Categories: Celebrity News

၁၃ရက်အတွင်း YouTube တွင် ကြည့်ရှုသူသန်း(၁၀၀)ကို More & More သီချင်းဖြင့် ရရှိလိုက်သည့် Twice အဖွဲ့

Twice အဖွဲ့ဟာ အရင်ကရခဲ့ဖူးသော သူတို့ရဲ့စံချိန်ကို ထပ်မံချိုးလိုက်နိုင်ပါတယ်။ More & More သီချင်းကို ဇွန်လ ၁ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ၆နာရီတွင် YouTube တွင် စတင်ထုတ်လွှင့်ခဲ့ပါတယ်။

ဇွန်လ၁၄ရက်နေ့ ညနေ၄နာရီခန့်တွင့်တော့ ကြည့်ရှုသူပေါင်း သန်း၁၀၀ ရှိခဲ့ပါတယ်။ဒါဟာ Twice အဖွဲ့၏ သီချင်းတွေ ထုတ်လွှင့် ခဲ့သည့်ရာဇဝင်မှာ ပထမဆုံးရရှိခဲ့သည့် စံချိန်သစ်တစ်ခုပါ။

ဒီမတိုင်ခင်က Twice အဖွဲ့ဟာ Feeling Special ဆိုသည့် သီချင်းကို ၂၁ရက်အတွင်း ကြည့်ရှုသူသန်း၁၀၀ ရခဲ့ဖူးပါတယ်။ ယခု More & More သီချင်းဖြင်တော့ ကြည့်ရှုသူသန်း၁ဝဝကို ၁၃ရက်အတွင်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Twice အဖွဲ့၏ YouTubeတွင် ကြည့်ရှုသူသန်း၁၀၀ ကျော်သော သီချင်းကောင်းများစွာရှိပါတယ်။

“LIKE OOH AHH”, “Cheer Up”, “TT”, “Knock Knock”, “Signal”, “Likey”, “Heart Shaker”, “What is Love?”,”Dance the Night Away”, “YES or YES”, “Fancy”,နှင့် “Feeling Special” တို့ဟာ YouTube တွင် 100M Views ကျော်ခဲ့သည်သီချင်းများပင် ဖြစ်ပါတယ်။

ယခု More & More ကား နောက်ထပ်စံချိန်သစ်တစ်ခုဖြင့် 100M views ကိုရရှိလိုက်ပြန်ပါပီ။ Twice အဖွဲ့ဟာ ယခုလက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၏ အောင်မြင်နေသော Girl Group တစ်ခုပဲ ဖြစ်ပါတယ်။

နောက်တွင်လည်း ထွက်ရှိလာမည့် သီချင်းကောင်းများကို ပရိတ်သတ်များကလည်း မျှော်လင့်နေကြပါတယ်။ အနာဂတ်တွင်လည်း အောင်မြင်မှုများ ဆက်လက်သိမ်းပိုက်နိုင်ပြီး ပရိတ်သတ်များ၏ အားပေးမှုကိုလည်း ဒီထက်မကပိုမိုရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(Zawgyi) ၁၃ရက်အတွင်း YouTube တွင် ကြည့်ရှုသူသန်း(၁၀၀)ကို More & More သီချင်းဖြင့် ရရှိလိုက်သည့် Twice အဖွဲ့







Source: Soompi
Written by: Phoo Phoo

Share