Kpop idol တွေ သရုပ်ဆောင်အဖြစ် ရပ်တည်လာရတဲ့ အကြောင်းအရင်း (၃) ချက်

Kpop idol တွေအနေနဲ့ သရုပ်ဆောင်လောကမှာ ခြေချဖို့ဆိုတာ အထူးအဆန်းမဟုတ်တဲ့ ကိစ္စပါ။ Group disband ပြီး idol အဖြစ်ကစွန့်ခွာပြီးနောက် သရုပ်ဆောင်အဖြစ် ဆက်လက်အောင်မြင်နေတာလဲ တကယ်ကို ကောင်းတဲ့ကိစ္စပါ။

တောင်ကိုရီးယား နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Koreaboo သတင်းဌာနကဖော်ပြထားတဲ့ idol တွေ သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ရတဲ့ အကြောင်းပြချက်တွေကတော့…

၁။ ခိုင်မာတဲ့ဝင်ငွေ
Idol အနေနဲ့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး အောင်မြင်လာရင်လဲ ဝင်ငွေသိပ်မရတဲ့ idol တွေအများကြီးပါ။ အေဂျင်စီကခေါင်းပုံဖြတ်တာရယ် အဖွဲ့ဝင်တွေ ဝေပုံကျခွဲလိုက်တာရယ်နဲ့ဆို တစ်ယောက်ချင်းစီအတွက် သိပ်မကျန်ပါဘူး။ သရုပ်ဆောင်အလုပ်ကတော့ အဖွဲ့ဝင်တွေနဲ့ခွဲဝေစရာမလိုတာမို့ အနုပညာကြေးအပြည့်ရပါတယ်။

၂။ သရုပ်ဆောင်အလုပ်နဲ့ ကိုက်ညီမှုရှိလို့
အချို့တွေက idol အဖြစ်ပွဲဦးထွက်ပြီး သရုပ်ဆောင်အလုပ်ကို စမ်းလုပ်ကြည့်ရင်းနဲ့မှ ဒီအလုပ်ဟာသူတို့နဲ့ပို ကိုက်ညီတာကို သိလိုက်ရပါတယ်တဲ့။ အကျော်အမော်မင်းသမီးတွေဖြစ်တဲ့ Hwang Jung Eum, Park Soo Jin နဲ့ Uee တို့ဟာ idol အဖြစ်ကနေ သရုပ်ဆောင်အလုပ်ကို မြတ်နိုးမိကာ ခြေချခဲ့သူတွေ ဖြစ်ပါတယ်။

၃။ ဘဝအတွက် အာမခံချက်
ဘယ်လောက်အောင်မြင်တယ်ပဲဆိုဆို Idol အဖြစ် အချိန်အကြာကြီးရပ်တည်ဖို့က မလွယ်ပါဘူး။ အောင်မြင်မှုမကျသေးရင်တောင် အသက်အရွယ်ကြီးလာတဲ့အခါ ခက်ခဲတဲ့ကကွက်တွေနဲ့ စင်ပေါ်မှာဖျော်ဖြေဖို့က ပင်ပန်းလာပါတယ်။ သရုပ်ဆောင်အလုပ်ကတော့ ရုပ်ပိုင်းဆိုင်ရာမှာ idol အလုပ်လောက် မပင်ပန်းတာမို့ ရေရှည်ရပ်တည်ဖို့ ရွေးချယ်ကြပါတယ်တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့အနုပညာအလုပ်ကို အချိန်အကြာကြီးလုပ်နေနိုင်တာ idol တွေအတွက်လဲ ကောင်းတဲ့ကိစ္စဖြစ်ပြီး ကိုယ်ချစ်ရတဲ့ idol ကို ဖန်သားပြင်ပေါ်မှာ အကြာကြီးမြင်ရဖို့ကလဲ fan တွေရဲ့ ဆန္ဒမို့ idol တွေအနေနဲ့ သရုပ်ဆောင်အဖြစ် ဆက်လက်ရပ်တည်တာ ကောင်းမွန်တဲ့ကိစ္စပါပဲ။

source : koreaboo

Share