Gong Yoo, Bae Doona တို့နဲ့အတူ Lee Joon ပါဝင်လာနိုင်ချေရှိတဲ့ Sci-Fi ဇာတ်လမ်းတွဲသစ်အကြောင်း

ဂျွန်လ ၁၅ ရက်နေ့မှာတော့ မင်းသား Lee Joon တစ်ယောက်ဟာ Netflix ရဲ့ သိပ္ပံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်လာဖို့ ကမ်းလှမ်းခံထားရတယ်လို့သိရပါတယ်။ ထိုစီးရီးကိုတော့ ဩဂုတ်လမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး Netflix ကနေထုတ်လွှင့်ပြသသွားမှာပါ။

စီးရီးရဲ့နာမည်ကိုတော့ “The Sea of Silence” လို့ယာယီအမည်ပေးထားပြီး အနာဂတ်ကာလကိုအခြေတည်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ကာ ကမ္ဘာပေါ်မှာအစာရေစာပြတ်လပ်သွားပြီး အခက်အခဲကြုံရပုံကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးသွားမှာပါ။

ဇာတ်လမ်းကတော့ ဒါရိုက်တာ Choi Hang Yong ရဲ့ 13th Mise-en-scène Short Film Festival မှာဆုရထားတဲ့ ဇာတ်လမ်းတိုကို မှီငြမ်းထားပြီး အဆိုပါဒါရိုက်တာကပဲ ပြန်လည်ရိုက်ကူးမှာဖြစ်သလို ပရိုဂျူဆာအနေနဲ့လဲ နာမည်ကြီးရုပ်ရှင်ပေါင်းများစွာကို ထုတ်လုပ်ခဲ့တဲ့ Jung Woo Sung ကတာဝန်ယူသွားမှာပါ။

သရုပ်ဆောင်အနေနဲ့လဲ နာမည်ကျော်မင်းသား Gong Yoo နဲ့ ဟောလိဝုဒ်အထိခြေဆန့်ခဲ့တဲ့ မင်းသမီး Bae Doona၊ မင်းသား Lee Joon Hyuk နဲ့ Lee Joon တို့လို အကျော်အမော်တွေကို ကမ်းလှမ်းထားတာမို့ တကယ်ကိုအောင်မြင်ဖို့ အလားအလာရှိတဲ့ ဇာတ်လမ်းတွဲပါပဲ။

source : soompi
written : Dar Dar

Share