ARMYs တွေကိုယ်တိုင် vote ပေးခဲ့တဲ့ အကြိုက်ဆုံး BTS သီချင်း ‘Spring Day’

June လ ၁၃ ရက်နေ့က BTS အဖွဲ့က သူတို့အဖွဲ့ရဲ့ ရနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ သူတို့ရဲ့ Vlive Channel မှာ ‘2020 BTS Festa’ ဆိုပြီး live လွှင့်ခဲ့ပါတယ်။ Live ထဲမှာသူတို့က ‘2020 BTS Music Election’ ဆိုတဲ့ပွဲလေးကျင်းပပြီး ARMY တွေရဲ့ အကြိုက်ဆုံးသီချင်းကို မဲပေးခိုင်းခဲ့ပါတယ်။

Vote ပေးတဲ့အခါ သီချင်း ၁၅ ပုဒ်ကို ပရိတ်သတ် ၁၄၅,၀၀၀ ကျော်ကပေးခဲ့တာပါ။ ဒီထဲမှာ’Spring Day’ က vote ပေါင်း ၈၀,၀၀၀ နဲ့ အကြိုက်ဆုံးအဖြစ် fan တွေဆီကရွေးချယ်ခံခဲ့ရပါတယ်။ ဒီသီချင်းလေးက fan မဟုတ်တဲ့ သူတွေကြားမှာပါ တော်တော်လူကြိုက်များတဲ့သီချင်းလေးပါပဲ။ အောင်မြင်မှုတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရနှစ်ပြည့်မြောက်သွားတဲ့ BTS အဖွဲ့ကို ဂုဏ်ပြုပါတယ်နော်။ ပရိတ်သတ်ကြီးတို့ အကြိုက်ဆုံး BTS သီချင်းကရောဘာလဲလို့ မျှဝေပေးသွားကြပါဦး။

source : allkpop
written by helra

Share