Running Man မှ Lee Kwang Soo နှင့် Ji Chang Wook တို့နှစ်ယောက်၏ အလွဲပေါင်းများစွာကြောင့် ပရိတ်သတ်များကို ရီမောခဲ့ရ

SBS ရုပ်သံလိုင်းမှ ဇွန်လ ၁၄ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော Running Man အပိုင်း (၅၀၇) တွင် Ji Chang Wook, Kim Yoo Jung , Han Sun Hwa, နှင့် Do Sang Woo တို့မှ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဇွန်လ ၁၉ရက်နေ့တွင် စတင်ထုတ်လွှင့်မည့် Ji Chang Wook နှင့် Kim Yoo Jung တို့၏ ဇာတ်လမ်းတွဲအသစ်ဖြစ်သော Backstreet Rookie ကို တနည်းတဖုံ Promote လုပ်သည့်အနေနှင့်လည်း လာရောက်ကစားခြင်း ဖြစ်ပါတယ်။

အဖွဲ့လိုက် အသင်းများခွဲပြီးချိန်မှာတော့ Lee Kwang Soo, Ji Chang Wook နှင့် Song Ji Hyo တို့က အသင်းတစ်သင်းထဲ ကျခဲ့ပါတယ်။ သူတို့ဟာ စတိုးဆိုင်တစ်ခုထဲတွင် အဖွဲ့လိုက် တလှည့်စီ Game ကစားခဲ့ကြပါတယ်။

Ji Chang Wook တို့အသင်း အလှည့်ရောက်လာချိန်မှာတော့ ပရိတ်သတ်များကို ပွဲကျစေခဲ့ပါတယ်။ Game ရဲ့သဘောအရ မျက်လုံးကို Blindfold ဖြင့်အုပ်ထားရပြီး စတိုးဆိုင်ထဲသို့ ပစ္စည်းလာယူသည့် အခြားအဖွဲ့ဝင်များကို ပလစတစ်တူဖြင့် လိုက်ဖမ်းရမှာပဲ ဖြစ်ပါတယ်။

ထိုသို့ကစားရာတွင်တော့ Ji Chang Wook နှင့် Lee Kwang Soo တို့ဟာ စတိုးဆိုင်အတွင်း ပတ်ပြေးပြီး ပလစတစ်တူဖြင့် ဟိုရမ်းဒီရမ်း ဖြစ်နေကြပါတယ်။ အခြားအဖွဲ့ဝင် တစ်ဦးတစ်ယောက်ကိုမှ မမိသည့်အပြင် ဆိုင်ထဲရှိပစ္စည်တင်ထားသည့်စင်များကို ရိုက်မိခဲ့ပါတယ်။

ထိုအခါမှ Song Ji Hyo မှ “ဆိုင်ကို မဖျက်စီးကြနဲ့”လို့ သတိပေးခြင်းကို ခံလိုက်ရပါတယ်။ နှစ်ယောက်သား Yang Se Chan ၏ ခြေသံကြား၍ လိုက်ဖမ်းရာတွင်တော့ နောက်ဆုံးသူတို့နှစ်ဦးအချင်းချင်းပင် ပြန်ရိုက်မိကြပါတယ်။

နှစ်ယောက်စလုံး၏ အလွဲများကြောင့် ယခုအပတ် Running Man ကိုကြည့်ရှုသည့် ပရိတ်သတ်များကို ရယ်မောစေခဲ့ပါတယ်။ ပရိတ်သတ်ကြီးရော Running Man အပိုင်း (၅၀၇)ကို ကြည့်ပြီးသွားပြီလား။ မကြည့်ရသေးရင်တော့ ကြည့်လိုက်ကြပါဦးနော်။

Source: Soompi
Written:Phoo Phoo

Share