Kim Soo Hyun နှင့် Seo Ye Ji တို့၏သရုပ်ဆောင်ပီပြင်မှုများကြောင့် ပရိတ်သတ်များက ထွက်ရှိလာမည့်ဇာတ်လမ်းတွဲအသစ်အား များစွာမျှော်လင့်နေကြ

TVN ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် It’s okay to Not Be Okay ဆိုသည့်ဇာတ်လမ်းတွဲအသစ်၏ နမူနာဗီဒီယို ထွက်ရှိလာခဲ့ပါတယ်။ ထိုဗီဒီယိုထဲတွင် Kim Soo Hyun နှင့် Seo Ye Ji တို့၏ သရုပ်ဆောင်ပီပြင်မှုများကို လူအများက ချီးကျူးနေကြပါတယ်။ ခေါင်းဆောင်သရုပ်ဆောင်နှစ်ဦးစလုံး၏ အပြိုင်အဆိုင် သရုပ်ဆောင်ချက်များကိုလည်း တွေ့ရပါတယ်။

Moon Kang Tae (Kim Soo Hyun) ကတော့ ကျန်မားရေးဝန်ထမ်းတစ်ဦး ဖြစ်ပီး သူဟာချစ်ရမှာကိုကြောက်နေသည့်သူ၊ အချစ်ရေးကို စိတ်မဝင်စားသော ကောင်လေးတစ်ဦးဖြစ်ပါတယ်။

Go Moon Young (Seo Ye Ji) ကတော့ အောင်မြင်နေသည့် ကလေးစာရေးဆရာမတစ်ဦးဖြစ်ပီး လူအများနှင့်အဆင်မပြေတတ်သူ၊ ကြောင်တောင်တောင်နိုင်သော မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာကတော့ အချစ်ဆိုသည့်အရာပေါ်ပေါက်လာပြီး နောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဇာတ်လမ်းတွဲထွက်ရင် ကြည့်လိုက်ပါနော်။

လတ်တလောတွင်တော့ ပရိတ်သတ်အများစုက Kim Soo Hyun နှင့် Seo Ye Ji တို့ဟာ အဆိုပါဇာတ်လမ်းတွဲမှ ဇာတ်ရုပ်များနှင့် လိုက်ဖက်လှကြောင်းကိုလည်း ပြောဆိုနေကြပါသည်။သရုပ်ဆောင်နှစ်ဦး၏ လိုက်ဖက်မှုများကြောင့် Romance အခန်းများ အတွက်ကိုလည်း များစွာမျှော်လင့်ထားကြပါတယ်။

Kim Soo Hyun နှင့် Seo Ye Ji ကို Dramaဟာ ဇွန်လ ၂ဝရက်နေ့တွင် စတင်ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။ မင်းသားနှင့်မင်းသမီးတို့ ကြိုးစား၍သရုပ်ဆောင်ထားကြသော It’s Okay To Not To Be Okay ဇာတ်လမ်းတွဲအသစ် ထွက်ရှိလာလျှင် အားပေးလိုက်ကြရအောင်နော်။

(Zawgyi) Kim Soo Hyun နှင့် Seo Ye Ji တို့၏သရုပ်ဆောင်ပီပြင်မှုများကြောင့် ပရိတ်သတ်များက ထွက်ရှိလာမည့်ဇာတ်လမ်းတွဲအသစ်အား များစွာမျှော်လင့်နေကြ






Source: Soompi
Written: Phoo Phoo

Share