အားလုံးစောင့်မျှော်နေတဲ့ The Silence of the monsters ဇာတ်လမ်းတွဲရိုက်ကူးမှူစတင်

BL ဇာတ်လမ်းတွေစျေးကွက်ကိုထိုးဖောက်လာပြီးနောက် တရုတ်ဇာတ်လမ်းတွဲလောကမှာလည်း Bromance အနည်းနဲ့အများပါဝင်တဲ့ BL ဇာတ်လမ်းတွဲရိုက်ကူးမှုများပြားလာပါတယ်။

ယခုလည်း Yuehua Entertainment လက်အောက်ခံ ယောက်ျားလေးအဖွဲ့ဖြစ်တဲ့ NEXT (former NEX7) အဖွဲ့ဝင် Zhu Zheng Ting နဲ့ Bi Wen Jun တို့ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်တဲ့ The Silence of The Monster ဇာတ်လမ်းတွဲဟာ ဇွန်လ ၁၃ ရက်နေ့ကရိုက်ကူးရေးတွေစတင်နေပါပြီ။

Zhang Ting က Robin အနေနဲ့သရုပ်ဆောင်မှာဖြစ်ပြီး Wen Jum က He ChuFeng အနေနဲ့ဖြစ်ပါတယ်။ မင်းသားနှစ်ဦးရဲ့ Weibo account အသီးသီးမှာလည်းဇာတ်လမ်းတွဲနဲ့ ပတ်သက်တာတွေတွေ့ရပြီး မင်းသမီးသရုပ်ဆောင်တွေအနေနဲ့လည်း Annie Sun နဲ့ Baby Zhang ကပါဝင်အားဖြည့်ပေးထားပါတယ်။

ဇာတ်လမ်းက ဝတ္ထုကိုပြန်အသက်သွင်းထားတာမျိုးမဟုတ်ပေမယ့် ဇာတ်ညွှန်းအရ ယောက်ျားလေးဇာတ်ဆောင်နှစ်ယောက်ကို အဓိကအသားပေးထားတာကြောင့် Bromance scene လေးတွေမြင်တွေ့ရမလား မင်းသမီးတွေနဲ့သမာရိုးကျ အချစ်ခန်းလေးတွေပဲမြင်တွေ့ရမလား စိတ်ဝင်စားစရာပါပဲ။

(Zawgyi) အားလုံးစောင့်မျှော်နေတဲ့ The Silence of the monsters ဇာတ်လမ်းတွဲရိုက်ကူးမှူစတင်

BL ဇာတ်လမ်းတွေဈေးကွက်ကိုထိုးဖောက်လာပြီးနောက် တရုတ်ဇာတ်လမ်းတွဲလောကမှာလည်း Bromance အနည်းနဲ့အများပါဝင်တဲ့ BL ဇာတ်လမ်းတွဲရိုက်ကူးမှုများပြားလာပါတယ်။




written : helra

Share