္။သို႔ေသာ္ Heyri ကဲ့သို႔ပင္ ဇာတ္လမ္းတြဲ တြင္ ပါဝင္ျဖစ္မျဖစ္ကိုေတာ့ တရားဝင္ မထုတ္ျပန္ရေသးပါ။
Heyri ဆိုသည္မွာလည္း Reply 1988 ဇာတ္လမ္းတြဲျဖင့္ သူမဟာ အဆိုပိုင္းတြင္သာ ကၽြမ္းက်င္႐ုံမၽွသာမက သ႐ုပ္ေဆာင္သည့္အပိုင္းတြင္ပါ ထူးခၽြန္သူတစ္ဦးျဖစ္ေၾကာင္း ပရိတ္သတ္မ်ားအား သက္ေသျပခဲ့ၿပီးပီပဲ ျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးအား အဆိုပါဇာတ္လမ္းတြဲတြင္ အတူတူသ႐ုပ္ေဆာင္ေစခ်င္သည့္ ပရိတ္သတ္မ်ားလည္းရွိေနပါတယ္။ ကမ္းလွမ္းမႈကိုလက္ခံလိုက္မယ္ဆိုလၽွင္ေတာ့ ၂၀၂၀-၂၀၂၁ ၏ ဇာတ္လမ္းတြဲေကာင္းတစ္ခု ျဖစ္လာနိုင္ပါတယ္။
Source: Soompi