ရှေ့နေ့တစ်ယောက်နဲ့ တွဲနေတယ်ပြီး ကောလဟလ သတင်းဖြန့်သူတွေကို တရားစွဲသွားမယ်ဆိုတဲ့ Song Joong Ki

မကြာသေးမီက Song Joong Ki ဟာ ရှေ့နေတစ်ယောက်နဲ့ တွဲနေတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ Song Joong Ki ရဲ့ အေဂျင်စီကတော့ ဒီသတင်းတွေဟာ မဟုတ်မမှန်ပါဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ ဒါ့အပြင် မင်းသားချောနဲ့ တွဲနေပါတယ် နာမည်ထွက်ခဲ့တဲ့ ရှေ့နေရဲ့ ကိုယ်ပိုင် အချက်အလက်တွေလည်း အင်တာနက်မှာ ပြန့်ခဲ့ပါသေးတယ်။

ဇွန်လ ၁၂ ရက်နေ့မှာတော့ ရှေ့နေရဲ့ Law firm က မဟုတ်မမှန် သတင်းဖြန့်သူတွေနဲ့ တရားမဝင် အချက်အလက် ဖြန့်တဲ့ သူတွေကို တရားဆွဲမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ ဒါ့အပြင် Song Joong Ki ရဲ့အေဂျင်စီကလည်း အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ” မင်္ဂလာပါ။ History D&C ဖြစ်ပါတယ်။

ကျွန်တော်တို့ အေဂျင်စီက အနုပညာရှင် ရဲ့ အများသူငှါ ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းမှား ဖြန့်ဝေတဲ့သူတွေကို ပြင်းပြင်းထန်ထန် သတိပေးချင်ပါတယ်။ ဒီလိုကိစ္စဟာ ရာဇဝတ်မှု မြောက်ပါတယ်။

အေဂျင်စီ တစ်ခုအနေနဲ့ ကျွန်တော်တို့ အနုပညာရှင်ကို တန်ဖိုးထားပြီး သူ့ကို အပြည့်အဝ အကွာအကွယ်ပေးသွားမှာပါ။ ဒါ့ကြောင့် ခုလို အခြေအမြစ်မရှိတဲ့ သတင်းမှားဖြန့်သူတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်ကို နစ်နာစေမယ့် comment ရေးသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။

နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်အောင်လည်း ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ကျွန်တော်တို့ အနုပညာရှင်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျေးဇူးတင်ပါတယ်။ ”

(Zawgyi) ေရွ႕ေန႔တစ္ေယာက္နဲ႔ တြဲေနတယ္ၿပီး ေကာလဟလ သတင္းျဖန႔္သူေတြကို တရားစြဲသြားမယ္ဆိုတဲ့ Song Joong Ki

မၾကာေသးမီက Song Joong Ki ဟာ ေရွ႕ေနတစ္ေယာက္နဲ႔ တြဲေနတယ္ဆိုၿပီး သတင္းထြက္ခဲ့ပါတယ္။ ဇြန္လ ၁၁ ရက္ေန႔မွာေတာ့ Song Joong Ki ရဲ့ ေအဂ်င္စီကေတာ့ ဒီသတင္းေတြဟာ မဟုတ္မမွန္ပါဘူးဆိုၿပီး ျငင္းခဲ့ပါတယ္။ ဒါ့အျပင္ မင္းသားေခ်ာနဲ႔ တြဲေနပါတယ္ နာမည္ထြက္ခဲ့တဲ့ ေရွ႕ေနရဲ့ ကိုယ္ပိုင္ အခ်က္အလက္ေတြလည္း အင္တာနက္မွာ ျပန႔္ခဲ့ပါေသးတယ္။

ဇြန္လ ၁၂ ရက္ေန႔မွာေတာ့ ေရွ႕ေနရဲ့ Law firm က မဟုတ္မမွန္ သတင္းျဖန႔္သူေတြနဲ႔ တရားမဝင္ အခ်က္အလက္ ျဖန႔္တဲ့ သူေတြကို တရားဆြဲမယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ Song Joong Ki ရဲ့ေအဂ်င္စီကလည္း အခုလို ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ” မဂၤလာပါ။ History D&C ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ ေအဂ်င္စီက အႏုပညာရွင္ ရဲ့ အမ်ားသူငွါ ထင္ေယာင္ထင္မွားျဖစ္ေစမယ့္ သတင္းမွား ျဖန႔္ေဝတဲ့သူေတြကို ျပင္းျပင္းထန္ထန္ သတိေပးခ်င္ပါတယ္။ ဒီလိုကိစၥဟာ ရာဇဝတ္မႈ ေျမာက္ပါတယ္။

ေအဂ်င္စီ တစ္ခုအေနနဲ႔ ကၽြန္ေတာ္တို႔ အႏုပညာရွင္ကို တန္ဖိုးထားၿပီး သူ႔ကို အျပည့္အဝ အကြာအကြယ္ေပးသြားမွာပါ။ ဒါ့ေၾကာင့္ ခုလို အေျခအျမစ္မရွိတဲ့ သတင္းမွားျဖန႔္သူေတြနဲ႔ ကၽြန္ေတာ္တို႔ အႏုပညာရွင္ကို နစ္နာေစမယ့္ comment ေရးသူေတြကို ျပင္းျပင္းထန္ထန္ အေရးယူသြားမွာပါ။

ေနာက္ဆက္တြဲ ထိခိုက္မႈေတြ မျဖစ္ေအာင္လည္း ဆက္လက္ ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ အႏုပညာရွင္ကို အျပည့္အဝ ကာကြယ္နိုင္ဖို႔ ႀကိဳးစားသြားမွာပါ။ ေက်းဇူးတင္ပါတယ္။ ”

Source: Soompi
Written: Gyi Gyi

Share