ပေါ့ပေါ့ပါးပါးနဲ့ အထာကျလွန်းတဲ့ Jennie ရဲ့ အမိုက်စား Airport Fashion များ

BLACKPINK အဖွဲ့ရဲ့ Jennie လို့ဆိုလိုက်တာနဲ့ ဒီဘက်ခေတ်ရဲ့ fashion icon လို့ဆိုရလောက်အောင် တန်ဖိုးကြီးဘရန်းတွေကို အထာကျကျဆင်မြန်းတတ်သူဆိုတာ အားလုံးသိမှာပါ။ ဘယ်နေရာမှာမဆို အမြဲဖက်ရှင်ကျနေတဲ့သူမဟာ လေယာဉ်ကွင်းကိုလဲ သူမရဲ့ကိုယ်ပိုင် runway အဖြစ်ပြောင်းလဲပစ်နိုင်ပါတယ်။ Jennie ရဲ့ အလန်းဆုံး airport fashion တွေကတော့…

၁။ Chanel က crop top အပြာရောင်လေးနဲ့ ဘောင်းဘီအပွအနက်ရောင်လေးကို ရိုးရှင်းစွာဝတ်ဆင်ထားပြီး သွယ်လျတဲ့ခါးအလှကို အသားပေးထားတဲ့ ဖက်ရှင်ကတော့ Jennie နဲ့ တကယ်ကိုလိုက်ဖက်ပါတယ်။ ရိုးရိုးလေးနဲ့ ကျော့ရှင်းနေတာပါပဲ။

၂။ 90’s vibes ကို ပေါ်လွင်စေတဲ့ မီးခိုးရောင်ဝမ်းဆက်နဲ့ flannel အကွက်ကို တွဲဖက်ဝတ်ဆင်ထားပြီး ဒီ outfit ရဲ့ အဓိကဆွဲဆောင်မှုကတော့ တစ်မူထူးခြားတဲ့ sunglass ပါ။ Jennie ကိုကြည့်ရတာ ၉၀ ခုနှစ်တွေတုန်းက fashionista တစ်ယောက်လိုပါပဲ။

၃။ Chanel က Half-shoulder top အနက်ရောင်လေးနဲ့ ကာကီရောင် ဘောင်းဘီအပွလေးက ရိုးရှင်းစွာနဲ့ပဲ Jennie ရဲ့ကျစ်ကျစ်လစ်လစ်ကိုယ်လုံးလေးပေါ်မှာ လှပနေပါတယ်။ ရိုးရှင်းတဲ့ဝတ်စုံလေးနဲ့လိုက်ဖက်တဲ့ အိတ်သေးသေးလေးကို လက်ကကိုင်ထားပါသေးတယ်။

၄။ အောက်ခံ turtle neck အင်္ကျီအဖြူလေးပေါ်မှာ မတူညီနဲ့အသားရောင် shade အနုအရင့် နှစ်ခုကို တွဲဖက်ထားပုံက တကယ်ကိုအဆင့်အတန်းမြင့်ပါတယ်။ ကုတ်အင်္ကျီရဲ့အထက်တန်းကျမှုနဲ့ တန်ဖိုးမြင့် sunglass ရဲ့တွဲဖက်မှုက Jennie ကိုပိုထည်ဝါသွားစေတာပါ။

၅။ တစ်ကိုယ်လုံးကို ရိုးစင်းတဲ့ denim jeans နဲ့ဆင်မြန်းထားပြီး ချစ်စရာဝက်ဝံရုပ်အိတ်ကလေးရယ် အိတ်လေးနဲ့အတွဲအဖက်ညီတဲ့ scarf လေးကို ခေါင်းမှာပတ်ထားတဲ့ fashion လဲကျ ချစ်စရာလဲကောင်းတဲ့ idea ဆန်းလေးကတော့ တကယ်ကိုချီးကျူးစရာပါပဲ။

၆။ အဖြူနဲ့အနက်နှစ်ရောင်တည်းကိုပဲ ဆန်းဆန်းပြားပြားလေးဖြစ်အောင် တွဲဖက်ဝတ်ဆင်ထားပုံက Jennie ရဲ့ဖက်ရှင်အမြင်စူးရှပုံကို ထင်ရှားစေပါတယ်။ ဒီ outfit ရဲ့အသက်ကတော့ ဆောင်းထားတဲ့ဦးထုပ်လေးနဲ့ Chanel ကျောပိုးအိတ်အသေးလေးပါပဲ။

၇။ ရိုးရှင်းတဲ့ all black ကိုမှ အပေါ်ကထည်ဝါတဲ့ coat လေးတစ်ထည်ထပ်လိုက်ပြီး Gucci ခါးပတ်လေးနဲ့ sunglass လေးနဲ့တွဲဖက်လိုက်ပုံက Jennie ကို ရုပ်ရှင်ထဲက စီးပွားရေးလုပ်ငန်းရှင်မလေးတစ်ယောက်လို ခံစားရစေပါတယ်။

၈။ ဘယ်တော့မှရိုးမသွားတဲ့ leather jacket နဲ့ boots တွေကိုလဲ Jennie ဟာစွဲစွဲမြဲမြဲ ဝတ်တတ်ပါတယ်။ အပြစ်ပြောစရာမရှိအောင်လှတဲ့လူမှာမှ basic ဖြစ်ပြီး အထာကျတဲ့ဖက်ရှင်ကို ဆင်မြန်းလိုက်တဲ့အခါမှာ လူတကာ သမင်လည်ပြန်ငေးကြည့်ရပါတော့တယ်။

၉။ ဒီ look ကတော့ သူ့အင်္ကျီပေါ်ကစာသားလေးအတိုင်း 100% basic ပါ။ ရှင်းနေတဲ့ tee လေးမှာကိုမှ သမားရိုးကျဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ထားပြီး Chanel ဖိနပ်လေးရယ် cross-body bag လေးရယ်နဲ့ တန်ဖိုးကြီးပြီး ရိုးရှင်းတဲ့ပုံစံနဲ့ အလှဆုံးဖြစ်နေပါတယ်။

၁၀။ ခပ်မိုက်မိုက်စတိုင်နဲ့ အရမ်းလိုက်ဖက်တဲ့ Jennie ဟာ ဒီလိုသိမ်မွေ့တဲ့ မိန်းမဆန်ဆန်အပြင်အဆင်လေးနဲ့လဲ စိတ်ကူးယဉ်ဆန်ဆန်လှရက်လွန်းပါတယ်။ ခပ်ရိုးရိုးဝတ်စုံလေးကိုမှ အရောင်လေးကလဲရိုးစင်းတာကြောင့် Jennie ရဲ့အလှဟာ အရောင်အဝါထွက်နေသလိုပါပဲ။

ဒီဝတ်စုံလေးတွေကတော့ Jennie ရဲ့ အမိုက်စား airport fashion ပေါင်းများစွာထဲကမှ အချို့ကိုကောက်နှုတ်တင်ပြထားခြင်းဖြစ်တာကြောင့် အမြင်မတူတာလေးတွေရှိရင်လဲ နားလည်ပေးဖို့တောင်းဆိုပါတယ်။ အခြားသော BLACKPINK အဖွဲ့ဝင်တွေရဲ​့ fashion တွေကိုလဲ မကြာမီမှာတင်ဆက်ပေးသွားမှာပါ။

 

source: Blackpink Closet
written: Dar Dar

Share