ရုပ်ရှင်သစ်အတွက်ဘောလုံးသမားကာရိုက်တာပီပြင်အောင်ပြင်ဆင်နေတဲ့ Park Seo Joon

2021 အစောပိုင်းမှာထွက်ရှိလာမယ့် Lee Byung Hun ရိုက်ကူးတဲ့ Dream ဆိုတဲ့ဇာတ်ကားမှာ Park Seo Joon ကဘောလုံးအားကစားသမား Yun Hong Dae နေရာကပါဝင်သရုပ်ဆောင်မယ်လို့ မကြာသေးမီကထုတ်ပြန်ထားပါတယ်။

ဒါကြောင့် Park Seo Joon တစ်ယောက်ဘောလုံး အားကစားသမား တစ်ယောက်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်အချိုးအစားရအောင် gym မှန်မှန်ကစားနေပုံရပါတယ်။ June လ ၁၂ ရက်နေ့က သူ့ရဲ့ gym ကပုံကိုinstagramစာမျက်နှာမှာ ပရိတ်သတ်တွေအတွက်တင်ပေးခဲ့ပါတယ်။

မင်းသားရဲ့ ဇာတ်လမ်းအတွက်ကြိုးစားအားထုတ်မှုကတော့ ဓာတ်ပုံထဲကသူ့ရဲ့လက်မောင်းကြွက်သားတွေကိုကြည့်ရုံနဲ့တင် သိသာနေပါပြီ။ ရုပ်ရှင်ထဲမှာ Park Seo Joon နဲ့အတူ IU, Lee Hyun Woo တို့လည်းပါဝင်သရုပ်ဆောင်မှာဖြစ်လို့ ရုပ်ရှင်ကတော့အောင်မြင်မှာသေချာသလောက်ရှိနေပါပြီ။ ပရိတ်သတ်တို့ကရော ရုပ်ရှင်ထွက်လာရင်အားပေးဖို့အသင့်ပဲလား?

source : allkpop
written : helra

Share