Lee Minho နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်မင်းသမီးများ

Boys over flowers (F4 ချစ်သူ) ဇာတ်လမ်းတွဲနဲ့ထင်ရှားလာတဲ့ Lee Min Ho ကိုတော့ပရိတ်သတ်အားလုံးပဲသိကြမှာပါ။ ဇွန်လ ၁၃ ရက်နေ့ကထုတ်လွှင့်ပြီးခဲ့တဲ့ The King ဇာတ်လမ်းတွဲ ဟာဆိုရင်လည်း သူ့ရဲ့ စစ်မှုထမ်းပြီးနောက် ပထမဆုံးပြန်သရုပ်ဆောင်တဲ့ ဇာတ်လမ်းအနေနဲ့ ကျော်ကြားနေပါတယ်။

သူ့ရဲ့သရုပ်ဆောင်သက်တမ်း ၁၄ နှစ်အတွင်းမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွေလည်း မနည်းပါဘူး။ ဒီဇာတ်လမ်းတွဲတွေ ဒီလိုအောင်မြင်အောင် တူတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလှလှလေးတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ Ku Hye Sun (Boys Over Flowers)

Boys Over Flowers (F4 ချစ်သူ) ဇာတ်လမ်းတွဲက ဂူဂျွန်ဖြိုးရဲ့ ဂင်ဂျန်ဒီကိုမသိတဲ့ ပရိတ်သတ်ရှိမယ်မထင်ပါဘူး။ Taiwan drama တစ်ခုကိုပြန်လည်ရိုက်ကူးခဲ့တဲ့ F4ချစ်သူဟာ အာရှတစ်ခွင်အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။

ဂင်ဂျန်ဒီအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ku Hye Sun ကရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် ဒါရိုက်တာ၊ စာရေးဆရာမ၊ အဆိုတော်အနေနဲ့လည်း အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေပါတယ်။

‘Tears are shaped like hearts’ ဆိုတဲ့ သူမရဲ့ပွဲဦးထွက်အရောင်းရဆုံးဝတ္ထုကိုလည်း ၂၀၁၉ ခုနစ်ထဲမှာထုတ်ဝေခဲ့ပါသေးတယ်။ ၂၀၁၉ အတွင်းမှာပဲ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Ahn Jae Hyun နဲ့ကွာရှင်းပြတ်ဆဲမှုဟာလည်း ပရိတ်သတ်ရဲ့အာရုံစိုက်မှုခံခဲ့ရပါတယ်။ Voyage – Again And Again ဆိုတဲ့ အနုပညာပြခန်းကိုလည်း မကြာသေးမီက ပြသခဲ့ပါသေးတယ်။

၂။ Son Ye Jin (Personal Taste)

၂၀၁၂ မှာထွက်ရှိခဲ့တဲ့ Personal Taste ဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ပြီးအခန်းဖော်တစ်ယောက်လိုက်ရှာနေတဲ့ ပရိဘောဂဒီဇိုင်နာ Park Hae In အဖြစ် Son Ye Jin ကသရုပ်ဆောင်ထားပါတယ်။

သူမဟာ Jeon Ji Hoo (Lee Min Ho) နဲ့အခန်းဖော်အဖြစ်တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၈ မှာ သူမရဲ့ Something in the rain ဇာတ်လမ်းထွက်ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ဗိုလ်ကြီးကားလို့ အားလုံးသိကြတဲ့ Crash Landing on You မှာ Hyun Bin နဲ့အတူပါဝင်ခဲ့ပါတယ်။

၃။ Park Min Young (City Hunter)

၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ City Hunter (မြို့ပြမုဆိုး) ဇာတ်လမ်းဟာလည်း Lee Min Ho ရဲ့အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲနော်။ သမ္မတအိမ်တော်ကကိုယ်ရံတော်မလေး Kim Na Na အနေနဲ့ ဇာတ်ရုပ်ပီပြင်ခဲ့တဲ့ Park Min Young ကိုလည်း မေ့နိုင်ကြဦးမှာ မဟုတ်ပါဘူး။

ပိုပြီးထူးခြားတာကသူတို့နှစ်ဦးက ဇာတ်လမ်းတွဲထဲက အချစ်ဇာတ်လမ်းကို လက်တွေ့ဘဝမှာပါ အသက်သွင်းပြီး တွဲခုတ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲ ၂၀၁၂ ခုနှစ်မှာတော့ ပြတ်စဲခဲ့ကြပါတယ်။

Park Min Young ဟာ ၂၀၁၈ ခုနစ်မှာ Park Seo Joon နဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ What’s Wrong with Secretary Kim? ၊ ၂၀၁၉ ခုနှစ်မှာ Kim Jae Wook နဲ့အတူသရုပ်ဆောင်ခဲ့တဲ့ Her Private Life ဇာတ်လမ်းတွဲတွေမှာလည်း နာမည်ကျော်ကြားခဲ့ပါတယ်။

