Debut လုပ်ခဲ့တာ 7 နှစ်ပြည့်သွားပီဖြစ်သည့် အောင်မြင်မှုတွေ ဝေဆာနေသော တောင်ကိုရီးယားရဲ့ BTS အဖွဲ့

BTS အဖွဲ့၏ သက်တမ်းမှာ ယခုဆိုလျှင် ရနှစ်ပြည့်ခဲ့ပီပဲဖြစ်ပါတယ်။ ဇွန်လ ၁၃ရက်နေ့ ၂၀၁၃ ခုနှစ်တွင် ကောင်လေးရယောက်ပါဝင်သည့် Kpop Idol group တစ်ခု မွေးဖွားခဲ့ပါတယ်။ အဆိုပါgroupဟာ ယခုလို တောင်ကိုယ်ရီးယားတွင်သာမက ကမ္ဘ့ာအလယ်မှာပင် ရှန်းရှန်းတောက်အောင်မြင်ကျော်ကြားမယ်လို့ ဘယ်သူကထင်ကြမလဲ။

ဒီအတိုင်းများပြားလှသော Kpop boy group များကြားက နောက်ထပ် boy group တစ်ခုလို့ပဲ ထင်ခဲ့ကြမှာပါ။ သို့သော် ယခု၂၀၂ဝတွင်တော့ BTS ၏အောင်မြင်မှုများဟာ သမိုင်းဝင် Kpop group တစ်ခုလို့ ဆိုလို့ရအောင်ပင် ဖြစ်လာခဲ့ပါပီ။

BTS အဖွဲဟာ ရနှစ်တာ ကာလအတွင်း ပရိတ်သတ်များထံသို့ သူတို့၏ ပြောင်မြောက်လှသော သီချင်းများ၊ ဖျော်ဖြေတင်ဆက်မှုများကို ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ သူတို့ရဲ့ သီချင်းများကြောင့် စိတ်ခွန်အားတွေရခဲ့သူများ၊ ပျော်ရွှင်ခဲ့ရသူများရှိခဲ့တာကိုတော့ ငြင်းပယ်လို့မရပါ။

ကိုရီးယားစံတော်ချိန် ၁၂နာရီတင်းတင်းပြည့်ပီး ဇွန်လ ၁၃ရက်နေ့သို့ရောက်သည့်အချိန်တွင်တော့ BTS ၏ ရနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များမှ BangtanTV Youtube channel တွင် 2020 Festa event တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။

အဆိုပါ event တွင် ရနှစ်အပြည့် Party ကိုဆင်နွှဲနိုင်ရန်အတွက် ပြင်ဆင်နေမှုများလုပ်နေကြသည်ကို တွေ့ရမှာပါ။2020 BTS Festa event မှ ပရိတ်သတ်များအား ပေးခဲ့သည့်လက်ဆောင်များမှာတော့ Jungkook ၏သီချင်းအသစ်, အဖွဲ့ဝင်တွေရဲ့ဓာတ်ပုံများ, We are bulletproof: The eternal ဆိုသည့် Animation video တစ်ခု, 2018 MAMA အတွက်အကလေ့ကျင့်နေသော video စသည်တို့ပဲ ဖြစ်ပါတယ်။

BTS ၏ Fan များဖြစ်သော Army တို့ကလည်း twitter မှာ worldwide trend ကြပီး ရနှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုပေးနေကြပါတယ်။ BTS အဖွဲ့နှင့် အဖွဲဝင်အာလုံး ယခု ၇ နှစ်ပြည့်သည့်အချိန်မှစ၍ နောက်နှစ်ပေါင်းများစွာ ပရိတ်သတ်များနှင့်အတူတူ ဖြတ်သန်းနိုင်ပါစေလို့ Myanmar Cele Bar page မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

(Zawgyi) Debut လုပ္ခဲ့တာ ရႏွစ္ျပည့္သြားပီျဖစ္သည့္ ေအာင္ျမင္မႈေတြ ေဝဆာေနေသာ BTS အဖြဲ႕

