ယခုလက်ရှိ တွဲနေဆဲဖြစ်တဲ့ Idol အတွဲ ၃ တွဲ

ချစ်ရတဲ့ Idol တွေ အချစ်နဲ့တွေ့ပြီး ပျော်ရွှင်နေကြတာလည်း တကယ်တော့ ဝမ်းသာပေးရမယ့် ကိစ္စတစ်ခုပါ။ Idol အချင်းချင်းတွဲနေပါတယ်ဆိုပြီး တရားဝင် အတည်ပြုထားတဲ့ အတွဲများများ မရှိပါဘူး။

ရူးနိုင်လောက်တဲ့ အလုပ်တာဝန်တွေနဲ့ လူမှုရေးအဖက်ဖက်ကပေးတဲ့ ဖိအားပေးမှုတွေကြောင့် Idol Couple တွေရဲ့ သက်တမ်းဟာလည်း သိပ်မကြာတတ်ပါဘူး။ ယခုဖော်ပြပေးမယ့် အတွဲ ၃ တွဲကတော့ လက်ရှိ အတည်ပြုထားတဲ့ အတွဲ ၃ တွဲပဲဖြစ်ပါတယ်။

1. Kang Daniel နဲ့ TWICE ရဲ့ Jihyo

ပီးခဲ့တဲ့ ၂၀၁၉ နွေရာသီက Kang Daniel နဲ့ TWICE ရဲ့ Jihyo တို့ တွဲနေပါတယ် ဆိုတဲ့သတင်းဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ သူတို့နှစ်ယောက်ကတော့ လက်ရှိအချိိန်ထိ တွဲနေကြဆဲပါ။

2. HyunA နဲ့ Dawn

သူတို့နှစ်ယောက်ကတော့ ရိုမန့်တစ် အဆန်ဆုံး အတွဲလို့ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့လည်း ကောင်းသလို နှစ်ယောက်သားဟာလည်း တစ်ယောက်နဲ့ တစ်ယာက် ဘယ်လောက်ချစ်မြတ်နိုးကြောင်း ပြသဖို့ကို မကြောက်ရွံ့ကြပါဘူး။

သူတို့နှစ်ယောက်ရဲ့ အချစ်အတွက် ပွင့်လင်းမြင်သာမှုဟာ ပရိသတ်တွေရဲ့ Idol အချင်းချင်းတွဲတဲ့ အပေါ် မကောင်းမြင်မှုအပေါ်ကိုတောင် ပြောင်းလဲပေးနိုင်လာပါတယ်။ ဒါဟာ ဝမ်းသာစရာလို့ ပြောလို့ရပါတယ်။ HyunA နဲ့ Dawn ဟာ နှစ်ယောက် အတွဲပုံတွေကို Instagram မှာ တင်လေ့ရှိကြပီး ချစ်စရာလည်း ကောင်းပါတယ်။

3. Super Junior’s Heechul နဲ့ TWICE ရဲ့ Momo

Heechul နဲ့ Momo တို့တွဲနေပီဆိုတဲ့ သတင်းအတည်ပြုခဲ့တဲ့ အခါမှာတော့ ပရိသတ်တွေဟာ ဒီအတွဲအတွက် ဝမ်းသာပြီး အားပေးထောက်ခံ ခဲ့ကြပါတယ်။ တကယ်တော့ Heechul ဟာ Momo ရဲ့ fanboy ဆိုတာ ပရိတ်သတ်တွေ သိကြပီးသား ဖြစ်မှာပါ။

သူတို့နှစ်ယောက်ဟာလည်း မအားလပ်နေကြပေမယ့် လက်ရှိအချိန်ထိတော့ တွဲနေကြဆဲပါပဲ။ Heechul ဟာဆိုရင် Momo နဲ့ပတ်သက်ပြီး အစီအစဉ်တော်တော်များများမှာလည်း အစခံရလေ့ရှိပါတယ်။ ကဲ ဘယ် အတွဲကို အကြိုက်ဆုံး ဖြစ်မလဲ?