၎။ Kim Hee Sun (Faith)

၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတွဲ Faith မှာတော့ ဂိုဂူလျောခေတ်ကိုပြန်ရောက်သွားခဲ့တဲ့ ခေတ်သစ် ပလတ်စတစ်ဆာဂျရီဆရာဝန်မလေး Yoo Eun Soo အဖြစ် Kim Hee Sun ကပါဝင်ခဲ့ပါတယ်။

ဒီမှာတော့ Lee Min Ho ကိုဂိုဂူလျောကတပ်မှူးအဖြစ်မြင်တွေ့ကြရမှာပါ။ Kim Hee Sun ကနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်ခဲ့ပြီး ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ The Lady in Dignity နဲ့ ၂၀၁၈ မှာထွက်ခဲ့တဲ့ Room No 9 ဇာတ်လမ်းတွေမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။

၅။ Park Shin Hye (The Heirs)

The heirs ဇာတ်လမ်းတွဲကလည်း မြန်မာရုပ်ရှင်ကြည့်ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူးနော်။ Park Shin Hye ကဒီထဲမှာ သူဌေးသား Kim Tam (Lee Min Ho) နဲ့ အမေရိကန် မှာတွေ့ကြတဲ့အလုပ်တစ်ဖက်နဲ့ကျောင်းတက်နေတဲ့ ကျောင်းသူလေး Cha Eun Sang အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

သူမမှာ နောက်ပိုင်း မှာလည်း Pinocchio (၂၀၁၆), Temperature Of Love (၂၀၁၇) နဲ့ The Memories of the Alhambra (၂၀၁၈) စတဲ့ ဇာတ်လမ်းတွဲတွေနဲ့လည်းအောင်မြင်ခဲ့ပါတယ်။ ပရိတ်သတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ Alive ဆိုတဲ့ Zombie ဇာတ်လမ်းမှာလည်းသူမကိုတွေ့ရမှာဖြစ်ပါတယ်​။ သူမဟာ ယခုလက်ရှိ မင်းသား Choi Tae Joon နဲ့တွဲနေပါတယ်။

၆။ Jun Ji Hyun (Legend of the Blue Sea)

Legend of the Blue Sea ထဲကရေသူမလေးဟာလည်း Lee Min Ho နဲ့ တွဲဖက်သရုပ်ဆောင်ဖူးတဲ့မင်းသမီးလို့ ပြောရရင် မပါမဖြစ်ပဲနော်။ ဂျိုဆွန်းခေတ်ကတည်းကစတင်လာခဲ့တဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ ယနေ့ခေတ် Heo Joong Jae (Lee Min Ho) ဘဝအထိ မမေ့တဲ့ အချစ်ကြီးတဲ့ရေသူမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်နော်။

ပြီးတော့ ဒီဇာတ်လမ်းတွဲကလည်း သူမရဲ့ ပထမဆုံးကလေးလေး ၂၀၁၆ မှာမွေးပြီး ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်း ဇာတ်လမ်းရိုက်ကူးမှုမတွေ့ရပေမယ့် Kinddom Season (2) မှာသူမကိုခဏတွေ့ခဲ့ရပြီး Park Seo Joon နဲ့ Mount Jiri ဇာတ်လမ်းတွဲမှာ ပါဝင်လာမယ်ဆိုတဲ့ ကောလဟာလလည်းရှိနေပါတယ်။

၇ Kim Go Eun (The King: Eternal Monarch)

ပူပူနွေးနွေးထွက်ရှိထားတဲ့ The King ထဲက Kim Go Eun လေးကိုလည်းမချန်ခဲ့ပါဘူးနော်။ တခြားကမ္ဘာက မင်းကြီးဖြစ်တဲ့ Lee Gon နဲ့ ဒီကမ္ဘာကစုံထောက်မလေး Jung Tae Eul တို့ရဲ့ ရင်ဖိုစရာအချစ်ဇာတ်လမ်းလေးကိုရော ပရိတ်သတ်တို့ရောကြည့်ပြီးကြပြီလား?

Kim Go Eun ဟာ ၂၀၁၆ မှာအောင်မြင်ခဲ့တဲ့ Goblin ဇာတ်လမ်းတွဲမှာလည်း Gong Yoo နဲ့အတူသရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ မှာထွက်ရှိခဲ့တဲ့ Tune in for love ရုပ်ရှင်မှာလည်း Jung Hae In နဲ့အတူသရုပ်ဆောင်ခဲ့ပါတယ်။ ဘယ်မင်းသမီး ကိုအကြိုက်ဆုံးလည်းဆိုတာ ပရိတ်သတ်ကြီးလည်းပြောပြပေးခဲ့ပါဦး။

Source: Cosmopolitan Phillipines
Written: helra

Share