ကိုရီးယားက ပလတ်စတစ်ဆာဂျရီဆရာဝန်တွေ ရွေးချယ်ခဲ့တဲ့ အလှဆုံးမျက်နှာပိုင်ရှင်များ

ကိုရီးယားအနုပညာရှင် မိန်းမလှလေးတွေကတော့ အကုန်လုံး ပြီးပြည့်စုံအောင်ကို လှနေကြတာပါပဲ။ ပရိတ်သတ်တွေအနေနဲ့တော့ ကိုယ်ချစ်တဲ့အနုပညာရှင်က အလှဆုံးဖြစ်ပေမယ့် ကိုရီးယားက ပလတ်စတစ်ဆာဂျရီဆရာဝန်တွေကတော့ သူတို့ရဲ့စံနှုန်းတွေနဲ့ အလှဆုံးမျက်နှာပိုင်ရှင်တွေကို ရွေးချယ်ခဲ့ကြပါတယ်။

၄။ Han Ye Seul
အသက် ၃၈ နှစ်ရှိပြီဖြစ်ပေမယ့် စူးရှတဲ့ဆွဲဆောင်မှုတွေပြည့်ဝနေတဲ့ သူမရဲ့မျက်နှာဟာ အပြစ်ပြောစရာမရှိပါဘူး။ မျက်နှာအစိတ်အပိုင်းတွေအားလုံး အချိုးကျနပြီး ကိုရီးယားရဲ့အလှဆုံးမင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ပါ။

၃။ Kim Hee Sun
အသက်လေးဆယ်ဝန်းကျင်ရှိနေပြီပေမယ့် အလှအပရေးရာကျွမ်းကျင်သူတွေဆီက အလှဆုံးမျက်နှာပိုင်ရှင်အဖြစ် ရွေးချယ်ခံနေရတုန်းပါပဲ။ သွယ်လျတဲ့မျက်နှာကျနဲ့ ထင်ပေါ်တဲ့နှာတံက သူမရဲ့အဓိကဆွဲဆောင်မှုပါ။

၂။ Irene (Red Velvet)
ဘယ်လိုနေနေလှတယ်လို့ တင်စားခံရတဲ့သူမကိုတော့ ဆရာဝန်တွေက “သူ့ရဲ့ဘယ်အစိတ်အပိုင်းက သူ့ကိုလှအောင်လုပ်နေတာလဲလို့ ပြောရခက်တဲ့အထိ အားလုံးကလှပါတယ်။ မျက်ခုံးပုံစံကနေ နှုတ်ခမ်းအထိ သိသိသာသာလှတာပါ” လို့ ချီးကျူးစကား ဆိုခဲ့တာပါ။

၁။ Yoona (Girls’ Generation)
Nation’s Face လို့တောင် တင်စားရတဲ့သူ့ကိုလဲ “သူ့ရဲ့အချိုးအစားက တကယ်ပြီးပြည့်စုံတယ်။ ပြုံးလိုက်ရင် သူမမျက်လုံးထောင့်လေး ကွေးသွားပုံကိုတော့ ဒီဘက်ခေတ်နည်းပညာတွေနဲ့တောင် လိုက်လုပ်လို့မရပါဘူး” လို့ ဆရာဝန်တွေက ချီးကျူးအမွှန်းတင်ခဲ့ပါတယ်။

ဒီလေးယောက်ကိုတော့ တောင်ကိုရီးယားရဲ့ အကျော်အမော် ပလတ်စတစ်ဆာဂျရီဆရာဝန်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး kpopstarz သတင်းဌာနမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

source: Kpopstarz
written: Dar Dar

Share