(Zawgyi) ယခုလက္ရွိ တြဲေနဆဲျဖစ္တဲ့ Idol အတြဲ ၃ တြဲ

ခ်စ္ရတဲ့ Idol ေတြ အခ်စ္နဲ႔ေတြ႕ၿပီး ေပ်ာ္ရႊင္ေနၾကတာလည္း တကယ္ေတာ့ ဝမ္းသာေပးရမယ့္ ကိစၥတစ္ခုပါ။ Idol အခ်င္းခ်င္းတြဲေနပါတယ္ဆိုၿပီး တရားဝင္ အတည္ျပဳထားတဲ့ အတြဲမ်ားမ်ား မရွိပါဘူး။

႐ူးနိုင္ေလာက္တဲ့ အလုပ္တာဝန္ေတြနဲ႔ လူမႈေရးအဖက္ဖက္ကေပးတဲ့ ဖိအားေပးမႈေတြေၾကာင့္ Idol Couple ေတြရဲ့ သက္တမ္းဟာလည္း သိပ္မၾကာတတ္ပါဘူး။ ယခုေဖာ္ျပေပးမယ့္ အတြဲ ၃ တြဲကေတာ့ လက္ရွိ အတည္ျပဳထားတဲ့ အတြဲ ၃ တြဲပဲျဖစ္ပါတယ္။

1. Kang Daniel နဲ႔ TWICE ရဲ့ Jihyo

ပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီက Kang Daniel နဲ႔ TWICE ရဲ့ Jihyo တို႔ တြဲေနပါတယ္ ဆိုတဲ့သတင္းဟာ ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္ခဲ့ပါတယ္။ အားလုံးသိၾကတဲ့အတိုင္းပဲ သူတို႔ႏွစ္ေယာက္ကေတာ့ လက္ရွိအခ်ိိန္ထိ တြဲေနၾကဆဲပါ။

2. HyunA နဲ႔ Dawn

သူတို႔ႏွစ္ေယာက္ကေတာ့ ရိုမန႔္တစ္ အဆန္ဆုံး အတြဲလို႔ေျပာလို႔ရပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ့ အခ်စ္ဇာတ္လမ္းဟာ စိတ္ဝင္စားဖို႔လည္း ေကာင္းသလို ႏွစ္ေယာက္သားဟာလည္း တစ္ေယာက္နဲ႔ တစ္ယာက္ ဘယ္ေလာက္ခ်စ္ျမတ္နိုးေၾကာင္း ျပသဖို႔ကို မေၾကာက္ရြံ့ၾကပါဘူး။

သူတို႔ႏွစ္ေယာက္ရဲ့ အခ်စ္အတြက္ ပြင့္လင္းျမင္သာမႈဟာ ပရိသတ္ေတြရဲ့ Idol အခ်င္းခ်င္းတြဲတဲ့ အေပၚ မေကာင္းျမင္မႈအေပၚကိုေတာင္ ေျပာင္းလဲေပးနိုင္လာပါတယ္။ ဒါဟာ ဝမ္းသာစရာလို႔ ေျပာလို႔ရပါတယ္။ HyunA နဲ႔ Dawn ဟာ ႏွစ္ေယာက္ အတြဲပုံေတြကို Instagram မွာ တင္ေလ့ရွိၾကပီး ခ်စ္စရာလည္း ေကာင္းပါတယ္။

3. Super Junior’s Heechul နဲ႔ TWICE ရဲ့ Momo

Heechul နဲ႔ Momo တို႔တြဲေနပီဆိုတဲ့ သတင္းအတည္ျပဳခဲ့တဲ့ အခါမွာေတာ့ ပရိသတ္ေတြဟာ ဒီအတြဲအတြက္ ဝမ္းသာၿပီး အားေပးေထာက္ခံ ခဲ့ၾကပါတယ္။ တကယ္ေတာ့ Heechul ဟာ Momo ရဲ့ fanboy ဆိုတာ ပရိတ္သတ္ေတြ သိၾကပီးသား ျဖစ္မွာပါ။

သူတို႔ႏွစ္ေယာက္ဟာလည္း မအားလပ္ေနၾကေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ တြဲေနၾကဆဲပါပဲ။ Heechul ဟာဆိုရင္ Momo နဲ႔ပတ္သက္ၿပီး အစီအစဥ္ေတာ္ေတာ္မ်ားမ်ားမွာလည္း အစခံရေလ့ရွိပါတယ္။ ကဲ ဘယ္ အတြဲကို အႀကိဳက္ဆုံး ျဖစ္မလဲ?

Source: Soompi
Written: Gyi Gyi

Share