BTS အဖြဲ႕၏ သက္တမ္းမွာ ယခုဆိုလၽွင္ ရႏွစ္ျပည့္ခဲ့ပီပဲျဖစ္ပါတယ္။ ဇြန္လ ၁၃ရက္ေန႔ ၂၀၁၃ ခုႏွစ္တြင္ ေကာင္ေလးရေယာက္ပါဝင္သည့္ Kpop Idol group တစ္ခု ေမြးဖြားခဲ့ပါတယ္။ အဆိုပါgroupဟာ ယခုလို ေတာင္ကိုယ္ရီးယားတြင္သာမက ကမၻ့ာအလယ္မွာပင္ ရွန္းရွန္းေတာက္ေအာင္ျမင္ေက်ာ္ၾကားမယ္လို႔ ဘယ္သူကထင္ၾကမလဲ။

ဒီအတိုင္းမ်ားျပားလွေသာ Kpop boy group မ်ားၾကားက ေနာက္ထပ္ boy group တစ္ခုလို႔ပဲ ထင္ခဲ့ၾကမွာပါ။ သို႔ေသာ္ ယခု၂၀၂ဝတြင္ေတာ့ BTS ၏ေအာင္ျမင္မႈမ်ားဟာ သမိုင္းဝင္ Kpop group တစ္ခုလို႔ ဆိုလို႔ရေအာင္ပင္ ျဖစ္လာခဲ့ပါပီ။

BTS အဖြဲဟာ ရႏွစ္တာ ကာလအတြင္း ပရိတ္သတ္မ်ားထံသို႔ သူတို႔၏ ေျပာင္ေျမာက္လွေသာ သီခ်င္းမ်ား၊ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ပို႔ေဆာင္ခဲ့ၿပီးျဖစ္ပါတယ္။ သူတို႔ရဲ့ သီခ်င္းမ်ားေၾကာင့္ စိတ္ခြန္အားေတြရခဲ့သူမ်ား၊ ေပ်ာ္ရႊင္ခဲ့ရသူမ်ားရွိခဲ့တာကိုေတာ့ ျငင္းပယ္လို႔မရပါ။

ကိုရီးယားစံေတာ္ခ်ိန္ ၁၂နာရီတင္းတင္းျပည့္ပီး ဇြန္လ ၁၃ရက္ေန႔သို႔ေရာက္သည့္အခ်ိန္တြင္ေတာ့ BTS ၏ ရႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ အဖြဲ႕ဝင္မ်ားမွ BangtanTV Youtube channel တြင္ 2020 Festa event တစ္ခုကို ထုတ္လႊင့္ခဲ့ပါတယ္။

အဆိုပါ event တြင္ ရႏွစ္အျပည့္ Party ကိုဆင္ႏႊဲနိုင္ရန္အတြက္ ျပင္ဆင္ေနမႈမ်ားလုပ္ေနၾကသည္ကို ေတြ႕ရမွာပါ။2020 BTS Festa event မွ ပရိတ္သတ္မ်ားအား ေပးခဲ့သည့္လက္ေဆာင္မ်ားမွာေတာ့ Jungkook ၏သီခ်င္းအသစ္, အဖြဲ႕ဝင္ေတြရဲ့ဓာတ္ပုံမ်ား, We are bulletproof: The eternal ဆိုသည့္ Animation video တစ္ခု, 2018 MAMA အတြက္အကေလ့က်င့္ေနေသာ video စသည္တို႔ပဲ ျဖစ္ပါတယ္။

BTS ၏ Fan မ်ားျဖစ္ေသာ Army တို႔ကလည္း twitter မွာ worldwide trend ၾကပီး ရႏွစ္ျပည့္အထိမ္းအမွတ္ကို ဂုဏ္ျပဳေပးေနၾကပါတယ္။ BTS အဖြဲ႕ႏွင့္ အဖြဲဝင္အာလုံး ယခု ၇ ႏွစ္ျပည့္သည့္အခ်ိန္မွစ၍ ေနာက္ႏွစ္ေပါင္းမ်ားစြာ ပရိတ္သတ္မ်ားႏွင့္အတူတူ ျဖတ္သန္းနိုင္ပါေစလို႔ Myanmar Cele Bar page မွ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

Source: Soompi, Koreaboo

Share