The King : Eternal Monarch ဇာတ်လမ်းတွဲထဲက ဘုရင် Lee Gon အသေးစားလေးရဲ့အကြောင်း

မကြာမီကမှဇာတ်သိမ်းသွားခဲ့တဲ့ The King : Eternal Monarch ကတော့ ဆန်းပြားတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိတ်သတ်အားပေးမှုကိုရရှိခဲ့ပါတယ်။ နာမည်ကျော်ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပရိတ်သတ်စိတ်ဝင်စားခဲ့ရသူလေးကတော့ Lee Min Ho ငယ်ဘဝမှာသရုပ်ဆောင်တဲ့ ကလေးငယ်လေးပါ။

ချစ်စရာကောင်းပြီး ချောမောတဲ့ရုပ်ရည်လေးအပြင် ပီပြင်တဲ့သရုပ်ဆောင်မှုနဲ့ ပရိတ်သတ်အချစ်ကို အရယူသွားသူလေးကတော့ Jung Hyeon Jun ဖြစ်ပြီး ၈ နိုဝင်ဘာ ၊ ၂၀၁၁ ကမှမွေးတာမို့ အသက် ၉ နှစ်သာရှိပါသေးတယ်။

အသက်ငယ်ပေမယ်​့ ကလေးမော်ဒယ်အဖြစ် အသက်လေးနှစ်အရွယ်မှာ စတင်ခဲ့တာမို့ အနုပညာသက်တမ်းကတော့ ၅ နှစ်ရှိပါပြီ။ ၂၀၁၇ ခုနှစ်တည်းက စတင်သရုပ်ဆောင်ခဲ့ပြီး Dr.Romantic (Season 2) နဲ့ Vagabond တို့လို နာမည်ကျော်ဇာတ်လမ်းတွဲတွေထဲမှာလဲ ပါဝင်ခဲ့ပြီး အော်စကာဆုရ Parasite ရုပ်ရှင်မှာလဲ သူဌေးအိမ်က သားငယ်လေးအဖြစ် အဓိကဇာတ်ရုပ်နေရာမှာ ပါဝင်ခဲ့ပါသေးတယ်။

အရွယ်နဲ့မလိုက်တဲ့ အောင်မြင်မှုတွေ ရရှိနေသူလေးပါ။ လက်တလောမှာတော့ T1 Entertainment နဲ့လက်တွဲအလုပ်လုပ်နေပြီး သူ့ရဲ့ချစ်စရာပုံလေးတွေနဲ့ လှုပ်ရှားမှုလေးတွေကိုတော့ သူ့မေမေရဲ့ instagram ဖြစ်တဲ့ @hyeonjun_mama မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ချစ်စရာရုပ်ရည်လေးကတော့ အနာဂတ်မှာ ထွန်းတောင်လာမယ်​့ အနုပညာကြယ်ပွင့်လေးဆိုတာ သိသာထင်ရှားနေပါတယ်နော်။

(Zawgyi) The King : Eternal Monarch ဇာတ္လမ္းတြဲထဲက ဘုရင္ Lee Gon အေသးစားေလးရဲ့အေၾကာင္း

မၾကာမီကမွဇာတ္သိမ္းသြားခဲ့တဲ့ The King : Eternal Monarch ကေတာ့ ဆန္းျပားတဲ့ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပရိတ္သတ္အားေပးမႈကိုရရွိခဲ့ပါတယ္။ နာမည္ေက်ာ္ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ ပရိတ္သတ္စိတ္ဝင္စားခဲ့ရသူေလးကေတာ့ Lee Min Ho ငယ္ဘဝမွာသ႐ုပ္ေဆာင္တဲ့ ကေလးငယ္ေလးပါ။

ခ်စ္စရာေကာင္းၿပီး ေခ်ာေမာတဲ့႐ုပ္ရည္ေလးအျပင္ ပီျပင္တဲ့သ႐ုပ္ေဆာင္မႈနဲ႔ ပရိတ္သတ္အခ်စ္ကို အရယူသြားသူေလးကေတာ့ Jung Hyeon Jun ျဖစ္ၿပီး ၈ နိုဝင္ဘာ ၊ ၂၀၁၁ ကမွေမြးတာမို႔ အသက္ ၉ ႏွစ္သာရွိပါေသးတယ္။

အသက္ငယ္ေပမယ္​့ ကေလးေမာ္ဒယ္အျဖစ္ အသက္ေလးႏွစ္အရြယ္မွာ စတင္ခဲ့တာမို႔ အႏုပညာသက္တမ္းကေတာ့ ၅ ႏွစ္ရွိပါၿပီ။ ၂၀၁၇ ခုႏွစ္တည္းက စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး Dr.Romantic (Season 2) နဲ႔ Vagabond တို႔လို နာမည္ေက်ာ္ဇာတ္လမ္းတြဲေတြထဲမွာလဲ ပါဝင္ခဲ့ၿပီး ေအာ္စကာဆုရ Parasite ႐ုပ္ရွင္မွာလဲ သူေဌးအိမ္က သားငယ္ေလးအျဖစ္ အဓိကဇာတ္႐ုပ္ေနရာမွာ ပါဝင္ခဲ့ပါေသးတယ္။

အရြယ္နဲ႔မလိုက္တဲ့ ေအာင္ျမင္မႈေတြ ရရွိေနသူေလးပါ။ လက္တေလာမွာေတာ့ T1 Entertainment နဲ႔လက္တြဲအလုပ္လုပ္ေနၿပီး သူ႔ရဲ့ခ်စ္စရာပုံေလးေတြနဲ႔ လႈပ္ရွားမႈေလးေတြကိုေတာ့ သူ႔ေမေမရဲ့ instagram ျဖစ္တဲ့ @hyeonjun_mama မွာ သြားေရာက္ၾကည့္ရႈနိုင္ပါတယ္။ ခ်စ္စရာ႐ုပ္ရည္ေလးကေတာ့ အနာဂတ္မွာ ထြန္းေတာင္လာမယ္​့ အႏုပညာၾကယ္ပြင့္ေလးဆိုတာ သိသာထင္ရွားေနပါတယ္ေနာ္။

source : cosmo
written : Dar Dar

Share