တရုတ်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော တောင်ကိုရီးယားအနုပညာရှင်များ (အပိုင်း-၁)

တောင်ကိုရီးယားနိုင်ငံတွင် အောင်မြင်ခဲ့ရုံမျှမက တရုတ်နိုင်ငံ၏အနုပညာစျေးကွက်တွင်ပါ နေရာယူခဲ့သော တောင်ကိုရီးယားအနုပညာရှင်များစွာရှိပါတယ်။ ထိုအနက်မှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1. Kim Hee Sun


Kim Hee Sun ဟာဆိုရင် တရုတ်ဇာတ်လမ်းတွဲ၊ ရုပ်ရှင်များတွင် သရုပ်ဆောင်ဖူးပါတယ်။ သို့သော်သူမ၏ နာမည်အကြီးဆုံး ရုပ်ရှင်ကတော့ မင်းသားကြီး Jackie Chan နှင့်အတူ သရုပ်ဆောင်ထားသည့် “The Myth” ရုပ်ရှင်ပင် ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံ၏ မင်းသမီးတစ်ဦး ဇာတ်ရုပ်နေရာတွင် သရုပ်ဆောင်ထားပီး စစ်သူကြီးဖြစ်သူ Jackie Chan နှင့် ချစ်ကြွမ်းဝင်ခဲ့ပါတယ်။ သူမဟာ အဆိုပါဇာတ်လမ်းဖြင့် တရုတ်ပြည်သူများ၏ အားပေးမှုကိုများစွာရရှိခဲ့ပါတယ်။

2. Yoona


Girls’ generation အဖွဲ့ဝင်ဖြစ်သော Yoona ဟာ “God Of War, Zhao Yun” ဆိုသည့် တရုတ်ရှေးခေတ်ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပါတယ်။ သွက်သွက်လက်လက်နှင့် ချစ်ဖို့ကောင်းသော သူမ၏ သရုပ်ဆောင်ဟန်များကြောင့် ပရိတ်သတ်များ၏ အချစ်ကို ရရှိခဲ့ပါတယ်။

3. Park Min Young


Park Min Young ဟာတရုတ်ဇာတ်လမ်းတွဲ Braveness of the Ming တွင် ပါဝင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲဟာ ရှေးခေတ်ကားတစ်ခုဖြစ်ပီး Park Min Young မှ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မှာပင် ဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲကတော့ ၂၀၂ဝခုနှစ်တွင် ထုတ်လွှင့်မည်ဟု သိရပါတယ်။

4. Lee Jong Suk


Lee Jong Suk ဟာ Jade Lovers ဆိုသည့် တရုတ်ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃ဝခုနှစ်နောက်ခံအချိန်ဖြင့် ရိုက်ကူးထားပီး Lee Jong Suk ကထိုကာလ၏ ကျောက်ကုန်သည်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ထိုဇာတ်လမ်းတွဲကိုလည်း ယခုနှစ်အတွင် ထုတ်လွှင့်မညဟု ကြော်ငြာထားပါတယ်။

5. Song Seung Hun


ဂျွန်စောလိုသိကြသည့် Song Seung Hun ကတော့ မင်းသမီး Liu Yi Fei နှင့်အတူ The Third way of Love ဆိုသည့် ရုပ်ရှင်တွင် တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါ်။ ထိုနောက်တွင် သူတို့နှစ်ဦးဟာ တရားဝင်ချစ်သူတွေ ဖြစ်ခဲ့ကြပီး နောက်ပိုင်းတွင်တော့ လမ်းခွဲခဲ့ပါတယ်။

ယခုဖော်ပြပေးလိုက်သည့် တောင်ကိုရီးယားသရုပ်ဆောင်များကတော့ တရုတ်နိုင်ငံ၏ အနုပညာစျေးကွက်တွင် နေရာယူထားကြသော အနုပညာရှင်များပင် ဖြစ်ပါတယ်။ (အပိုင်း-၂) တွင်လည်းနောက်ထပ် ကျန်ရှိနေသေးသည့် အနုပညာရှင်များကို ဆက်လက်ဖော်ပြပါဦးမည်။

Source: kdramastar
Written: Phoo Phoo

Share