Music show တွေမှာ win အများဆုံး မိန်းကလေးအဖွဲ့အဖြစ် စံချိန်တင်လိုက်နိုင်တဲ့ Twice

တောင်ကိုရီးယားရဲ့ အပတ်စဉ်ကျင်းပတဲ့ music show တွေမှာ အနိုင်ရရှိတဲ့အကြိမ်ရေအများဆုံး girl group နေရာကို Twice အဖွဲ့က ဂျွန်လ ၁၃ ရက်နေ့မှာပဲ သိမ်းပိုက်လိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ Twice အဖွဲ့အတွက် တောင်ကိုရီးယားဂီတလောကမှာ ဂုဏ်ယူစရာ စံချိန်သစ်တစ်ခုလို့လဲဆိုရမှာပါ။

More and More သီချင်းနဲ့ ပရိတ်သတ်တွေရှေ့ပြန်ရောက်လာခဲ့ပြီး music core မှာသီချင်းရဲ့ 4th win ကိုရခဲ့ရာကနေ ယခင်က Girls’ Generation အဖွဲ့ရဲ့ စံချိန်ကို ချိုးလိုက်တာပါ။ Girls’ Generation အဖွဲ့ အနိုင်ရခဲ့တဲ့အကြိမ်ရေက ၁၀၀ ရှိခဲ့ပြီး Twice ကတော့ ၁၀၁ ကြိမ်နဲ့ မော်ကွန်းသစ်ပါပဲ။

Twice ဟာ လက်တလောမှာ မိန်းကလေးအဖွဲ့တွေထဲမှာ သမိုင်းတစ်လျှောက် win အများဆုံးနဲ့ စံချိန်တင်နေသလို kpop အဖွဲ့တွေအားလုံးထဲမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပထမနေရာမှာတော့ ၁၁၇ win နဲ့ EXO အဖွဲ့က ဗိုလ်စွဲနေတာပါ။

Twice အနေနဲ့ကိုရီးယားဂီတသမိုင်းမှာ စံချိန်သစ်တင်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ Album ရောင်းချမှုအများဆုံးမိန်းကလေးအဖွဲ့လဲဖြစ်သလို ကိုရီးယားရဲ့ အကြီးကျယ်ဆုံးဂီတဆုပေးပွဲတွေမှာ Daesang (Grand Prize) တွေကို အများဆုံးဆွတ်ခူးထားနိုင်တဲ့ မိန်းကလေးအဖွဲ့လဲ ဖြစ်ပါတယ်။

(Zawgyi) Music show ေတြမွာ win အမ်ားဆုံး မိန္းကေလးအဖြဲ႕အျဖစ္ စံခ်ိန္တင္လိုက္နိုင္တဲ့ Twice

ေတာင္ကိုရီးယားရဲ့ အပတ္စဥ္က်င္းပတဲ့ music show ေတြမွာ အနိုင္ရရွိတဲ့အႀကိမ္ေရအမ်ားဆုံး girl group ေနရာကို Twice အဖြဲ႕က ဂၽြန္လ ၁၃ ရက္ေန႔မွာပဲ သိမ္းပိုက္လိုက္နိုင္ခဲ့ပါတယ္။ ဒါဟာ Twice အဖြဲ႕အတြက္ ေတာင္ကိုရီးယားဂီတေလာကမွာ ဂုဏ္ယူစရာ စံခ်ိန္သစ္တစ္ခုလို႔လဲဆိုရမွာပါ။

More and More သီခ်င္းနဲ႔ ပရိတ္သတ္ေတြေရွ႕ျပန္ေရာက္လာခဲ့ၿပီး music core မွာသီခ်င္းရဲ့ 4th win ကိုရခဲ့ရာကေန ယခင္က Girls’ Generation အဖြဲ႕ရဲ့ စံခ်ိန္ကို ခ်ိဳးလိုက္တာပါ။ Girls’ Generation အဖြဲ႕ အနိုင္ရခဲ့တဲ့အႀကိမ္ေရက ၁၀၀ ရွိခဲ့ၿပီး Twice ကေတာ့ ၁၀၁ ႀကိမ္နဲ႔ ေမာ္ကြန္းသစ္ပါပဲ။

Twice ဟာ လက္တေလာမွာ မိန္းကေလးအဖြဲ႕ေတြထဲမွာ သမိုင္းတစ္ေလၽွာက္ win အမ်ားဆုံးနဲ႔ စံခ်ိန္တင္ေနသလို kpop အဖြဲ႕ေတြအားလုံးထဲမွာ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ပထမေနရာမွာေတာ့ ၁၁၇ win နဲ႔ EXO အဖြဲ႕က ဗိုလ္စြဲေနတာပါ။

Twice အေနနဲ႔ကိုရီးယားဂီတသမိုင္းမွာ စံခ်ိန္သစ္တင္ခဲ့တာ ဒါပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ Album ေရာင္းခ်မႈအမ်ားဆုံးမိန္းကေလးအဖြဲ႕လဲျဖစ္သလို ကိုရီးယားရဲ့ အႀကီးက်ယ္ဆုံးဂီတဆုေပးပြဲေတြမွာ Daesang (Grand Prize) ေတြကို အမ်ားဆုံးဆြတ္ခူးထားနိုင္တဲ့ မိန္းကေလးအဖြဲ႕လဲ ျဖစ္ပါတယ္။

source : allkpop
written : Dar Dar

Share